[Zawgyi]

စမတ္ဖုန္းေတြရဲ႕ ကင္မရာေတြဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကတည္းက အရွိန္အဟုန္နဲ႔ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ ကင္မရာအလုံးေရကို တိုးခ်ဲ႕လာ႐ုံတင္မကေတာ့ဘဲ ကင္မရာတစ္လုံးခ်င္းစီရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကိုလည္း ပိုၿပီးေတာ့ျပည့္ဝလာေအာင္ အားထုတ္ေနၾကတာကို ေတြ႕ျမင္ရမွာပါ။

လက္ရွိအခ်ိန္မွာ Huawei P30 Pro နဲ႔ သူ႔ရဲ႕ Periscope Zoom ကင္မရာအေၾကာင္း ေျပာေနၾကတာမွန္ေပမယ့္ ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးကလည္း 5X optical zoom sensor ကို ပိုင္ဆိုင္ေနၿပီျဖစ္ေၾကာင္း ျပသေတာ့မယ္လို႔ သိရပါတယ္။ Samsung ဟာ ဒီကင္မရာနဲ႔အတူ ေနာက္ထပ္ၿပိဳင္ဆိုင္မႈအသစ္ေတြကို စတင္ေတာ့မယ္လို႔လည္း ဆိုရမွာပါ။

ဒီလို ကင္မရာအစိတ္အပိုင္းအတြက္ အခက္ခဲဆုံးကေတာ့ စမတ္ဖုန္းတြင္းမွာ ရရွိမယ့္ေနရာအတြက္ အ႐ြယ္အစား ခ်ိန္ညႇိရတာပါ။ ကင္မရာမွာရွိတဲ့ Zoom lens နဲ႔ Sensor ၾကားမွာ ရွည္လ်ားတဲ့အကြာအေဝးတစ္ခု ရွိေနဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ 5X zoom ကင္မရာကေတာ့ ဒီအခက္အခဲကို အေကာင္းဆုံး ေျဖရွင္းထားတဲ့ပုံပါပဲ။

Samsung ရဲ႕ 5X zoom နဲ႔ကင္မရာဟာ 2X zoom ထက္ေတာင္ ပိုၿပီးပါးလ်တယ္လို႔ ဆိုပါတယ္။ 2X optical zoom modules ေတြဟာ 6mm ထူထဲေပမယ့္ 5X ကေတာ့ 5mm ပဲရွိေတာ့တာေၾကာင့္ ပိုၿပီးေတာ့ေတာင္ ပါးသြားတာကို ေတြ႕ရမွာပါ။ ဒီလို Zoom ပိုေကာင္းလာၿပီး အစိတ္အပိုင္းအ႐ြယ္အစားကေတာ့ ပိုၿပီးေသးငယ္သြားတဲ့ ဒီ 5X zoom ကင္မရာကို ဘယ္ေတာ့ေတြ႕ျမင္ရမလဲဆိုတာကို ေစာင့္ေမွ်ာ္ရဦးမွာ ျဖစ္ပါတယ္။

ေကာလာဟလအျဖစ္ ထြက္ေပၚေနတာကေတာ့ Samsung ဟာ ဒီကင္မရာ အစိတ္အပိုင္းေတြကို အလုံးအရင္းနဲ႔ ထုတ္လုပ္ေနၿပီဆိုတာပါပဲ။ ဘာအတြက္ အလုံးအရင္းထုတ္လုပ္ေနတာလဲဆိုတဲ့ ေမးခြန္းအတြက္ အေျဖမရွိေသးေပမယ့္ Note 10 အတြက္လို႔ေတာ့ ခန႔္မွန္းရပါတယ္။ Galaxy A9 ဟာ Samsung ရဲ႕ ပထမဆုံး အေနာက္ကင္မရာေလးလုံးနဲ႔ ဖုန္းျဖစ္ခဲ့တာေၾကာင့္ Note 10 ကိုလည္း ကုမၸဏီရဲ႕ ပထမဆုံး 5X zoom ကင္မရာနဲ႔ဖုန္းအျဖစ္ ပြဲထုတ္လာမယ္ဆိုရင္ အံ့ၾသစရာ မဟုတ္ဘူးလို႔ပဲ ဆိုရမွာပါ။

Ref: Android Central

[Unicode]

5X Zoom ကင်မရာအစိတ်အပိုင်းအတွက် အဆင်သင့်ဖြစ်နေတဲ့ Samsung

စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကင်မရာအလုံးရေကို တိုးချဲ့လာရုံတင်မကတော့ဘဲ ကင်မရာတစ်လုံးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ပိုပြီးတော့ပြည့်ဝလာအောင် အားထုတ်နေကြတာကို တွေ့မြင်ရမှာပါ။

လက်ရှိအချိန်မှာ Huawei P30 Pro နဲ့ သူ့ရဲ့ Periscope Zoom ကင်မရာအကြောင်း ပြောနေကြတာမှန်ပေမယ့် ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးကလည်း 5X optical zoom sensor ကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ပြသတော့မယ်လို့ သိရပါတယ်။ Samsung ဟာ ဒီကင်မရာနဲ့အတူ နောက်ထပ်ပြိုင်ဆိုင်မှုအသစ်တွေကို စတင်တော့မယ်လို့လည်း ဆိုရမှာပါ။

ဒီလို ကင်မရာအစိတ်အပိုင်းအတွက် အခက်ခဲဆုံးကတော့ စမတ်ဖုန်းတွင်းမှာ ရရှိမယ့်နေရာအတွက် အရွယ်အစား ချိန်ညှိရတာပါ။ ကင်မရာမှာရှိတဲ့ Zoom lens နဲ့ Sensor ကြားမှာ ရှည်လျားတဲ့အကွာအဝေးတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် 5X zoom ကင်မရာကတော့ ဒီအခက်အခဲကို အကောင်းဆုံး ဖြေရှင်းထားတဲ့ပုံပါပဲ။

Samsung ရဲ့ 5X zoom နဲ့ကင်မရာဟာ 2X zoom ထက်တောင် ပိုပြီးပါးလျတယ်လို့ ဆိုပါတယ်။ 2X optical zoom modules တွေဟာ 6mm ထူထဲပေမယ့် 5X ကတော့ 5mm ပဲရှိတော့တာကြောင့် ပိုပြီးတော့တောင် ပါးသွားတာကို တွေ့ရမှာပါ။ ဒီလို Zoom ပိုကောင်းလာပြီး အစိတ်အပိုင်းအရွယ်အစားကတော့ ပိုပြီးသေးငယ်သွားတဲ့ ဒီ 5X zoom ကင်မရာကို ဘယ်တော့တွေ့မြင်ရမလဲဆိုတာကို စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။

ကောလာဟလအဖြစ် ထွက်ပေါ်နေတာကတော့ Samsung ဟာ ဒီကင်မရာ အစိတ်အပိုင်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေပြီဆိုတာပါပဲ။ ဘာအတွက် အလုံးအရင်းထုတ်လုပ်နေတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိသေးပေမယ့် Note 10 အတွက်လို့တော့ ခန့်မှန်းရပါတယ်။ Galaxy A9 ဟာ Samsung ရဲ့ ပထမဆုံး အနောက်ကင်မရာလေးလုံးနဲ့ ဖုန်းဖြစ်ခဲ့တာကြောင့် Note 10 ကိုလည်း ကုမ္ပဏီရဲ့ ပထမဆုံး 5X zoom ကင်မရာနဲ့ဖုန်းအဖြစ် ပွဲထုတ်လာမယ်ဆိုရင် အံ့သြစရာ မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။

Ref: Android Central