Samsung ရဲ့ လာမဲ့ Foldable သစ်ဖြစ်တဲ့ Galaxy Z Fold3 အကြောင်း သတင်းတွေကတော့ အတော်လေးကို စုံစုံလင်လင် ထွက်ပေါ်ပြီးသားလို့ဆိုနိုင်ပါတယ်။ Galaxy Z Fold3 ဟာ ပိုပြီးတော့ပါးလွှာ၊ ပိုပြီးတော့ ပေါ့ပါးတဲ့ဒီဇိုင်းအပြင် ပိုပြီးတော့မြန်ဆန်တဲ့ Processor ကိုလည်း အသုံးပြုထားမှာ ဖြစ်ပါတယ်။

အားလုံးမျှော်လင့်နေကြတဲ့ S Pen ကိုလည်း Galaxy Z Fold3 ရဲ့ မျက်နှာပြင်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တိုးတက်လာဖို့မျှော်လင့်ထားကြတာက ကင်မရာပိုင်းစွမ်းဆောင်ရည်ပါပဲ။ ဒါပေမဲ့ Samsung ဟာ Galaxy Z Fold3 အတွက် ကင်မရာပိုင်းမှာတော့ သိသာထင်ရှားတဲ့တိုးတက်မှုကို မသယ်ဆောင်လာဘူးလို့ ဆိုနိုင်ပါတယ်။

ကောလာဟလတွေအရ Galaxy Z Fold3 ရဲ့ ကင်မရာတည်ဆောက်ပုံဟာ သူ့ရှေ့ကမျိုးဆက်တွေနဲ့ သိပ်မကွာဘူးဆိုတာပါပဲ။ သတင်းယိုစိမ့်မှုအရ Galaxy Z Fold3 ရဲ့ ကျောဘက်မှာ 12MP ကင်မရာသုံးလုံးတပ်ဆင်ထားမှာဖြစ်ပေမဲ့ Fold2 နဲ့တော့ ကွဲပြားခြားနားမှုတွေ ရှိလာမယ်လို့ သိရပါတယ်။

tipster @FrontTron ရဲ့ဖော်ပြချက်အရ ကျောဘက်က 12MP ကင်မရာသုံးလုံးမှာ အဓိကကင်မရာက Sony IMX555 (1/1.76-inch) sensor with dual-PDAF (phase-detection autofocus) ဖြစ်ပါတယ်။ 12MP telephoto ကတော့ Samsung ရဲ့ ISOCELL 3M5 (1/3.6-inch) ကို 2x zoom lens နဲ့ PDAF လို့ ဆိုပါတယ်။ Ultrawide ကင်မရာက ISOCELL 3L6 (1/3.2-inch) sensor နဲ့ PDAF လို့ သိရပါတယ်။

Ultrawide ကင်မရာရဲ့ Autofocus ကြောင့် ပုံရိပ်တွေဖမ်းယူရာမှာ ပိုပြီးရှင်းလင်းပြတ်သားတဲ့ အရည်အသွေးကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် Macro ကင်မရာကိုလည်း နှစ်ဆတိုးမြင့်ထောက်ကူပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Galaxy S21 Ultra ရဲ့ Ultrawide နဲ့ဆင်တူပေမဲ့ Galaxy Z Fold3 ကတော့ ပိုပြီးသေးငယ်တဲ့ Sensor ကို အသုံးပြုထားတာပါ။ Autofocus ကြောင့် ဓါတ်ပုံနဲ့ဗီဒီယိုအရည်သွေး တိုးတက်လာဖွယ်ရှိတာတော့ အမှန်ပါပဲ။

မျက်နှာပြင် Selfie ကင်မရာကတော့ 10MP (Sovy IMX374 1/3.2-inch) ဖြစ်ပြီး၊ Panel အောက်မှာတပ်ဆင်ထားတဲ့ အတွင်းပိုင်း Selfie ကင်မရာကတော့ 16MP Sony IMX471 1/3.09-inch, 1.0µm pixels ဖြစ်ပါလိမ့်မယ်။ Front-facing ကင်မရာတွေမှာ Autofocus မပါဝင်ပေမဲ့ Z Fold3 ကကင်မရာတွေအားလုံးဟာ 4K 60fps ဗီဒီယိုကို ရိုက်ကူးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena