[Zawgyi]

Samsung ဟာ CES 2019 မွာ မၾကာခင္ထြက္ေပၚလာမယ့္ Foldable Smartphone အျပင္ 5G prototype ကိုလည္း ျပသခဲ့တယ္လို႔ သတင္းရရွိပါတယ္။ ကိုရီးယား ကုမၸဏီႀကီးအတြက္ ဒီလိုပြဲမ်ိဳးမွာ နည္းပညာသစ္နဲ႔ ထုတ္ကုန္သစ္ေတြကို ထုတ္ေဖာ္ျပသေလ့ရွိတာ အစဥ္အလာလို ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ဒီတစ္ႀကိမ္ကေတာ့ အမ်ားေမွ်ာ္လင့္ထားသေလာက္ မဟုတ္ဘူးလို႔ပဲ ဆိုရမွာပါ။

ဒီပြဲမွာ Samsung က Foldable Smartphone ကို ပိတ္ထားတဲ့တံခါးရဲ႕ေနာက္မွာပဲ ျပသခဲ့ပါတယ္။ 5G prototype ကိုေတာ့ ေပၚေပၚထင္ထင္ ျပသခဲ့တာပါ။ ဒါေပမယ့္ မွန္ပုံးထဲမွာထည့္ထားၿပီး ဒီတိုင္း ျပသခဲ့တဲ့ Samsung ရဲ႕ 5G prototype ကို လူအေတာ္မ်ားမ်ားက သတိမထားမိၾကဘူးလို႔ Business Insider က ေရးသားေဖာ္ျပခဲ့ပါတယ္။

Samsung ရဲ႕ 5G prototype ဟာ ဖုန္းတစ္လုံးအျဖစ္ အသုံးျပဳႏိုင္တဲ့ ပုံစံအျပည့္အစုံနဲ႔ ျဖစ္ပါတယ္။ အလုပ္လုပ္ေနတဲ့ မ်က္ႏွာျပင္၊ အသံအတိုးအခ်ဲ႕ခလုတ္၊ အဖြင့္အပိတ္ခလုတ္၊ Bixby ခလုတ္စတာေတြ ပါဝင္ေနတာ ျမင္ေတြ႕ရပါတယ္။ အျပင္ကာဗာခြံေတာင္ ပါဝင္ေနပါေသးတယ္။ 5G prototype ဖုန္းရဲ႕ ထိပ္ပိုင္းညာဘက္မွာ Notch ပါဝင္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဒီ Notch ကို ရွင္းလင္းျပတ္သားစြာ ျမင္ႏိုင္တဲ့ ဓာတ္ပုံကိုေတာ့ မရရွိခဲ့ပါဘူး။

Samsung အေနနဲ႔ သူ႔ရဲ႕ 5G စမတ္ဖုန္းမွာ Qualcomm Snapdragon 855 ကို အသုံးျပဳမယ္ဆိုတဲ့သတင္းကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ကတည္းက ထြက္ေပၚၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ မီဒီယာေတြ သိခ်င္ေနၾကတဲ့ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္စမ္းသပ္မႈကိုေတာ့ ေစာင့္ဆိုင္းရဦးဖြယ္ ရွိေနပါတယ္။ Samsung ဟာ 5G စမတ္ဖုန္းအတြက္ Verizon ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာ ေဈးကြက္ထဲကို ပို႔ေဆာင္ႏိုင္မယ္လို႔ေတာ့ သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။

Ref: GSMArena

[Unicode]

CES 2019 မှာ 5G Phone ရှေ့ပြေးပုံစံကို ပြသခဲ့တဲ့ Samsung

Samsung ဟာ CES 2019 မှာ မကြာခင်ထွက်ပေါ်လာမယ့် Foldable Smartphone အပြင် 5G prototype ကိုလည်း ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကိုရီးယား ကုမ္ပဏီကြီးအတွက် ဒီလိုပွဲမျိုးမှာ နည်းပညာသစ်နဲ့ ထုတ်ကုန်သစ်တွေကို ထုတ်ဖော်ပြသလေ့ရှိတာ အစဉ်အလာလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ အများမျှော်လင့်ထားသလောက် မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။

ဒီပွဲမှာ Samsung က Foldable Smartphone ကို ပိတ်ထားတဲ့တံခါးရဲ့နောက်မှာပဲ ပြသခဲ့ပါတယ်။ 5G prototype ကိုတော့ ပေါ်ပေါ်ထင်ထင် ပြသခဲ့တာပါ။ ဒါပေမယ့် မှန်ပုံးထဲမှာထည့်ထားပြီး ဒီတိုင်း ပြသခဲ့တဲ့ Samsung ရဲ့ 5G prototype ကို လူအတော်များများက သတိမထားမိကြဘူးလို့ Business Insider က ရေးသားဖော်ပြခဲ့ပါတယ်။

Samsung ရဲ့ 5G prototype ဟာ ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်တဲ့ ပုံစံအပြည့်အစုံနဲ့ ဖြစ်ပါတယ်။ အလုပ်လုပ်နေတဲ့ မျက်နှာပြင်၊ အသံအတိုးအချဲ့ခလုတ်၊ အဖွင့်အပိတ်ခလုတ်၊ Bixby ခလုတ်စတာတွေ ပါဝင်နေတာ မြင်တွေ့ရပါတယ်။ အပြင်ကာဗာခွံတောင် ပါဝင်နေပါသေးတယ်။ 5G prototype ဖုန်းရဲ့ ထိပ်ပိုင်းညာဘက်မှာ Notch ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီ Notch ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ ဓာတ်ပုံကိုတော့ မရရှိခဲ့ပါဘူး။

Samsung အနေနဲ့ သူ့ရဲ့ 5G စမတ်ဖုန်းမှာ Qualcomm Snapdragon 855 ကို အသုံးပြုမယ်ဆိုတဲ့သတင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက ထွက်ပေါ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာတွေ သိချင်နေကြတဲ့ 5G ကွန်ရက်နဲ့ ချိတ်ဆက်စမ်းသပ်မှုကိုတော့ စောင့်ဆိုင်းရဦးဖွယ် ရှိနေပါတယ်။ Samsung ဟာ 5G စမတ်ဖုန်းအတွက် Verizon ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ ဈေးကွက်ထဲကို ပို့ဆောင်နိုင်မယ်လို့တော့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

Ref: GSMArena