Zawgyi

Corephotonics ဆိုတဲ့ ကုမၸဏီ တစ္ခုကို သိတဲ့သူ မရွိသေလာက္နည္းပါလိမ့္မယ္။ ဒါေပမယ့္ OPPO ရဲ႕ နာမည္ႀကီး 5X Zoom လို႔ေခၚတဲ့ ပုံရိပ္ေတြ မဝါးသြားပဲ Zoom ငါးဆ ခ်ဲဲလို႔ရတဲ့ နည္းပညာကိုေတာ့ သိတဲ့သူ အေတာ္မ်ားပါလိမ့္မယ္။ အမွန္ေတာ့ OPPO ရဲ႕ နာမည္ႀကီး 5X Zoom နည္းပညာကို ေထာက္ပံ့ေပးတာ Corephotonics ကပါပဲ။ အစၥေရးနိုင္ငံမွာ တည္ေထာင္ထားတဲ့ အဆိုပါ ကုမၸဏီနဲ႕ တြဲဖက္ၿပီး အလုပ္လုပ္ေနတဲ့ နာမည္ႀကီး ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ OPPO, Mediatek, SanDisk နဲ႕ CK Telecom တို႔ဟာ Corephotonics ရဲ႕ နည္းပညာေတြကို အသုံးျပဳေနခဲ့တာျဖစ္ပါတယ္။

Corephotonics ဟာ ကင္မရာ နည္းပညာပိုင္းမွာ နာမည္ႀကီးေနခဲ့တာျဖစ္ၿပီး OPPO ရဲ႕ 5X Zoom ဟာ Zoom ငါးဆ ဆြဲၿပီး ရိုက္ထားတာေတာင္ အံ့အားသင့္စရာၾကည္လင္ေတာက္ပတဲ့ ပုံရိပ္ေတြကို ဖမ္းယူေပးနိုင္ပါတယ္။ အဲ့တာေၾကာင့္ ကိုရီးယားနည္းပညာ ကုမၸဏီႀကီးျဖစ္တဲ့ Samsung ကလည္း သူ႕ရဲ႕ အနာဂတ္ဖုန္းေတြမွာ အဆိုပါ Lossless Zoom နည္းပညာကို အသုံးျပဳခ်င္ေနတဲ့ ပုံပါပဲ။ ကင္မရာ အရည္အေသြး ေကာင္းလို႔ နာမည္ႀကီးေနတဲ့ Samsung ဖုန္းေတြမွာသာ အခုလို Zoom အဆ မ်ားစြာခ်ဲ့ၿပီးရိုက္လို႔ ရလာရင္ေတာ့ တစ္ျခား ကင္မရာဖုန္းေတြၾကားမွာ ထိပ္တန္းေရာက္သြားနိုင္ပါတယ္။

Samsung ဟာ အဆိုပါ ကုမၸဏီကို ကင္မရာသုံးလုံးတြဲ စနစ္ကို အသုံးျပဳၿပီး Zoom ႏွစ္ဆယ့္ငါးဆထိ ဆြဲလို႔ရတဲ့ နည္းပညာတစ္ခုကို တီထြင္ေစခ်င္ၿပီး ေအာင္ျမင္ခဲ့ရင္ ေဒၚလာ သန္း ၁၅၀ ကေန ၁၆၀ ထိ ေပးမယ္လို႔ သိရပါတယ္။ အဆိုပါ နည္းပညာသာ ေအာင္ျမင္ခဲ့ရင္ Zoom အဆ ေပါင္းမ်ားစြာခ်ဲ့လို႔ရတဲ့ နည္းပညာေတြပါဝင္တဲ့ အနာဂတ္ Samsung ဖုန္းေတြကို ေတြ႕လာရေတာ့ မွာ အေသအခ်ာပါပဲ။ Corephotonics ဟာ စမတ္ဖုန္းကင္မရာပိုင္းအျပင္ ဒ႐ုန္းကင္မရာေတြ၊ ေမာ္ေတာ္ကားေတြမွာ အသုံးျပဳဖို႔ ကင္မရာေတြနဲ႕ လုံၿခဳံေရးကင္မရာပိုင္းေတြကိုပါ ဝင္ေရာက္လာဖို႔ရွိပါတယ္။

