[Zawgyi]

Samsung ဟာ ကမာၻ႔ပထမဆုံး 1TB eUFS 2.1 (embedded Universal Flash Storage) ကို ထုတ္ေဖာ္ျပသလိုက္ပါတယ္။ 1 TB ျဖစ္တာေၾကာင့္ စမတ္ဖုန္းေတြရဲ႕ သိုေလွာင္မႈပမာဏအတြက္ ျပင္ပအေထာက္အပံ့ကို မလိုေတာ့ေလာက္ေအာင္ ေျဖရွင္းၿပီးသား ျဖစ္သြားတယ္လို႔ ဆိုရမွာပါ။

Samsung ရဲ႕ 1TB eUFS chip ဟာ လက္ရွိအခ်ိန္မွာ အလုံးအရင္းလိုက္ ထုတ္လုပ္ေနတဲ့အဆင့္ကိုလည္း ေရာက္ရွိေနၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီ 1TB eUFS chip ဟာ မၾကာခင္မိတ္ဆက္လာမယ့္ Samsung Galaxy S10+ မွာ အသုံးျပဳထားမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြက ပိုၿပီးခိုင္မာလာၿပီျဖစ္ပါတယ္။

1TB eUFS chip ဟာ Samsung ရဲ႕ အမ်ားဆုံး Storage ျဖစ္ခဲ့တဲ့ 512GB chip အတိုင္းပဲ 16 Stack V-NAND Flash Memory Layer ေတြထည့္သြင္းထားတဲ့အျပင္ အဆင့္ပိုျမင့္တဲ့ Controller အသစ္ကိုလည္း အသုံးျပဳထားတယ္လို႔ ဆိုပါတယ္။ အ႐ြယ္အစားကေတာ့ 512GB chip အတိုင္း (11.5 x 13mm) ပဲလို႔ သိရပါတယ္။

1TB eUFS chip ရဲ႕ Read Speed ကေတာ့ တစ္စကၠန႔္ကို 1,000 megabytes ျဖစ္ပါတယ္။ ဒါဟာ ပုံမွန္ MicroSD ကတ္ျမန္ႏႈန္းရဲ႕ ၁၀ ဆျဖစ္တယ္လို႔ Samsung က ေျပာထားပါေသးတယ္။ Write Speed ကေတာ့ 260 MB/s ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ 2.5-inch SATA SSD ရဲ႕ Read Speed ဟာ 540 MB/s ဝန္းက်င္သာျဖစ္တာေၾကာင့္ Samsung ရဲ႕ 1TB eUFS chip အျမန္ႏႈန္းက အျမန္ဆုံးလို႔ မေျပာႏိုင္ေပမယ့္ အထင္ႀကီးစရာလို႔ေတာ့ ေျပာရမွာ ျဖစ္ပါတယ္။

Samsung ရဲ႕ Marketing VP ျဖစ္သူ Cheol Choi ကေတာ့ “လာမယ့္ မ်ိဳးဆက္သစ္ စမတ္ဖုန္းသစ္ဟာ Notebook တစ္လုံးလိုမ်ိဳး အေရးပါလာမယ့္ အသုံးျပဳမႈအေတြ႕အႀကဳံေတြကို အသုံးျပဳသူေတြဆီ သယ္ေဆာင္လာမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

Ref: The Verge

[Unicode]

ကမ္ဘာ့ပထမဆုံး 1TB Storage Chip ကို ထုတ်ပြလိုက်တဲ့ Samsung

Samsung ဟာ ကမ္ဘာ့ပထမဆုံး 1TB eUFS 2.1 (embedded Universal Flash Storage) ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ 1 TB ဖြစ်တာကြောင့် စမတ်ဖုန်းတွေရဲ့ သိုလှောင်မှုပမာဏအတွက် ပြင်ပအထောက်အပံ့ကို မလိုတော့လောက်အောင် ဖြေရှင်းပြီးသား ဖြစ်သွားတယ်လို့ ဆိုရမှာပါ။

Samsung ရဲ့ 1TB eUFS chip ဟာ လက်ရှိအချိန်မှာ အလုံးအရင်းလိုက် ထုတ်လုပ်နေတဲ့အဆင့်ကိုလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒါကြောင့် ဒီ 1TB eUFS chip ဟာ မကြာခင်မိတ်ဆက်လာမယ့် Samsung Galaxy S10+ မှာ အသုံးပြုထားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ပိုပြီးခိုင်မာလာပြီဖြစ်ပါတယ်။

1TB eUFS chip ဟာ Samsung ရဲ့ အများဆုံး Storage ဖြစ်ခဲ့တဲ့ 512GB chip အတိုင်းပဲ 16 Stack V-NAND Flash Memory Layer တွေထည့်သွင်းထားတဲ့အပြင် အဆင့်ပိုမြင့်တဲ့ Controller အသစ်ကိုလည်း အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အရွယ်အစားကတော့ 512GB chip အတိုင်း (11.5 x 13mm) ပဲလို့ သိရပါတယ်။

1TB eUFS chip ရဲ့ Read Speed ကတော့ တစ်စက္ကန့်ကို 1,000 megabytes ဖြစ်ပါတယ်။ ဒါဟာ ပုံမှန် MicroSD ကတ်မြန်နှုန်းရဲ့ ၁၀ ဆဖြစ်တယ်လို့ Samsung က ပြောထားပါသေးတယ်။ Write Speed ကတော့ 260 MB/s ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 2.5-inch SATA SSD ရဲ့ Read Speed ဟာ 540 MB/s ဝန်းကျင်သာဖြစ်တာကြောင့် Samsung ရဲ့ 1TB eUFS chip အမြန်နှုန်းက အမြန်ဆုံးလို့ မပြောနိုင်ပေမယ့် အထင်ကြီးစရာလို့တော့ ပြောရမှာ ဖြစ်ပါတယ်။

Samsung ရဲ့ Marketing VP ဖြစ်သူ Cheol Choi ကတော့ “လာမယ့် မျိုးဆက်သစ် စမတ်ဖုန်းသစ်ဟာ Notebook တစ်လုံးလိုမျိုး အရေးပါလာမယ့် အသုံးပြုမှုအတွေ့အကြုံတွေကို အသုံးပြုသူတွေဆီ သယ်ဆောင်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Ref: The Verge