Samsung Galaxy F41 ကို တရားဝင် ကြေညာဖို့ သိပ်မလိုတော့ပါဘူး။ နောက်လ ၈ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီးပါပြီ။ အခုတော့ Samsung India က အဲဒီ စမတ်ဖုန်းရဲ့ ပထမဆုံး Teaser ဗီဒီယို ၁ ခုကို ပြသလိုက်ပါတယ်။ F Series အသစ်အတွက် #FullOn Tagline ကို တွင်တွင် သုံးထားပြီး Galaxy F41 ရဲ့ ဒီဇိုင်းကိုလည်း ဗီဒီယိုမှာ ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။

ဗီဒီယိုရဲ့ Description မှာ အဲဒီ စမတ်ဖုန်း ရောင်းချမယ့် Samsung နဲ့ Flipkart ဝက်ဘ်စာမျက်နှာတွေရဲ့ Links တွေ ထည့်သွင်းပေးထားပါတယ်။ F41 ကို India က Noida စက်ရုံမှာပဲ ဒီဇိုင်းထုတ်ပြီး ထုတ်လုပ်ထားတာပါ။

Galaxy F41 ရဲ့ Specs တချို့ကိုပဲ လက်ရှိမှာ သိရပါသေးတယ်။ Super AMOLED မျက်နှာပြင်နဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ OLED မျက်နှာပြင် ဖြစ်ပေမယ့် လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မထားဘဲ ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ ဈေးနှုန်းသက်သာစေဖို့ ဒီလို ပြုလုပ်ပေးထားတာကတော့ ကောင်းတဲ့အချက် ၁ ခုပါ။

ဒါတွေကတော့ Samsung တရားဝင် အသိပေးထားတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ Google Play Console နဲ့ Geekbench တို့မှာတော့ တခြား Specs တချို့ကို ဖော်ပြထားပြီး Exynos 9611 Chipset , 6GB RAM , 1080p Screen Resolution , 64MP Main ကင်မရာနဲ့ စပီကာ ၂ လုံး ပါလာနိုင်ပါတယ်။ နောက်လ ၈ ရက်နေ့မှာ အွန်လိုင်းကနေ တစ်ကမ္ဘာလုံးကို ကြေညာတော့မှာပါ။

Ref : gsmarena