Unicode

Samsung ရဲ့ Flagship Series စမတ်ဖုန်းတွေကို ကြည့်မယ်ဆိုရင် Processor ပိုင်းမှာ အမြဲတမ်း ၂ မျိုးကွဲနေတာကို သတိထားမိမှာပါ။ ဘာကြောင့်လဲဆိုရင် Samsung အနေနဲ့ လက်ရှိအချိန်အထိ တချို့သော Region တွေမှာပဲ Snapdragon Processor ကိုအသုံးပြုပြီးတော့ ကျန်တဲ့ မြန်မာနိုင်ငံအပါအဝင် Region အများအပြားမှာ ကိုယ်ပိုင် Exynos Processor နဲ့ ရောင်းချတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် Galaxy S11 Series မှာတော့ ဒါကလုံးဝနီးပါးပြောင်းလဲသွားဖို့များနေပါတယ်။ ယခုသတင်းကို Korea Publication တစ်ခုဖြစ်တဲ့ The Elec ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Galaxy S11 Series ဖုန်းတွေဟာ Europe Region တစ်ခုကလွဲပြီးတော့ ကျန်တဲ့ Region အကုန်လုံးမှာ Exynos 990 Processor အစား Snapdragon 865 Processor ကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပြောင်းလဲမှုဟာ Samsung ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ Korea နိုင်ငံလည်းပါဝင်ပြီးတော့ Snapdragon 865 Processor နဲ့ပဲ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲရတဲ့ အကြောင်းပြချက်ကလည်း The Elec ရဲ့ ဖော်ပြချက်အရ ယခုတစ်ကြိမ်မှာ Exynos Processor က Snapdragon 865 နဲ့ ယှဥ်ရင် Performance ပိုင်းသိသိသာသာကို အားနည်းနေတဲ့အတွက် Samsung ရဲ့ ဦးဆောင်သူတွေက အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Samsung ကတော့ အခုလိုမျိုး Snapdragon 865 Processor ကိုပဲ အများအပြားသုံးစွဲမယ်ဆိုတာကို တရားဝင်အတည်ပြုထားခြင်းမရှိသေးသလို Exynos 990 ကလည်း Snapdragon 865 ထက် အားနည်းတယ်ဆိုတာကို ဝန်ခံခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Snapdragon 865 Processor ဟာ နည်းပညာပိုင်းအရ နောက်ဆုံးထွက်ရှိထားတဲ့ Cortex-A77 Cores ၊ 15 TOPS AI Performance ရှိတဲ့ NPU နဲ့ 200MP Camera တွေကို Support လုပ်နိုင်တဲ့ ISP ပါဝင်နေတဲ့အချိန်မှာ Exynos 990 ကတော့ Cortex-A76 Cores ၊ 10 TOPS NPU နဲ့ 108MP Camera ကိုပဲ Support ပြုလုပ်နိုင်တဲ့ ISP ပါဝင်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Galaxy S11 ဖုန်းတွေကို ပိုကောင်းတဲ့ Snapdragon 865 Processor နဲ့ပဲ ဝယ်ယူရရှိနိုင်မယ်ဆိုတာက တကယ့်သတင်းကောင်းတစ်ခုဖြစ်လာလို့ ပြောလို့ရပါတယ်။

Ref – GSM Arena

Zawgyi

Samsung ရဲ႕ Flagship Series စမတ္ဖုန္းေတြကို ၾကည့္မယ္ဆိုရင္ Processor ပိုင္းမွာ အၿမဲတမ္း ၂ မ်ိဳးကြဲေနတာကို သတိထားမိမွာပါ။ ဘာေၾကာင့္လဲဆိုရင္ Samsung အေနနဲ႔ လက္ရွိအခ်ိန္အထိ တခ်ိဳ႕ေသာ Region ေတြမွာပဲ Snapdragon Processor ကိုအသုံးျပဳၿပီးေတာ့ က်န္တဲ့ ျမန္မာႏိုင္ငံအပါအဝင္ Region အမ်ားအျပားမွာ ကိုယ္ပိုင္ Exynos Processor နဲ႔ ေရာင္းခ်တာေၾကာင့္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာမယ့္ Galaxy S11 Series မွာေတာ့ ဒါကလုံးဝနီးပါးေျပာင္းလဲသြားဖို႔မ်ားေနပါတယ္။ ယခုသတင္းကို Korea Publication တစ္ခုျဖစ္တဲ့ The Elec ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ Galaxy S11 Series ဖုန္းေတြဟာ Europe Region တစ္ခုကလြဲၿပီးေတာ့ က်န္တဲ့ Region အကုန္လုံးမွာ Exynos 990 Processor အစား Snapdragon 865 Processor ကိုပဲ အသုံးျပဳသြားမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ေျပာင္းလဲမႈဟာ Samsung ရဲ႕ မိခင္ႏိုင္ငံျဖစ္တဲ့ Korea ႏိုင္ငံလည္းပါဝင္ၿပီးေတာ့ Snapdragon 865 Processor နဲ႔ပဲ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဒီလိုေျပာင္းလဲရတဲ့ အေၾကာင္းျပခ်က္ကလည္း The Elec ရဲ႕ ေဖာ္ျပခ်က္အရ ယခုတစ္ႀကိမ္မွာ Exynos Processor က Snapdragon 865 နဲ႔ ယွဥ္ရင္ Performance ပိုင္းသိသိသာသာကို အားနည္းေနတဲ့အတြက္ Samsung ရဲ႕ ဦးေဆာင္သူေတြက အခုလိုမ်ိဳး ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Samsung ကေတာ့ အခုလိုမ်ိဳး Snapdragon 865 Processor ကိုပဲ အမ်ားအျပားသုံးစြဲမယ္ဆိုတာကို တရားဝင္အတည္ျပဳထားျခင္းမရွိေသးသလို Exynos 990 ကလည္း Snapdragon 865 ထက္ အားနည္းတယ္ဆိုတာကို ဝန္ခံျခင္းမရွိေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Snapdragon 865 Processor ဟာ နည္းပညာပိုင္းအရ ေနာက္ဆုံးထြက္ရွိထားတဲ့ Cortex-A77 Cores ၊ 15 TOPS AI Performance ရွိတဲ့ NPU နဲ႔ 200MP Camera ေတြကို Support လုပ္ႏိုင္တဲ့ ISP ပါဝင္ေနတဲ့အခ်ိန္မွာ Exynos 990 ကေတာ့ Cortex-A76 Cores ၊ 10 TOPS NPU နဲ႔ 108MP Camera ကိုပဲ Support ျပဳလုပ္ႏိုင္တဲ့ ISP ပါဝင္ေနတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Galaxy S11 ဖုန္းေတြကို ပိုေကာင္းတဲ့ Snapdragon 865 Processor နဲ႔ပဲ ဝယ္ယူရရွိႏိုင္မယ္ဆိုတာက တကယ့္သတင္းေကာင္းတစ္ခုျဖစ္လာလို႔ ေျပာလို႔ရပါတယ္။

Ref – GSM Arena