[Zawgyi]

Samsung လို႔ေျပာလိုက္တာနဲ႔ Galaxy လို႔ တြဲၿပီးျမင္ေလာက္ေအာင္ Samsung ရဲ႕ Galaxy စီးရီးေတြဟာ ကမာၻတစ္ဝန္းလုံးက စမတ္ဖုန္းသုံးစြဲသူေတြၾကားမွာ ေအာင္ျမင္မႈရခဲ့တာပါ။ ဒါေၾကာင့္လည္း ကုမၸဏီဟာ သူတို႔ရဲ႕ Galaxy ေတြအတြက္ ႀကီးမားတဲ့ ဂုဏ္ျပဳမႈကို ျပဳလုပ္ခဲ့တာပါ။

လက္ရွိအခ်ိန္မွာ လူေတြအားလုံး အာ႐ုံစိုက္ေနတာက Galaxy S10, S10+, S10e နဲ႔ S10 5G စတာေတြအျပင္ Galaxy Fold စတာေတြ ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ လက္ရွိေနာက္ဆုံးေပၚ Galaxy ေတြထြက္ေပၚလာလို႔ ဟိုးေရွးေရွးတုန္းက Galaxy ေတြကို အသိအမွတ္မျပဳဘဲ ေနလို႔မရပါဘူး။

၂၀၁၀ ျပည့္ႏွစ္ကစၿပီး ၉ ႏွစ္တာကာလအတြင္းမွာ Galaxy ဖုန္းေပါင္း ၂ ဘီလီယံေက်ာ္ ေရာင္းခ်ခဲ့ရၿပီးၿပီလို႔ ကိုရီးယား ကုမၸဏီႀကီးက ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ေၾကညာခဲ့ပါတယ္။ Samsung Galaxy ဖုန္းေတြထဲမွာ ပထမဆုံးလို႔ေျပာရမယ့္ Samsung I7500 Galaxy ကေတာ့ ၂၀၀၉ ခုႏွစ္ ဇြန္လမွာ စတင္ၿပီး ျဖန႔္ခ်ိခဲ့တာပါ။ (ကုမၸဏီက ဒီခုႏွစ္ကို ဘာေၾကာင့္ ထည့္မတြက္ခဲ့လဲေတာ့ မသိပါဘူး)

ဒါေပမယ့္ Samsung ရဲ႕ ပထမဆုံး Galaxy Flagships လို႔ေျပာရမယ့္ Samsung I9000 Galaxy S ကိုေတာ့ ၂၀၁၀ ျပည့္ႏွစ္ ဇြန္လမွာ စတင္ျဖန႔္ခ်ိခဲ့ပါတယ္။ ၄ လက္မ မ်က္ႏွာျပင္၊ 512MB RAM, Hummingbird (1.0 GHz Cortex-A8) Chipsets နဲ႔ ဒီဖုန္းေလးက Samsung Galaxy ေတြအတြက္ တကယ့္ကို အမွတ္ရစရာပါပဲ။

Ref: GSMArena

[Unicode]

၉ နှစ်အတွင်း Galaxy ဖုန်း အလုံးရေ ၂ ဘီလီယံကျော် ရောင်းချနိုင်ခဲ့တဲ့ Samsung

Samsung လို့ပြောလိုက်တာနဲ့ Galaxy လို့ တွဲပြီးမြင်လောက်အောင် Samsung ရဲ့ Galaxy စီးရီးတွေဟာ ကမ္ဘာတစ်ဝန်းလုံးက စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ အောင်မြင်မှုရခဲ့တာပါ။ ဒါကြောင့်လည်း ကုမ္ပဏီဟာ သူတို့ရဲ့ Galaxy တွေအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုကို ပြုလုပ်ခဲ့တာပါ။

လက်ရှိအချိန်မှာ လူတွေအားလုံး အာရုံစိုက်နေတာက Galaxy S10, S10+, S10e နဲ့ S10 5G စတာတွေအပြင် Galaxy Fold စတာတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိနောက်ဆုံးပေါ် Galaxy တွေထွက်ပေါ်လာလို့ ဟိုးရှေးရှေးတုန်းက Galaxy တွေကို အသိအမှတ်မပြုဘဲ နေလို့မရပါဘူး။

၂၀၁၀ ပြည့်နှစ်ကစပြီး ၉ နှစ်တာကာလအတွင်းမှာ Galaxy ဖုန်းပေါင်း ၂ ဘီလီယံကျော် ရောင်းချခဲ့ရပြီးပြီလို့ ကိုရီးယား ကုမ္ပဏီကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ကြေညာခဲ့ပါတယ်။ Samsung Galaxy ဖုန်းတွေထဲမှာ ပထမဆုံးလို့ပြောရမယ့် Samsung I7500 Galaxy ကတော့ ၂၀၀၉ ခုနှစ် ဇွန်လမှာ စတင်ပြီး ဖြန့်ချိခဲ့တာပါ။ (ကုမ္ပဏီက ဒီခုနှစ်ကို ဘာကြောင့် ထည့်မတွက်ခဲ့လဲတော့ မသိပါဘူး)

ဒါပေမယ့် Samsung ရဲ့ ပထမဆုံး Galaxy Flagships လို့ပြောရမယ့် Samsung I9000 Galaxy S ကိုတော့ ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ၄ လက်မ မျက်နှာပြင်၊ 512MB RAM, Hummingbird (1.0 GHz Cortex-A8) Chipsets နဲ့ ဒီဖုန်းလေးက Samsung Galaxy တွေအတွက် တကယ့်ကို အမှတ်ရစရာပါပဲ။

Ref: GSMArena