[Zawgyi]

Samsung ဟာ ဒီႏွစ္ထဲမွာ အနည္းဆုံးေတာ့ Galaxy A စမတ္ဖုန္းသစ္ ၉ မ်ိဳးကို မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ ဒီထဲကမွ သုံးမ်ိဳးကေတာ့ ထုတ္လုပ္မႈလုပ္ငန္းစဥ္အတြက္ စီစဥ္ေဆာင္႐ြက္ဆဲျဖစ္တယ္လို႔လည္း သတင္းထြက္ေပၚထားပါတယ္။

ေနာက္ဆုံး သတင္းထြက္ထားတာကေတာ့ Galaxy A50 တစ္မ်ိဳး၊ ဒါမွမဟုတ္ ႏွစ္မ်ိဳးထပ္ၿပီးထြက္လာဖြယ္ရွိတယ္ ဆိုတာပါပဲ။ သူတို႔ေတြကို Wi-Fi Alliance အသိအမွတ္ျပဳရရွိထားတာကိုလည္း ေတြ႕ျမင္ရၿပီး ျဖစ္ပါတယ္။ SM-A561F နဲ႔ SM-A562N တို႔ဟာ ေမာ္ဒယ္တစ္ခုတည္းေအာက္မွာ ျဖစ္ႏိုင္ေပမယ့္ မတူညီတဲ့ မ်ိဳးကြဲႏွစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

ဒါမွမဟုတ္လည္း လုံးဝကို ကြဲျပားျခားနားတဲ့ ထုတ္ကုန္ႏွစ္ခုလည္း ျဖစ္လာႏိုင္တယ္လို႔ ေတြးႏိုင္ပါေသးတယ္။ Galaxy A10e နဲ႔ Galaxy A20e တို႔ဟာ မတူညီတဲ့ေဈးကြက္အတြက္ ခြဲျခားထုတ္လုပ္ခဲ့တာျဖစ္ၿပီး Samsung အေနနဲ႔ Galaxy A50e ကိုလည္း အလားတူပဲ ျဖန႔္ခ်ိလာဖြယ္ရွိေနပါတယ္။

ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခ်က္က အခုျမင္ေတြ႕ရတဲ့ ေမာ္ဒယ္နံပါတ္ႏွစ္ခုဟာ အရင္တုန္းက ဘယ္မွာမွ မေတြ႕ခဲ့ရပါဘူး။ ဒီေတာ့ သူတို႔ဟာ လာမယ့္ Galaxy A90 ဒါမွမဟုတ္ Galaxy A60s ေတြလို႔ေတာ့ မွတ္ယူလို႔ မရႏိုင္ပါဘူး။ ေမာ္ဒယ္နံပါတ္ SM-A507FN ဟာ Wi-Fi Alliance ကတစ္မ်ိဳးနဲ႔ မတူညီပါဘူး။ ဒီေတာ့ သိပ္မေဝးတဲ့အခ်ိန္အတြင္း A-Series အသစ္တစ္ခ်ိဳ႕ကို ေၾကညာလာဖြယ္ရွိတယ္လို႔ပဲ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Galaxy A နောက်ထပ် နှစ်မျိုး ထုတ်ဖို့ပြင်ဆင်နေဖွယ်ရှိတဲ့ Samsung

Samsung ဟာ ဒီနှစ်ထဲမှာ အနည်းဆုံးတော့ Galaxy A စမတ်ဖုန်းသစ် ၉ မျိုးကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒီထဲကမှ သုံးမျိုးကတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် စီစဉ်ဆောင်ရွက်ဆဲဖြစ်တယ်လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။

နောက်ဆုံး သတင်းထွက်ထားတာကတော့ Galaxy A50 တစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုးထပ်ပြီးထွက်လာဖွယ်ရှိတယ် ဆိုတာပါပဲ။ သူတို့တွေကို Wi-Fi Alliance အသိအမှတ်ပြုရရှိထားတာကိုလည်း တွေ့မြင်ရပြီး ဖြစ်ပါတယ်။ SM-A561F နဲ့ SM-A562N တို့ဟာ မော်ဒယ်တစ်ခုတည်းအောက်မှာ ဖြစ်နိုင်ပေမယ့် မတူညီတဲ့ မျိုးကွဲနှစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်လည်း လုံးဝကို ကွဲပြားခြားနားတဲ့ ထုတ်ကုန်နှစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ တွေးနိုင်ပါသေးတယ်။ Galaxy A10e နဲ့ Galaxy A20e တို့ဟာ မတူညီတဲ့ဈေးကွက်အတွက် ခွဲခြားထုတ်လုပ်ခဲ့တာဖြစ်ပြီး Samsung အနေနဲ့ Galaxy A50e ကိုလည်း အလားတူပဲ ဖြန့်ချိလာဖွယ်ရှိနေပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က အခုမြင်တွေ့ရတဲ့ မော်ဒယ်နံပါတ်နှစ်ခုဟာ အရင်တုန်းက ဘယ်မှာမှ မတွေ့ခဲ့ရပါဘူး။ ဒီတော့ သူတို့ဟာ လာမယ့် Galaxy A90 ဒါမှမဟုတ် Galaxy A60s တွေလို့တော့ မှတ်ယူလို့ မရနိုင်ပါဘူး။ မော်ဒယ်နံပါတ် SM-A507FN ဟာ Wi-Fi Alliance ကတစ်မျိုးနဲ့ မတူညီပါဘူး။ ဒီတော့ သိပ်မဝေးတဲ့အချိန်အတွင်း A-Series အသစ်တစ်ချို့ကို ကြေညာလာဖွယ်ရှိတယ်လို့ပဲ ယူဆရပါတယ်။

Ref: GSMArena