Samsung က ဒီလ ၁၄ ရက်နေ့မှာ ၂၀၂၁ အတွက် ပထမဆုံး Unpacked Event ကို ကျင်းပတော့မှာ ဖြစ်ပြီး Galaxy S21 , Galaxy S21+ နဲ့ Galaxy S21 Ultra တို့ကို ကြေညာမယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းတွေနဲ့အတူ Galaxy Buds Pro နဲ့ Galaxy SmartTag တို့ကိုပါ ချပြနိုင်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ  ကုမ္ပဏီက ကမ္ဘာအဝန်းမှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ ထိုင်းက ပရိုမိုးရှင်းက အားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာပါတယ်။

Galaxy S21 Series Pre-Order Registration Thailand Offer
Samsung ရဲ့ ထိုင်း ဝက်ဘ်ဆိုက်မှာ Galaxy S21 Series အတွက် ‘RESERVE THE EPIC’ လို့ခေါ်တဲ့ စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းကို ပြုလုပ်ပေးနေပါတယ်။ Galaxy S21 မော်ဒယ် ၁ လုံးကို ပထမဆုံး ကြိုတင်မှာယူတဲ့ လူ အယောက် ၁၀၀ အတွက် ၂၁ ဘတ် (၀.၇၀ ဒေါ်လာ)နဲ့ ရရှိနိုင်မှာပါ။ ဒါပေမယ့် ဝယ်ယူသူက ဒစ်ဂျစ်တယ် ကင်မရာ ၁ လုံးကို Samsung အား ပေးရမှာပါ။

Samsung Galaxy S21 series to reportedly launch with 5G support in India - Gizmochina
ဝက်ဘ်ဆိုက်မှာ “Pre-defined Model” လို့ ဖော်ပြထာပြီး ဘယ်မော်ဒယ်လဲဆိုတာ မပြောထားပါဘူး။ ဘယ် မော်ဒယ်ပဲ ဖြစ်ဖြစ် ၁ ဒေါ်လာအောက်နဲ့ရမှာက အရမ်းကို ရှယ်တန်နေပါပြီ။ ပြန်ပေးရမယ့် ဒစ်ဂျစ်တယ် ကင်မရာဟာလည်း DSLR, Mirrorless , Compact , Action ကြိုက်ရာ ဆိုတော့ အဆင်ပြေပါတယ်။ ပထမဆုံး မှာယူသူ အယောက် ၁၀၀ ပြီးနောက် နောက်ထပ်  အယောက် ၁၀၀၀ အတွက်လည်း ၂,၉၃၉ ဘတ် (၉၈ ဒေါ်လာ)တန်တဲ့  Samsung Care+ Plan ကို လက်ဆောင်ပေးမှာပါ။

ဒီအခွင့်အရေးကို အမိအရ အသုံးချချင်တဲ့ ထိုင်းက လူတွေဟာ ဒီလ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမတိုင်ခင် စာရင်းပေးသွင်းရမှာပါ။ သူတို့ဟာ အီးမေးကနေ မတူညီတဲ့ ကုဒ် ၁ ခုရမှာ ဖြစ်ပြီး ဒီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီကနေ ၂၈ ရက် ည ၁၁ နာရီ ၅၉ မိနစ်အတွင်း ကြိုတင်မှာယူရာမှာ အဲဒီကုဒ်ကို သုံးရမှာပါ။

Ref : gizmochina