Zawgyi

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အၾကာက Samsung ကေနျပီး သူ႔ရဲ႕ ဖုန္းေတြအတြက္ အားသြင္းျမန္ စနစ္တစ္ခုကို မိတ္ဆက္ခဲ့ျပီး 15W အားရွိတဲ့ အားသြင္းစနစ္ဟာ တစ္ျခား ဖုန္းေတြနဲ႔ ယွဥ္လိုက္ရင္ အေတာ္ေလး အားသြင္းျမန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီေန႔ေခတ္မွာေတာ့ OPPO ရဲ႕ VOOC နဲ႔ OnePlus ရဲ႕ Dash Charge နဲ႔ Warp Charge လို အလြန္လွ်င္ျမန္တဲ့ အားသြင္းစနစ္ေတြကို ပုခံုးခ်င္း မယွဥ္ႏိုင္ေတာ့ပါဘူး။ ၂၀၁၈ ရဲ႕ Flagship ျဖစ္တဲ့ Galaxy Note 9 အထိ အရင္ အသံုးျပဳခဲ့တဲ့ Adaptive Fast Charging နည္းပညာကိုပဲ အသံုးျပဳေနခဲ့ျပီး ဖုန္းသံုးစြဲမွု အရမ္းမ်ားလာတဲ့ ဒီေန႔ေခတ္မွာေတာ့ Adaptive Fast Charging နည္းပညာက မလံုေလာက္ေတာ့ပါဘူး။ အရင္ေခတ္ကဆိုရင္ ဖုန္းကို ႏွစ္နာရီ သံုးနာရီေလာက္ အားသြင္းျပီး ပစ္ထားႏိုင္ခဲ့ၾကေပမယ့္ နည္းပညာအေပၚ တစ္ခ်ိန္လံုးမွီခိုေနရတဲ့ ဒီေန႔ေခတ္မွာေတာ့ နာရီ ဝက္ အားသြင္းရံုနဲ႔ တစ္ေန႔လံုး အသံုးျပဳလို႔ရမယ့္ နည္းပညာကို စမတ္ဖုန္းသံုးစြဲသူေတြ ေတာင့္တလာၾကပါျပီ။ အဲ့အတြက္ Samsung ကလည္း ေနာက္ေကာက္က် မခံေတာ့ပါဘူး။ ေနာက္ထပ္ မိတ္ဆက္မယ့္ Flagship ျဖစ္တဲ့ Galaxy S10 မွာ အေတာ္ေလးလွ်င္ျမန္တဲ့ ေနာက္ထပ္ အားအျမန္သြင္း နည္းပညာတစ္ခုကို ထည့္သြင္းေပးေတာ့မွာပါ။

စမတ္ဖုန္း သတင္းေတြ ေပါက္ၾကားေဖာ္ျပေလ့ရွိတဲ့ Ice Universe ရဲ႕ သတင္းေဖာ္ျပခ်က္အရ Samsung ဟာ အလြန္လွ်င္ျမန္တဲ့ အားသြင္းျမန္စနစ္ကို စမ္းသပ္ေနျပီး Galaxy S10 မွာ ေသခ်ာေပါက္ အဲ့ဒီ အားသြင္းျမန္စနစ္ကို တပ္ဆင္ေပးသြားမွာပါ။ အဆိုပါ အားသြင္းျမန္ စနစ္က အခုလက္ရွိ Samsung ရဲ႕ 15W အားရွိတဲ့ Adaptive Fast Charging ထက္ အေတာ္ေလး ျမန္ဆန္မွာမို႔ 15W Charging စနစ္ဟာ Samsung အတြက္ေတာ့ သမိုင္းမွာ က်န္ခဲ့မယ့္ နည္းပညာတစ္ခု ျဖစ္လာမွာပါ။ Samsung ဟာ အခုအခ်ိန္မွာ အဆိုပါ အားသြင္းျမန္စနစ္ကို စမ္းသပ္ေနျပီ ဆိုေပမယ့္ Watt ပမာဏ ဘယ္ေလာက္ရွိလဲဆိုတာနဲ႔ နာမည္ဘယ္လိုေပးမလဲ ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

အဆိုပါ Samsung ရဲ႕ မ်ိဳးဆက္သစ္ အားသြင္းျမန္ စနစ္ သစ္ဟာ ျပိဳင္ဘက္ ဖုန္းကုမၸဏီေတြရဲ႕ အားသြင္းျမန္ စနစ္ေတြကို ယွဥ္ႏိုင္ပါ့မလား? လက္ရွိမွာေတာ့ HUAWEI ရဲဲ႕ 40W အျမန္အားသြင္းစနစ္နဲ႔ OnePlus ရဲ႕ Warp Charge ဟာ အားသြင္းအျမန္ဆံုး အားသြင္းစနစ္ေတြျဖစ္ျပီး မိနစ္ႏွစ္ဆယ္ အားသြင္းရံုနဲ႔ တစ္ေန႔လံုး အသံုးျပဳႏိုင္ပါတယ္။ အားသြင္းျမန္စနစ္ တစ္ခု ရရွိဖို႔အတြက္ ဖုန္းအတြင္းပိုင္းမွာ အဆိုပါ အားသြင္းျမန္စနစ္ကို အေထာက္အပံ့ေပးမယ့္ ဆားကစ္ေတြ ရွိရပါမယ္။ အားသြင္းေခါင္းနဲ႔ အားသြင္းၾကိဳးမွာလည္း အဆိုပါ စနစ္ကို အေထာက္အပ့ံေပးဖို႔လိုတဲ့အျပင္ ဖုန္းမွာ အသံုးျပဳတဲ့ ဘက္ထရီကလည္း အဆိုပါ အားသြင္းျမန္စနစ္ရဲ႕ အျမန္ႏွုန္းကို လက္ခံႏိုင္တဲ့ အဆင့္ရွိရပါဦးမယ္။ အဆိုပါ အခ်က္ေတြေၾကာင့္ အားသြင္းျမန္ စနစ္တစ္ခုက ထင္သေလာက္ မရိုးရွင္းဘူး ဆိုတာ သိႏိုင္ပါတယ္။ နည္းပညာ အနည္းငယ္ မွားယြင္းသြားရံုနဲ႔ ဘက္ထရီ မီးေလာင္ျပီး ဖုန္းေပါက္ကြဲႏိုင္တဲ့ အထိ အႏၲရာယ္မ်ားတာေၾကာင့္ ဖုန္း ဘက္ထရီေတြ ထေပါက္ေလ႔ရွိတဲ့ အတိတ္ဆိုးရွိတဲ့ Samsung အေနနဲ႔ အဆိုပါ အားသြင္းျမန္စနစ္ အသစ္အတြက္ အေတာ္ေလးကို အာရံုစိုက္ရမွာပါ။ အဆိုပါ အားသြင္းျမန္စနစ္ အသစ္ဟာ အေပၚမွာ ေျပာသြားသလိုပဲ သီးသန္႔ Charger တစ္ခုလိုမွာျဖစ္ျပီး Galaxy S10 နဲ႔ S10+ တို႔မွာ တစ္ပါတည္းပါဝင္လာမွာပါ။ ဒါေပမယ့္ Budget Version ျဖစ္တဲ့ Galaxy S10 Lite မွာေတာ့ ရိုးရိုး 15W Charger ပဲပါဝင္လာမွာမို႔ သပ္သပ္ဝယ္ယူရမွာပါလို႔ Ice Universe က ခန္႔မွန္းျပာၾကားထားပါေသးတယ္။

Ref: Giz China

Unicode

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက Samsung ကနေပြီး သူ့ရဲ့ ဖုန်းတွေအတွက် အားသွင်းမြန် စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး 15W အားရှိတဲ့ အားသွင်းစနစ်ဟာ တစ်ခြား ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် အတော်လေး အားသွင်းမြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာတော့ OPPO ရဲ့ VOOC နဲ့ OnePlus ရဲ့ Dash Charge နဲ့ Warp Charge လို အလွန်လျှင်မြန်တဲ့ အားသွင်းစနစ်တွေကို ပုခုံးချင်း မယှဉ်နိုင်တော့ပါဘူး။ ၂၀၁၈ ရဲ့ Flagship ဖြစ်တဲ့ Galaxy Note 9 အထိ အရင် အသုံးပြုခဲ့တဲ့ Adaptive Fast Charging နည်းပညာကိုပဲ အသုံးပြုနေခဲ့ပြီး ဖုန်းသုံးစွဲမှု အရမ်းများလာတဲ့ ဒီနေ့ခေတ်မှာတော့ Adaptive Fast Charging နည်းပညာက မလုံလောက်တော့ပါဘူး။ အရင်ခေတ်ကဆိုရင် ဖုန်းကို နှစ်နာရီ သုံးနာရီလောက် အားသွင်းပြီး ပစ်ထားနိုင်ခဲ့ကြပေမယ့် နည်းပညာအပေါ် တစ်ချိန်လုံးမှီခိုနေရတဲ့ ဒီနေ့ခေတ်မှာတော့ နာရီ ဝက် အားသွင်းရုံနဲ့ တစ်နေ့လုံး အသုံးပြုလို့ရမယ့် နည်းပညာကို စမတ်ဖုန်းသုံးစွဲသူတွေ တောင့်တလာကြပါပြီ။ အဲ့အတွက် Samsung ကလည်း နောက်ကောက်ကျ မခံတော့ပါဘူး။ နောက်ထပ် မိတ်ဆက်မယ့် Flagship ဖြစ်တဲ့ Galaxy S10 မှာ အတော်လေးလျှင်မြန်တဲ့ နောက်ထပ် အားအမြန်သွင်း နည်းပညာတစ်ခုကို ထည့်သွင်းပေးတော့မှာပါ။

