[Zawgyi]




Press Release

[Unicode]

Samsung ၏ နောက်ဆုံးထွက်ရှိသည့် Galaxy S10 ဖုန်းများအား ကြိုတင်မှာယူမှု အရေအတွက် မြန်မာနိုင်ငံတွင် ရောင်းအားစံချိန်တင်

မတ်လ ၁၆ ရက်နေ့၊ ၂၀၁၉ သည် Samsung Myanmar နှင့် Samsung ချစ်သူများအတွက် အမှတ်တရနေ့ တစ်နေ့ဖြစ်ခဲ့သည်။ Samsung ၏ နောက်ဆုံးပေါ်နည်းပညာမြင့် Galaxy S10 စမတ်ဖုန်းသစ်ကြိုတင်မှာယူထားသော Samsung ချစ်သူ သုံးစွဲသူများသည် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ နီးစပ်ရာ Samsung အရောင်းဆိုင်တို့တွင် မှာယူထားသည့် ဖုန်းများကို လာရောက်ထုတ်ယူခဲ့ပြီး ယခင်နှစ် Galaxy S9 ကြိုတင်မှာယူမှုကိုကျော်လွန်ကာ ရောင်းအား စံချိန်တင်နိုင်ခဲ့သည်။

Samsung Myanmar ၏ Brand Ambassadors များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး နှင့် ပန်းရောင်ခြယ်တို့ မှ ရန်ကုန်မြို့တွင်လည်းကောင်း၊ အေးဝတ်ရည်သောင်းမှ မန္တလေးမြို့တွင်လည်းကောင်း ဖုန်းလာရောက်ထုတ်ယူသည့် Samsung ချစ်သူ သုံးစွဲသူများအား အမှတ်တရလက်မှတ်ရေးထိုးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ပျော်ရွှင်စွာရိုက်ကူးခဲ့ကြသည်။ Samsung Myanmar မှလည်း ကြိုတင်ကြေညာထားသည့်အတိုင်း pre-order မှာယူထားသူ Samsung ချစ်သူများအားလုံးကို ငွေကျပ် ၂၀၀,၀၀၀ တန်ဖိုးရှိ Galaxy Buds နားကြပ်အသစ်တစ်စုံအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။

ကြိုတင်မှာယူမှုများအနက် Galaxy S10+ မှာယူမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး အစိမ်းရောင် နှင့် အဖြူရောင် သည် လူကြိုက်အများဆုံးအရောင်ဖြစ်ကြောင်း Samsung Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။

Press Release