[Unicode]

Samsung Galaxy Fold ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး မျက်နှာပြင် ပြဿနာတွေကြောင့် ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ခဲ့ရပါတယ်။ စက်တင်ဘာလမှာ စတင် ရောင်းချနိုင်ခဲ့ပြီး အခုတော့ အလုံးရေ ၁ သန်းကျော်ရောင်းချပြီးပါပြီ။ ဒီပမာဏဟာ တော်တော်များတယ်လို့ မပြောနိုင်ပေမယ့် ဒီလို ဈေးကြီးတဲ့ ဖုန်းကို ဒီလောက် ရောင်းချထားတာက ရောင်းအားလန်းတယ်လို့ ပြောနိုင်ပါတယ်။ နည်းပညာ အသစ်ပါတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပြီး လူအများစု မကိုင်နိုင်ပါဘူး။

Samsung ရဲ့ Foldable ဖုန်းဟာ အလားအလာကောင်းနေတဲ့အတွက် တခြား ကုမ္ပဏီတွေရဲ့ Foldable ဖုန်းတွေ အနာဂတ်မှာ အပြိုင်အဆိုင် ထွက်လာကြတော့မှာပါ။ Samsung က Galaxy Fold ရောင်းအားကနေ ဒေါ်လာ ၂ ဘီလီယမ်လောက်ရထားပြီးပါပြီ။ ဒါတောင် ရောင်းထားတာ ၃ လလောက်ပဲရှိပါသေးတယ်။ Samsung က လာမယ့်နှစ်မှာ Foldable ဖုန်း ၆ သန်းလောက် ရောင်းချဖို့ မျှော်လင့်ထားပါတယ်။

Galaxy Fold မှာ AMOLED Display ၂ ခု ပါပါတယ်။ ၇.၃ လက်မ Foldable Display နဲ့ ၄.၆ လက်မ Cover Display တွေ ပါပါတယ်။ Snapdragon 855 SoC , 12GB RAM နဲ့ 512GB Storage တွေ ထည့်ထားပါတယ်။ Cosmos Black အရောင် ထုတ်လုပ်ပေးထားပြီး 4,380mAh Battery နဲ့ ကင်မရာ ၆ လုံးတောင် ပါပါတယ်။

Galaxy Fold ဟာ သိန်း ၃၀ လောက်တန်ကြေးရှိနိုင်တဲ့အတွက် တော်ရုံလူ မကိုင်နိုင်ပါဘူး။ ဒါပေမယ့် Samsung က ဘောစိမဟုတ်တဲ့ လူတွေပါ ကိုင်နိုင်မယ့် Galaxy Fold မော်ဒယ် ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy Fold အလံုးေရ ၁ သန္း ေရာင္းခ်ၿပီးၿပီ

Samsung Galaxy Fold ကို ေဖေဖာ္၀ါရီလမွာ ေၾကညာခဲ့ၿပီး မ်က္ႏွာျပင္ ျပႆနာေတြေၾကာင့္ ေရာင္းခ်မယ့္ အခ်ိန္ကို ေနာက္ဆုတ္ခဲ့ရပါတယ္။ စက္တင္ဘာလမွာ စတင္ ေရာင္းခ်ႏုိင္ခဲ့ၿပီး အခုေတာ့ အလံုးေရ ၁ သန္းေက်ာ္ေရာင္းခ်ၿပီးပါၿပီ။ ဒီပမာဏဟာ ေတာ္ေတာ္မ်ားတယ္လို႔ မေျပာႏုိင္ေပမယ့္ ဒီလို ေစ်းႀကီးတဲ့ ဖုန္းကို ဒီေလာက္ ေရာင္းခ်ထားတာက ေရာင္းအားလန္းတယ္လို႔ ေျပာႏုိင္ပါတယ္။ နည္းပညာ အသစ္ပါတဲ့ ပထမဆံုး ဖုန္းလည္း ျဖစ္ၿပီး လူအမ်ားစု မကိုင္ႏုိင္ပါဘူး။

Samsung ရဲ႕ Foldable ဖုန္းဟာ အလားအလာေကာင္းေနတဲ့အတြက္ တျခား ကုမၸဏီေတြရဲ႕ Foldable ဖုန္းေတြ အနာဂတ္မွာ အၿပိဳင္အဆိုင္ ထြက္လာၾကေတာ့မွာပါ။ Samsung က Galaxy Fold ေရာင္းအားကေန ေဒၚလာ ၂ ဘီလီယမ္ေလာက္ရထားၿပီးပါၿပီ။ ဒါေတာင္ ေရာင္းထားတာ ၃ လေလာက္ပဲရွိပါေသးတယ္။ Samsung က လာမယ့္ႏွစ္မွာ Foldable ဖုန္း ၆ သန္းေလာက္ ေရာင္းခ်ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

Galaxy Fold မွာ AMOLED Display ၂ ခု ပါပါတယ္။ ၇.၃ လက္မ Foldable Display နဲ႔ ၄.၆ လက္မ Cover Display ေတြ ပါပါတယ္။ Snapdragon 855 SoC , 12GB RAM နဲ႔ 512GB Storage ေတြ ထည့္ထားပါတယ္။ Cosmos Black အေရာင္ ထုတ္လုပ္ေပးထားၿပီး 4,380mAh Battery နဲ႔ ကင္မရာ ၆ လံုးေတာင္ ပါပါတယ္။

Galaxy Fold ဟာ သိန္း ၃၀ ေလာက္တန္ေၾကးရွိႏုိင္တဲ့အတြက္ ေတာ္ရံုလူ မကိုင္ႏိုင္ပါဘူး။ ဒါေပမယ့္ Samsung က ေဘာစိမဟုတ္တဲ့ လူေတြပါ ကိုင္ႏုိင္မယ့္ Galaxy Fold ေမာ္ဒယ္ ၁ လံုးကို ဖန္တီးေနတဲ့ သတင္းေတြထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္မွာ RAM ကို ေလွ်ာ့ခ်ျခင္းလို ေစ်းသက္သာေစမယ့္ အစိတ္အပိုင္းေတြကို ထည့္သြင္းထားႏုိင္ပါတယ္။

Ref : gsmarena