အခုနောက်ပိုင်းမှာ USB-C Charging ပိုင်းမှာ အပြောင်းအလဲတစ်ခုအနေနဲ့ Gallium Nitride (GaN) Charger တွေက ခေတ်စားလာပြီပဲဖြစ်ပါတယ်။ အဆိုပါ GaN Charger တွေဟာ လက်ရှိ Silicon Charger တွေလိုမျိုး အရွယ်အစားကြီးမားစရာမလိုအပ်သလို Power Output များများကိုလည်း Efficient ဖြစ်ဖြစ်နဲ့ ထုတ်ပေးနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Xiaomi ကနေ Mi 10 Series စမတ်ဖုန်းတွေနဲ့အတူ 65W GaN Charger ကိုပါ မိတ်ဆက်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် Xiaomi ရဲ့ GaN Charger ဟာ သီးသန့်ရောင်းချသွားမှာဖြစ်ပြီး realme ကလည်း မကြာသေးခင်ကမှ မိတ်ဆက်သွားတဲ့ realme X50 Pro 5G ဖုန်းမှာ 65W SuperDart Charging Feature အသစ်နဲ့အတူ 65W GaN Charger ကိုပါ တပါတည်းထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ Xiaomi နဲ့ realme တို့ကပဲ GaN Charger ကို ပြောင်းလဲအသုံးပြုလာမှာမဟုတ်တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံမှာရှိတဲ့ Publication တစ်ခုဖြစ်တဲ့ IT Home ရဲ့ ပြောကြားချက်အရ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေပါ GaN Charger ကို ပြောင်းလဲအသုံးပြုလာတော့မှာပါ။

ဒီလိုမျိုး GaN Charger ကို ပြောင်းလဲလာမယ့် စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Apple ၊ Huawei ၊ OPPO ၊ Samsung နဲ့ Xiaomi တို့ပါဝင်ပြီးတော့ အထူးခြားဆုံးကတော့ Apple ၊ Huawei နဲ့ Samsung တို့ပဲဖြစ်ပါတယ်။ IT Home ရဲ့ ပြောကြားချက်အရတော့ အမြင့်ဆုံး 65W အထိကို Support ပေးလာမယ်လို့သိရပါတယ်။

လောလောဆယ်မှာ Huawei ကတော့ Mate Xs Foldable ဖုန်းနဲ့အတူ 55W SuperCharge နည်းပညာကို မိတ်ဆက်ထားပြီး Samsung ကလည်း 45W Fast Charging စနစ်ကို Galaxy S20 Ultra ဖုန်းမှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။ Apple အနေနဲ့လည်း GaN Charger အသစ်ကို ထုတ်လုပ်ဖို့စီစဥ်နေတယ်ဆိုတဲ့သတင်းက ထွက်ရှိခဲ့ဖူးတဲ့အတွက် ဒီလိုမျိုး 65W Fast Charging စနစ်ကို GaN Charger တွေနဲ့အတူ Support ပေးလာမယ်ဆိုရင် Flagship ဖုန်းဝယ်ယူမယ့်သူတွေအတွက် လုံးဝသတင်းကောင်းတစ်ခုဖြစ်လာမှာပါ။

Ref – Android Central