Samsung ဟာ လက်ရှိအချိန်မှာ Foldable ဖုန်းတွေကို အများအပြားထုတ်လုပ်နေပြီး အခုဆိုရင် နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Z Fold3 5G ဖုန်းဟာ Galaxy Note Series ဖုန်းတွေလိုမျိုးပဲ S Pen ကိုပါ Support ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung Galaxy Z Fold3 5G ရဲ့ အားနည်းချက်တစ်ခုကတော့ S Pen Support ပြုလုပ်ပေမယ့်လည်း S Pen ကို ထည့်သွင်းနိုင်ဖို့ Slot ပါဝင်ခြင်းတော့ မရှိပါဘူး။ အခုနောက်ဆုံးထွက်ရှိလာတဲ့ သတင်းအရ လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် Galaxy Z Fold4 ဖုန်းဟာလည်း အလားတူ S Pen အတွက် Slot ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါက အရမ်းထူးခြားတာမျိူး‌ေတာ့ မဟုတ်ပေမယ့်လည်း လာမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy S22 Ultra ဖုန်းမှာတော့ S Pen အတွက် Slot ပါဝင်မှာဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S21 Ultra ဖုန်းမှာ S Pen ကို Support ပြုလုပ်ပေမယ့် S Pen ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် ယခင်တုန်းက Galaxy Note Series ဖုန်းတွေလိုမျိုး S Pen ကို ဖုန်းမှာပဲ ပါဝင်တာကို လိုချင်တယ်ဆိုရင်တော့ Galaxy S22 Ultra ဖုန်းကပဲ အဆင်ပြေမှာဖြစ်ပါတယ်။ Galaxy Z Fold4 ဖုန်းကို ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ S Pen အတွက် သီးသန့် Cover ဝယ်ယူရဖွယ်ရှိနေပါတယ်။

Samsung ဟာ Galaxy Z Fold4 ရဲ့ Design ကိုလည်း ပြောင်းလဲသွားဖို့ရှိနေပြီးတော့ လာမယ့် ၂၀၂၂ ခုနှစ် မတ်လအတွင်းမှပဲ အတည်တကျပြောင်းလဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena