Samsung က ကုမ္ပဏီရဲ့ Chip အသစ်တွေကို Artificial Intelligence (AI) ကို အသုံးပြုပြီး ဖန်တီးနေတယ်လို့ အတည်ပြုလိုက်ပါတယ်။ နာမည်ကြီး Chip Design Software Company ဖြစ်တဲ့ Synopsys ရဲ့ Software အသစ်တွေကို အသုံးပြုပြီး ဒီလို ဖန်တီးနေတာလို့ သိရပါတယ်။

Samsung Introduces Mobile SoC Exynos 9820 With Native AI Unit

Samsung ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က ကုမ္ပဏီဟာ Exynos Chip တွေကို ဒီဇိုင်းထုတ်ဖို့အတွက် Synopsys AI Software ကို အသုံးပြုနေတယ်လို့ Wired ကို အတည်ပြုထားပြီးပါပြီ။ ဒါပေမယ့် ကုမ္ပဏီက AI နဲ့ ဒီဇိုင်းထုတ်ထားတဲ့ Chip တွေကို ဘယ်အချိန် ထုတ်လုပ်မလဲဆိုတာနဲ့ ဘယ် ထုတ်ကုန်တွေမှာ ပါမလဲ ဆိုတာကို မပြောသေးပါဘူး။

AI Chips Is The New Thing! 2018 Samsung Phones To Feature AI

Samsung က AI ကို သုံးပြီး Chip ထုတ်လုပ်တဲ့ အစောဆုံး ကုမ္ပဏီတွေထဲမှာ ပါပေမယ့် Google , NVIDIA တို့လို တခြား ကုမ္ပဏီတွေကလည်း AI သုံးပြီး Chip ထုတ်လုပ်ဖို့ စီစဉ်နေကြပါတယ်။ Synopsys ရဲ့ DSO.ai ကတော့ ကုမ္ပဏီများစွာနဲ့စမ်းသပ်ပြီးပြီ ဖြစ်တဲ့အတွက် တော်တော် အစွမ်းထက်မယ်လို့ထင်ရပါတယ်။

AI အသုံးပြုပြီး Chip ထုတ်လုပ်တဲ့ နည်းပညာက အစိတ်အပိုင်းတွေကို နေရာချထားတာနဲ့ Wire လုပ်တာ အပါအဝင် ဒီဇိုင်းကို အလိုလို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ စွမ်းရည် အမြင့်ဆုံး Chip တွေ ဖြစ်အောင်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

Ref : gizmochina