Samsung က ဒီလ ၁၁ ရက်နေ့မှာ Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး Galaxy Z Fold3 5G ကို ကြေညာနိုင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ၁ ရက်အလိုမှာ Snoopy အမည်ရ Leaker က Samsung Galaxy Z Fold3 ကို ကြိုတင်မှာယူသူတွေအတွက် Note Pack လက်ဆောင်ပေးမယ်လို့ သတင်းပေးလာပါတယ်။ Note Pack မှာ S Pen Flip Cover , S Pen နဲ့ 25W Charger ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Z Fold3 5G ဘူးထဲမှာ Charger ပါလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Z Fold3 ဟာ S Pen ပါတဲ့ ပထမဆုံး Galaxy Foldable ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေအရ အထူးထုတ် S Pen ဖြစ်ပြီး မျက်နှာပြင်ကို မထိခိုက်အောင် ထိပ်ဖူးကို အတွင်းဘက်သို့ သိမ်းထားနိုင်တယ်လို့ သိရပါတယ်။ Galaxy Fold နဲ့ Fold2 ရဲ့ မျက်နှာပြင်တွေဟာ ကြံ့ခိုင်မှု အပိုင်းမှာ အားနည်းပေမယ့် Fold3 မှာတော့ ပိုမိုကြံ့ခိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။

How to reserve your Galaxy Z Fold 3 and save with trade-in

ပြီးခဲ့တဲ့ ၁ ပတ်က Fold3 ရဲ့ Specs အများစု ပေါက်ကြားထွက်လာခဲ့ပြီး Dual 120Hz မျက်နှာပြင်တွေ ပါလာမယ်လို့ သိရပါတယ်။ အဲဒါတွေဟာ အတွင်းဘက်နဲ့ Cover မျက်နှာပြင်တွေ ဖြစ်ပြီး အတွင်းဘက်မျက်နှာပြင်အောက်မှာ ကင်မရာ မြှပ်နှံထားတဲ့ Samsung ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အဲဒါဟာ 4MP Sensor ဖြစ်ပြီး မျက်နှာပြင်ကို ဖောက်ထွင်းမြင်ရဖို့ အရွယ်ကြီး Pixels တပ်ဆင်ထားမှာပါ။

Z Fold3 5G ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဥရောပမှာ ယူရို ၁,၉၀၀ နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃၆ သိန်းလောက် ကျသင့်နိုင်ပါတယ်။ ဒီလနှောင်းပိုင်းမှာ စတိုးတွေကနေ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ မနက်ဖြန်မှာတော့ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။

Ref : gsmarena