[Zawgyi]
Ref : gsmarena
[Unicode]
Samsung က ဈေးသိပ်မကြီးတဲ့ Galaxy Note ကို ဖန်တီးနေ
Samsung ဒီနှစ်ထုတ်တဲ့ Galaxy Note 10 နဲ့ Note 10+ တို့ဟာ အရင်မျိုးဆက်တွေထက် အရွယ်ပိုကြီးလာပါတယ်။ စွမ်းရည်မြင့်မားသလို ဈေးကလည်း မသေးပါဘူး။ ဘောစိတွေပဲ ကိုင်နိုင်မှာပါ။ အခုတော့ Samsung က လူလတ်တန်းစားတွေပါ ကိုင်နိုင်မယ့် Galaxy Note ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေထွက်လာပါတယ်။
SamMobile က ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပြီး ဈေးသိပ်မကြီးတဲ့ Galaxy Note Phone ၁ လုံးကို Samsung က ဖန်တီးနေတဲ့ အထောက်အထားတွေတွေ့ရတယ်လို့ ပြောပါတယ်။ မော်ဒယ်နံပါတ်က SM-N770F ဖြစ်ပြီး “N” ပါတဲ့အတွက် Galaxy Note ဆိုတာ သေချာပါတယ်။ လက်ရှိ ထွက်ထားတဲ့ စွမ်းရည်မြင့် Note ရဲ့ မော်ဒယ်နံပါတ်က N9xx ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Galaxy Note 3 Neo ရဲ့ မော်ဒယ်နံပါတ်က N7xx or SM-N750 ဖြစ်ပါတယ်။
SM-N770 ဟာ အဲဒီ ဖုန်းရဲ့ မျိုးဆက် ဖြစ်နိုင်ပါတယ်။ တိုက်ရိုက်တော့ မဟုတ်ပေမယ့် မော်ဒယ်နံပါတ် ပုံစချင်းက တူညီပါတယ်။ SM-N770 ဟာ Galaxy Note 10 ထက် ဈေးသက်သာမယ့် Galaxy Note ဖြစ်နိုင်ပါတယ်။ Specs တွေကို လျှော့ချထားနိုင်ပေမယ့် S-Pen တော့ ပါလာဦးမှာ ဖြစ်ပါတယ်။ 128GB Internal Storage ထည့်သွင်းထားနိုင်ပြီး လက်ရှိမှာ N770 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။
Samsung ဟာ ဒေါ်လာ ၂ ေထာင္ေလာက္ရွိတဲ့ Galaxy Fold ရဲ့ ဈေးသက်သာတဲ့ မော်ဒယ်ကိုလည်း ဖန်တီးနေတယ်လို့သတင်းထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။
Ref : gsmarena