Ref: Gizmo China

Unicode

OPPO ဖုန်းတွေအတွက် Zoom ဆွဲတဲ့ နည်းပညာ ထုတ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို Samsung က ငှားရမ်းရန် ကြိုးစားနေ

Corephotonics ဆိုတဲ့ ကုမ္ပဏီ တစ်ခုကို သိတဲ့သူ မရှိသလောက်နည်းပါလိမ့်မယ်။ ဒါပေမယ့် OPPO ရဲ့ နာမည်ကြီး 5X Zoom လို့ခေါ်တဲ့ ပုံရိပ်တွေ မဝါးသွားပဲ Zoom ငါးဆ ချဲဲလို့ရတဲ့ နည်းပညာကိုတော့ သိတဲ့သူ အတော်များပါလိမ့်မယ်။ အမှန်တော့ OPPO ရဲ့ နာမည်ကြီး 5X Zoom နည်းပညာကို ထောက်ပံ့ပေးတာ Corephotonics ကပါပဲ။ အစ္စရေးနိုင်ငံမှာ တည်ထောင်ထားတဲ့ အဆိုပါ ကုမ္ပဏီနဲ့ တွဲဖက်ပြီး အလုပ်လုပ်နေတဲ့ နာမည်ကြီး ကုမ္ပဏီတွေ တော်တော်များများရှိပါတယ်။ OPPO, Mediatek, SanDisk နဲ့ CK Telecom တို့ဟာ Corephotonics ရဲ့ နည်းပညာတွေကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

Corephotonics ဟာ ကင်မရာ နည်းပညာပိုင်းမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး OPPO ရဲ့ 5X Zoom ဟာ Zoom ငါးဆ ဆွဲပြီး ရိုက်ထားတာတောင် အံ့အားသင့်စရာကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အဲ့တာကြောင့် ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကလည်း သူ့ရဲ့ အနာဂတ်ဖုန်းတွေမှာ အဆိုပါ Lossless Zoom နည်းပညာကို အသုံးပြုချင်နေတဲ့ ပုံပါပဲ။ ကင်မရာ အရည်အသွေး ကောင်းလို့ နာမည်ကြီးနေတဲ့ Samsung ဖုန်းတွေမှာသာ အခုလို Zoom အဆ များစွာချဲ့ပြီးရိုက်လို့ ရလာရင်တော့ တစ်ခြား ကင်မရာဖုန်းတွေကြားမှာ ထိပ်တန်းရောက်သွားနိုင်ပါတယ်။

Samsung ဟာ အဆိုပါ ကုမ္ပဏီကို ကင်မရာသုံးလုံးတွဲ စနစ်ကို အသုံးပြုပြီး Zoom နှစ်ဆယ့်ငါးဆထိ ဆွဲလို့ရတဲ့ နည်းပညာတစ်ခုကို တီထွင်စေချင်ပြီး အောင်မြင်ခဲ့ရင် ဒေါ်လာ သန်း ၁၅၀ ကနေ ၁၆၀ ထိ ပေးမယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာသာ အောင်မြင်ခဲ့ရင် Zoom အဆ ပေါင်းများစွာချဲ့လို့ရတဲ့ နည်းပညာတွေပါဝင်တဲ့ အနာဂတ် Samsung ဖုန်းတွေကို တွေ့လာရတော့ မှာ အသေအချာပါပဲ။ Corephotonics ဟာ စမတ်ဖုန်းကင်မရာပိုင်းအပြင် ဒရုန်းကင်မရာတွေ၊ မော်တော်ကားတွေမှာ အသုံးပြုဖို့ ကင်မရာတွေနဲ့ လုံခြုံရေးကင်မရာပိုင်းတွေကိုပါ ဝင်ရောက်လာဖို့ရှိပါတယ်။

Ref: Gizmo China