Zawgyi

Samsung က ပုံမွန္အားျဖင့္ စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ Apple နဲ႔ တျခားသူေတြကို ေလွာင္ေျပာင္တဲ့ ေၾကာ္ျငာေတြထုတ္ေပးေနၾကပါ။ အရင္တုန္းကလည္း Samsung ကေန Apple ကို ေလွာင္ေျပာင္တဲ့ Video ေတြကို ဆက္တိုက္ထုတ္ေပးခဲ့ဖူးပါေသးတယ္။

အခုလည္း Samsung ကေန မၾကာေသးခင္ကမွ မိတ္ဆက္ထားခဲ့တဲ့ Huawei Mate 30 Series စမတ္ဖုန္းေတြကို ေလွာင္ေျပာင္တဲ့လုပ္ရပ္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ Email ကေန တစ္ဆင့္ Samsung Galaxy Note 10 ဖုန္းမွာ Google Apps ၊ Services နဲ႔ Update ေတြရရွိမယ္ဆိုၿပီး ေပးပို႔ေနခဲ့တာျဖစ္ပါတယ္။

အခုလို ေပးပို႔တာကေတာ့ Huawei Mate 30 Series ေတြကို Munich ၊ Germany မွာ မိတ္ဆက္ေနတဲ့အခ်ိန္ျပဳလုပ္ခဲ့တာျဖစ္ၿပီးေတာ့ Spanish Language နဲ႔ ေရးသားထားတဲ့ Mail တစ္ခုကို ေပးပို႔ခဲ့တာျဖစ္ပါတယ္။ အဆိုပါ Mail မွာ “Disfruta de actualizaciones, apps y servicios Google” ဆိုၿပီး ေရးသားထားခဲ့ၿပီးေတာ့ “Enjoy updates, apps and Google services.” အဓိပၸါယ္ရတဲ့ စာသားနဲ႔ Galaxy Note 10 ကို ေၾကာ္ျငာခဲ့တာပါ။

ဒီလို ေရးသားထားတဲ့အျပင္ Galaxy Note 10 ကို ဝယ္ယူထားတဲ့သူေတြအေနနဲ႔ YouTube Premium ကိုပါ ၄ လအထိ ရရွိဦးမွာျဖစ္ပါတယ္။ ဒါက Samsung အတြက္ေတာ့ တကယ့္ အားသာခ်က္ေတြလို႔ေျပာလို႔ရတဲ့အျပင္ Huawei ကို တိုက္ခိုက္ဖို႔ အေကာင္းဆုံးအခ်က္ေတြလည္းျဖစ္ေနပါတယ္။

Huawei ရဲ႕ Mate 30 Series စမတ္ဖုန္းေတြဟာ စြမ္းေဆာင္ရည္ပိုင္းမွာ လုံးဝအေကာင္းဆုံးစမတ္ဖုန္းေတြျဖစ္ေနသလို Camera ပိုင္းမွာလည္း အဆင့္ျမႇင့္တင္မႈေတြအမ်ားအျပားျပဳလုပ္ခဲ့ေပမယ့္လည္း Google ကေန Apps ေတြနဲ႔ Service ေတြအသုံးျပဳႏိုင္ခြင့္ကို Ban ထားတဲ့အတြက္ တ႐ုတ္ႏိုင္ငံမဟုတ္တဲ့ ႏိုင္ငံေတြမွာ အသုံးျပဳႏိုင္ဖို႔က ခက္ခဲေနတာျဖစ္ပါတယ္။

Ref – Android Central

Unicode

Samsung က ပုံမှန်အားဖြင့် တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Apple နဲ့ တခြားသူတွေကို လှောင်ပြောင်တဲ့ ကြော်ငြာတွေထုတ်ပေးနေကြပါ။ အရင်တုန်းကလည်း Samsung ကနေ Apple ကို လှောင်ပြောင်တဲ့ Video တွေကို ဆက်တိုက်ထုတ်ပေးခဲ့ဖူးပါသေးတယ်။

အခုလည်း Samsung ကနေ မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေကို လှောင်ပြောင်တဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Email ကနေ တစ်ဆင့် Samsung Galaxy Note 10 ဖုန်းမှာ Google Apps ၊ Services နဲ့ Update တွေရရှိမယ်ဆိုပြီး ပေးပို့နေခဲ့တာဖြစ်ပါတယ်။

အခုလို ပေးပို့တာကတော့ Huawei Mate 30 Series တွေကို Munich ၊ Germany မှာ မိတ်ဆက်နေတဲ့အချိန်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Spanish Language နဲ့ ရေးသားထားတဲ့ Mail တစ်ခုကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Mail မှာ “Disfruta de actualizaciones, apps y servicios Google” ဆိုပြီး ရေးသားထားခဲ့ပြီးတော့ “Enjoy updates, apps and Google services.” အဓိပ္ပါယ်ရတဲ့ စာသားနဲ့ Galaxy Note 10 ကို ကြော်ငြာခဲ့တာပါ။

ဒီလို ရေးသားထားတဲ့အပြင် Galaxy Note 10 ကို ဝယ်ယူထားတဲ့သူတွေအနေနဲ့ YouTube Premium ကိုပါ ၄ လအထိ ရရှိဦးမှာဖြစ်ပါတယ်။ ဒါက Samsung အတွက်တော့ တကယ့် အားသာချက်တွေလို့ပြောလို့ရတဲ့အပြင် Huawei ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချက်တွေလည်းဖြစ်နေပါတယ်။

Huawei ရဲ့ Mate 30 Series စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝအကောင်းဆုံးစမတ်ဖုန်းတွေဖြစ်နေသလို Camera ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ခဲ့ပေမယ့်လည်း Google ကနေ Apps တွေနဲ့ Service တွေအသုံးပြုနိုင်ခွင့်ကို Ban ထားတဲ့အတွက် တရုတ်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့က ခက်ခဲနေတာဖြစ်ပါတယ်။

Ref – Android Central