[Zawgyi]

ဒီေန႔ေခတ္ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြဟာ စမတ္နာရီေတြကိုပါ တြဲဖက္ထုတ္လုပ္ေရာင္းခ်ေနၾကတာ အားလုံးအသိပဲ ျဖစ္ပါတယ္။ အေမရိကန္အေျခစိုက္ Apple ရဲ႕စမတ္နာရီေတြဟာ ကမာၻတစ္ဝန္းက သုံးစြဲသူေတြၾကားမွာ ႀကိဳက္ႏွစ္သက္ျခင္းေတြရၿပီး စမတ္နာရီယဥ္ေက်းမႈကိုလည္း ပိုမို ဖြံ႕ၿဖိဳးလာေစခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ထဲမွာလည္း စမတ္နာရီေဈးကြက္ဟာ ေမွ်ာ္မွန္းထားတာထက္ ပိုၿပီးသြက္လက္စြာနဲ႔ က်ယ္ျပန႔္လာပါတယ္။ Strategy Analytics နဲ႔ အခ်က္အလက္ေတြအရ Apple က ေဈးကြက္ကို ျပတ္ျပတ္သားသား ဦးေဆာင္ထားတာကို ေတြ႕ရပါတယ္။ ဒုတိယေနရာမွာ ရွိေနတာကေတာ့ ေတာင္ကိုရီးယားအေျခစိုက္ Samsung ပဲ ျဖစ္ပါတယ္။

Samsung ရဲ႕ ေဈးကြက္ေဝစုဟာ Apple ကိုလိုက္မီဖို႔ ေဝးကြာေနေသးတယ္ဆိုေပမယ့္ အခ်က္အလက္ေတြအရ ၂၀၁၉ ရဲ႕ တတိယသုံးလပတ္ကာလအတြင္းမွာ တိုးတက္မႈေတြေတာ့ ရရွိခဲ့ပါတယ္။ ေတာင္ကိုရီးယားကုမၸဏီဟာ ဒီကာလအတြင္းမွာ စမတ္နာရီအလုံးေရ ၁.၉ သန္းပဲ တင္ပို႔ေရာင္းခ်ခဲ့ရတာဆိုေပမယ့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္မႈႏႈန္းဟာ ၇၃ ရာခိုင္ႏႈန္းအထိ ျဖစ္ခဲ့ရပါတယ္။

ေဈးကြက္ေဝစုဟာ ၿပီးခဲ့တဲ့ ၂၀၁၈ တတိယသုံးလပတ္ကာလတုန္းက ၁၁.၀ ရာခိုင္ႏႈန္းျဖစ္ခဲ့ေပမယ့္ ၂၀၁၉ ရဲ႕ တတိယသုံးလပတ္မွာေတာ့ ၁၃.၄ ရာခိုင္ႏႈန္း ျဖစ္ခဲ့ပါတယ္။ Samsung ရဲ႕ စမတ္နာရီေရာင္းခ်မႈ တိုးတက္လာျခင္းမွာ Galaxy Watch Active 2 ကလည္း အေရးပါတဲ့ အခန္းက႑ကေန ေထာက္ပံ့ေပးခဲ့တာ ျဖစ္ပါတယ္။

Fitbit ရဲ႕ ရပ္တည္မႈကလည္း စိတ္ဝင္စားစရာပါ။ Google က ဝယ္ယူျခင္းမျပဳရေသးတဲ့ အခ်ိန္မွာ Fitbit ရဲ႕ ၂၀၁၉ တတိယသုံးလပတ္ တင္ပို႔ေရာင္းခ်မႈဟာ အလုံးေရ ၁.၆ သန္းအထိ ျဖစ္ခဲ့ပါတယ္။ ဒါဟာ စမတ္နာရီေဈးကြက္ရဲ႕ ၁၁ ရာခိုင္ႏႈန္းကို ဆုပ္ကိုင္ထားႏိုင္တယ္ဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ ေဒၚလာ ၂.၁ ဘီလီယံနဲ႔ Fitbit ကို ဝယ္ယူလိုက္တဲ့ Google အေနနဲ႔ ဘယ္လိုအက်ိဳးရလဒ္ေတြ ျဖစ္ေပၚလာမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

၂၀၁၉ တတိယသုံးလပတ်အတွင်း စမတ်နာရီဈေးကွက်မှာ ၇၃ ရာခိုင်နှုန်းအထိ တိုးတက်လာတဲ့ Samsung

ဒီနေ့ခေတ် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ စမတ်နာရီတွေကိုပါ တွဲဖက်ထုတ်လုပ်ရောင်းချနေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Apple ရဲ့စမတ်နာရီတွေဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေကြားမှာ ကြိုက်နှစ်သက်ခြင်းတွေရပြီး စမတ်နာရီယဉ်ကျေးမှုကိုလည်း ပိုမို ဖွံ့ဖြိုးလာစေခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာလည်း စမတ်နာရီဈေးကွက်ဟာ မျှော်မှန်းထားတာထက် ပိုပြီးသွက်လက်စွာနဲ့ ကျယ်ပြန့်လာပါတယ်။ Strategy Analytics နဲ့ အချက်အလက်တွေအရ Apple က ဈေးကွက်ကို ပြတ်ပြတ်သားသား ဦးဆောင်ထားတာကို တွေ့ရပါတယ်။ ဒုတိယနေရာမှာ ရှိနေတာကတော့ တောင်ကိုရီးယားအခြေစိုက် Samsung ပဲ ဖြစ်ပါတယ်။

Samsung ရဲ့ ဈေးကွက်ဝေစုဟာ Apple ကိုလိုက်မီဖို့ ဝေးကွာနေသေးတယ်ဆိုပေမယ့် အချက်အလက်တွေအရ ၂၀၁၉ ရဲ့ တတိယသုံးလပတ်ကာလအတွင်းမှာ တိုးတက်မှုတွေတော့ ရရှိခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ ဒီကာလအတွင်းမှာ စမတ်နာရီအလုံးရေ ၁.၉ သန်းပဲ တင်ပို့ရောင်းချခဲ့ရတာဆိုပေမယ့် တစ်နှစ်ပြီးတစ်နှစ် တိုးတက်မှုနှုန်းဟာ ၇၃ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ရပါတယ်။

ဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့ ၂၀၁၈ တတိယသုံးလပတ်ကာလတုန်းက ၁၁.၀ ရာခိုင်နှုန်းဖြစ်ခဲ့ပေမယ့် ၂၀၁၉ ရဲ့ တတိယသုံးလပတ်မှာတော့ ၁၃.၄ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ Samsung ရဲ့ စမတ်နာရီရောင်းချမှု တိုးတက်လာခြင်းမှာ Galaxy Watch Active 2 ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

Fitbit ရဲ့ ရပ်တည်မှုကလည်း စိတ်ဝင်စားစရာပါ။ Google က ဝယ်ယူခြင်းမပြုရသေးတဲ့ အချိန်မှာ Fitbit ရဲ့ ၂၀၁၉ တတိယသုံးလပတ် တင်ပို့ရောင်းချမှုဟာ အလုံးရေ ၁.၆ သန်းအထိ ဖြစ်ခဲ့ပါတယ်။ ဒါဟာ စမတ်နာရီဈေးကွက်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၂.၁ ဘီလီယံနဲ့ Fitbit ကို ဝယ်ယူလိုက်တဲ့ Google အနေနဲ့ ဘယ်လိုအကျိုးရလဒ်တွေ ဖြစ်ပေါ်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: 9To5Mac