စမတ်ဖုန်း သတင်းတွေ ပေါက်ကြားဖော်ပြလေ့ရှိတဲ့ Ice Universe ရဲ့ သတင်းဖော်ပြချက်အရ Samsung ဟာ အလွန်လျှင်မြန်တဲ့ အားသွင်းမြန်စနစ်ကို စမ်းသပ်နေပြီး Galaxy S10 မှာ သေချာပေါက် အဲ့ဒီ အားသွင်းမြန်စနစ်ကို တပ်ဆင်ပေးသွားမှာပါ။ အဆိုပါ အားသွင်းမြန် စနစ်က အခုလက်ရှိ Samsung ရဲ့ 15W အားရှိတဲ့ Adaptive Fast Charging ထက် အတော်လေး မြန်ဆန်မှာမို့ 15W Charging စနစ်ဟာ Samsung အတွက်တော့ သမိုင်းမှာ ကျန်ခဲ့မယ့် နည်းပညာတစ်ခု ဖြစ်လာမှာပါ။ Samsung ဟာ အခုအချိန်မှာ အဆိုပါ အားသွင်းမြန်စနစ်ကို စမ်းသပ်နေပြီ ဆိုပေမယ့် Watt ပမာဏ ဘယ်လောက်ရှိလဲဆိုတာနဲ့ နာမည်ဘယ်လိုပေးမလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အဆိုပါ Samsung ရဲ့ မျိုးဆက်သစ် အားသွင်းမြန် စနစ် သစ်ဟာ ပြိုင်ဘက် ဖုန်းကုမ္ပဏီတွေရဲ့ အားသွင်းမြန် စနစ်တွေကို ယှဉ်နိုင်ပါ့မလား? လက်ရှိမှာတော့ HUAWEI ရဲ့ 40W အမြန်အားသွင်းစနစ်နဲ့ OnePlus ရဲ့ Warp Charge ဟာ အားသွင်းအမြန်ဆုံး အားသွင်းစနစ်တွေဖြစ်ပြီး မိနစ်နှစ်ဆယ် အားသွင်းရုံနဲ့ တစ်နေ့လုံး အသုံးပြုနိုင်ပါတယ်။ အားသွင်းမြန်စနစ် တစ်ခု ရရှိဖို့အတွက် ဖုန်းအတွင်းပိုင်းမှာ အဆိုပါ အားသွင်းမြန်စနစ်ကို အထောက်အပံ့ပေးမယ့် ဆားကစ်တွေ ရှိရပါမယ်။ အားသွင်းခေါင်းနဲ့ အားသွင်းကြိုးမှာလည်း အဆိုပါ စနစ်ကို အထောက်အပံ့ပေးဖို့လိုတဲ့အပြင် ဖုန်းမှာ အသုံးပြုတဲ့ ဘက်ထရီကလည်း အဆိုပါ အားသွင်းမြန်စနစ်ရဲ့ အမြန်နှုန်းကို လက်ခံနိုင်တဲ့ အဆင့်ရှိရပါဦးမယ်။ အဆိုပါ အချက်တွေကြောင့် အားသွင်းမြန် စနစ်တစ်ခုက ထင်သလောက် မရိုးရှင်းဘူး ဆိုတာ သိနိုင်ပါတယ်။ နည်းပညာ အနည်းငယ် မှားယွင်းသွားရုံနဲ့ ဘက်ထရီ မီးလောင်ပြီး ဖုန်းပေါက်ကွဲနိုင်တဲ့ အထိ အန္တရာယ်များတာကြောင့် ဖုန်း ဘက်ထရီတွေ ထပေါက်လေ့ရှိတဲ့ အတိတ်ဆိုးရှိတဲ့ Samsung အနေနဲ့ အဆိုပါ အားသွင်းမြန်စနစ် အသစ်အတွက် အတော်လေူကို အာရုံစိုက်ရမှာ။ အဆိုပါ အားသွင်းမြန်စနစ် အသစ်ဟာ အပေါ်မှာ ပြောသွားသလိုပဲ သီးသန့် Charger တစ်ခုလိုမှာဖြစ်ပြီး Galaxy S10 နဲ့ S10+ တို့မှာ တစ်ပါတည်းပါဝင်လာမှာပါ။ ဒါပေမယ့် Budget Version ဖြစ်တဲ့ Galaxy S10 Lite မှာတော့ ရိုးရိုး 15W Charger ပဲပါဝင်လာမှာမို့ သပ်သပ်ဝယ်ယူရမှာပါလို့ Ice Universe က ခန့်မှန်းပြာကြားထားပါသေးတယ်။

Ref: Giz China