Samsung က ကိုယ်လက်လှုပ်ရှားမှု တိုင်းတာပေးတဲ့ Galaxy Watch Active နဲ့ Watch Active2 ကို အရင်နှစ်က ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက သမားရိုးကျ နာရီတွေနဲ့တူတဲ့ စမတ်နာရီ ၁ လုံးထဲပဲ ထုတ်လုပ်ထားပြီး အဲဒါကတော့ လွန်ခဲ့တဲ့ ၂ နှစ်က ထွက်ခဲ့တဲ့ Galaxy Watch ဖြစ်ပါတယ်။

အခုတော့ FCC Website မှာ Galaxy Watch မော်ဒယ် အသစ် ၄ လုံးကို တွေ့လာရပါတယ်။ ပထမ ၂ လုံးက LTE Version တွေ ဖြစ်ပြီး  45mm SM-R845U နဲ့  41mm SM-R855U တို့ ဖြစ်ပါတယ်။ WiFi Version တွေက 45mm SM-840 နဲ့ 41mm SM-R850 တို့ ဖြစ်ပါတယ်။ အရင်နှစ်ထုတ် Watch Active2 အတွက် 40 နဲ့ 44mm တွေ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု စမတ်နာရီ အသစ်တွေထဲမှာ 45mm LTE Version ရဲ့ ပုံကြမ်းပဲ ပါလာပါတယ်။

ပုံကြမ်းအရ SM-R845 မှာ Gorilla Glass DX Screen , 5ATM Water Protection , MIL-STD01-8190G Resistance , GPS နဲ့ LTE တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Bluetooth Low Energy, 802.11b/g/n Wi-Fi (2.4GHz only), WCDMA နဲ့ LTE bands 2, 4, 5, 12, 13, 25, 26, 66, 71 တို့ ထောက်ပံ့ထားမှာပါ။

FCC မှာ စမတ်နာရီ ဒီဇိုင်းကို မဖော်ပြထားသေးပေမယ့် SamMobile က Samsung ဟာ စမတ်နာရီ အသစ်မှာ Physical Rotating Bezel ကို ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Samsung နောက်ဆုံးထုတ်ခဲ့တဲ့ Watch Active မော်ဒယ်တွေမှာ Digital Bezel ပဲ သုံးထားပြီး မျက်နှာပြင်ရဲ့ ထောင့်ကို ပွတ်ဆွဲခြင်းဖြင့် Interface ကို Scroll လုပ်ရတာပါ။

Ref : androidpolice