Samsung ဟာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ကို Beta Program အနေနဲ့ ဆောင်ရွက်နေတာလအနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက Battery Drain နဲ့ Lock Screen ပြဿနာတွေကြုံတွေ့ခဲ့ရပေမယ့် အခုနောက်ဆုံး Beta Update တွေမှာ ပြန်လည်ပြင်ဆင်ထားနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ Galaxy S20 Series ဖုန်းတွေအတွက် ပထမဆုံးအနေနဲ့ OneUI 3.0 Stable Update ကို စတင်ထုတ်ပေးနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ လောလောဆယ်မှာ Region အကုန်လုံးအတွက်တော့ ထွက်ရှိဦးမှာမဟုတ်ဘဲ USA နဲ့ Europe မှာ အရင်ဆုံးရရှိမှာဖြစ်ပါတယ်။

ယခုသတင်းကို SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Europe အတွက် Galaxy S20 Series ဖုန်းတွေအနေနဲ့ Firmware Version “G98xxXXU5CTKG” နဲ့ ထွက်ရှိလာတာဖြစ်ပြီး File Size အနေနဲ့ 179.82MB ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ OneUI 3.0 Update ဖြစ်တဲ့အတွက် Android 11 ကို အခြေခံထားတာဖြစ်သလို December 1, 2020 Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် USA အတွက်ကတော့ Verizon Carrier Version ပဲ Update ရရှိသေးတာဖြစ်ပြီး Changelog ကိုတော့ အောက်ပါအတိုင်းဖော်ပြထားတာဖြစ်ပါတယ်။ Europe Version နဲ့မတူညီတဲ့အချက်က December Security Patch အစား November Security Patch ပဲပါဝင်မှာပါ။

Samsung ဟာ လာမယ့်ဇန်နဝါရီလအတွင်းမှာ Galaxy Note 20 Series ၊ Z Flip ၊ Z Fold2 ၊ Galaxy S10 Series နဲ့ Note 10 Series ဖုန်းတွေအတွက် OneUI 3.0 Stable Update ကို ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Ref – Gizmo China