[Zawgyi]

ဇူလိုင္လဆန္းပိုင္းတုန္းက ဂ်ပန္ဟာ ကိုရီးယားကို တင္ပို႔တဲ့ ဓါတုပစၥည္းေတြကို ကန႔္သတ္ခဲ့ပါတယ္။ ဒီဓါတုပစၥည္းေတြဟာ ေတာင္ကိုရီးယားရဲ႕ စမတ္ဖုန္းမ်က္ႏွာျပင္ထုတ္လုပ္ျခင္းနဲ႔ semiconductor အစိတ္အပိုင္းေတြ ထုတ္လုပ္ရာမွာ အသုံးျပဳတာ ျဖစ္ပါတယ္။

ဒီလို ကန႔္သတ္ခ်က္ျပဳလုပ္လိုက္တာရဲ႕ေနာက္ဆက္တြဲကေတာ့ ကိုရီးယားရဲ႕ အဓိကနည္းပညာကုမၸဏီႀကီးႏွစ္ခုျဖစ္တဲ့ Samsung နဲ႔ LG တို႔ရဲ႕ OLED display panels ထုတ္လုပ္မႈကို အေႏွာင့္အယွက္ျဖစ္သြားေစပါတယ္။ ဒါေၾကာင့္ Apple ေတာင္ BOE ရဲ႕ OLED display ေတြကို သုံးလာရႏိုင္တယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။

အခုထပ္ၿပီးထြက္ေပၚလာတဲ့သတင္းမွာေတာ့ Samsung ဟာ Exynos 9825 chipset ထုတ္လုပ္ျခင္းကို ခန႔္မွန္းေျခအားျဖင့္ ၁၀% အထိ ေလွ်ာ့ခ်လိုက္တယ္ဆိုတာပါပဲ။ ဒီသတင္းကို ကိုရီးယားသံေတာ္ဆင့္က အခိုင္အမာ ေရးသားေဖာ္ျပခဲ့တာပါ။ ဒါေၾကာင့္ Galaxy Note10 ထုတ္လုပ္မႈဟာလည္း ေႏွးေကြးသြားလိမ့္မယ္လို႔ သိရပါတယ္။

Samsung ဘက္က တရားဝင္ေျပာခြင့္ရ အမည္မေဖာ္လိုသူတစ္ဦးကလည္း Chipset ထုတ္လုပ္မႈဟာ လာမယ့္လေတြမွာ အရွိန္ေလ်ာ့က်သြားမွာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ထုတ္လုပ္မႈနယ္ပယ္ကို စိစစ္ေလ့လာသူေတြကေတာ့ Samsung အေနနဲ႔ ဓါတုပစၥည္းရရွိမႈနည္းပါးတာေၾကာင့္ Galaxy Note10 ထုတ္လုပ္မႈကို အစီအစဥ္ျပန္ဆြဲရေတာ့မယ္လို႔ ဆိုၾကပါတယ္။

Samsung ရဲ႕ ဒုတိယဥကၠ႒ Lee Jae-yong ကလည္း လက္ရွိျဖစ္ပြားေနတဲ့ ကုန္သြယ္မႈျပႆနာကို ေျဖရွင္းေက်ာ္လႊားႏိုင္ဖို႔အတြက္ ဂ်ပန္ႏိုင္ငံကိုသြားေရာက္မွာျဖစ္ၿပီး ကုန္ၾကမ္းအစိတ္အပိုင္းေထာက္ပံ့သူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္မယ္လို႔ သိရပါတယ္။ Note 10 ဟာ လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ ေၾကညာဖို႔ အစီအစဥ္ခ်ထားတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Exynos ထုတ်လုပ်ခြင်းကို ၁၀% လျှော့ချလိုက်ရတဲ့ Samsung

ဇူလိုင်လဆန်းပိုင်းတုန်းက ဂျပန်ဟာ ကိုရီးယားကို တင်ပို့တဲ့ ဓါတုပစ္စည်းတွေကို ကန့်သတ်ခဲ့ပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ တောင်ကိုရီးယားရဲ့ စမတ်ဖုန်းမျက်နှာပြင်ထုတ်လုပ်ခြင်းနဲ့ semiconductor အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

ဒီလို ကန့်သတ်ချက်ပြုလုပ်လိုက်တာရဲ့နောက်ဆက်တွဲကတော့ ကိုရီးယားရဲ့ အဓိကနည်းပညာကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Samsung နဲ့ LG တို့ရဲ့ OLED display panels ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်သွားစေပါတယ်။ ဒါကြောင့် Apple တောင် BOE ရဲ့ OLED display တွေကို သုံးလာရနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

အခုထပ်ပြီးထွက်ပေါ်လာတဲ့သတင်းမှာတော့ Samsung ဟာ Exynos 9825 chipset ထုတ်လုပ်ခြင်းကို ခန့်မှန်းခြေအားဖြင့် ၁၀% အထိ လျှော့ချလိုက်တယ်ဆိုတာပါပဲ။ ဒီသတင်းကို ကိုရီးယားသံတော်ဆင့်က အခိုင်အမာ ရေးသားဖော်ပြခဲ့တာပါ။ ဒါကြောင့် Galaxy Note10 ထုတ်လုပ်မှုဟာလည်း နှေးကွေးသွားလိမ့်မယ်လို့ သိရပါတယ်။

Samsung ဘက်က တရားဝင်ပြောခွင့်ရ အမည်မဖော်လိုသူတစ်ဦးကလည်း Chipset ထုတ်လုပ်မှုဟာ လာမယ့်လတွေမှာ အရှိန်လျော့ကျသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထုတ်လုပ်မှုနယ်ပယ်ကို စိစစ်လေ့လာသူတွေကတော့ Samsung အနေနဲ့ ဓါတုပစ္စည်းရရှိမှုနည်းပါးတာကြောင့် Galaxy Note10 ထုတ်လုပ်မှုကို အစီအစဉ်ပြန်ဆွဲရတော့မယ်လို့ ဆိုကြပါတယ်။

Samsung ရဲ့ ဒုတိယဥက္ကဋ္ဌ Lee Jae-yong ကလည်း လက်ရှိဖြစ်ပွားနေတဲ့ ကုန်သွယ်မှုပြဿနာကို ဖြေရှင်းကျော်လွှားနိုင်ဖို့အတွက် ဂျပန်နိုင်ငံကိုသွားရောက်မှာဖြစ်ပြီး ကုန်ကြမ်းအစိတ်အပိုင်းထောက်ပံ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့ သိရပါတယ်။ Note 10 ဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ကြေညာဖို့ အစီအစဉ်ချထားတာ ဖြစ်ပါတယ်။

Ref: GSM Arena