[Zawgyi]

Samsung ဟာ Punch-hole ေတြကို အဆုံးသတ္ၿပီး အျပစ္ကင္းစင္တဲ့ မ်က္ႏွာျပင္ျပည့္စမတ္ဖုန္း ထုတ္လုပ္ဖို႔ ေနာက္ထပ္တစ္နည္း ႀကံစည္ေနျပန္ၿပီ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ Pop-up, Slider သုံးမွာလည္းမဟုတ္သလို မ်က္ႏွာျပင္ကို အေပါက္ေဖာက္ဖို႔လည္း မလိုတဲ့ နည္းလမ္းျဖစ္ပါတယ္။

မ်က္ႏွာျပင္ကို အေပါက္မေဖာက္ဘဲ အဲဒီမ်က္ႏွာျပင္ေအာက္မွာပဲ ကင္မရာကို တပ္ဆင္ထားဖို႔ Samsung က ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ဒီနည္းလမ္းသာ အေကာင္အထည္ေပၚလာခဲ့ရင္ေတာ့ Samsung ဖုန္းေတြဟာ အမွန္တကယ္ ၁၀၀ ရာခိုင္ႏႈန္း မ်က္ႏွာျပင္ျပည့္ဖုန္း ျဖစ္လာမွာပါ။

ဒါေပမယ့္ Samsung ရဲ႕ ႀကိဳးပမ္းမႈဟာ လာမယ့္ တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္းေတာ့ အေကာင္အထည္ေပၚလာမွာမဟုတ္ဘူးလို႔ Samsung Mobile Communication R&D Group Display ရဲ႕ ဒုတိယဥကၠ႒ျဖစ္တဲ့ Yang Byaung-duk က ေျပာပါတယ္။ Samsung အေနနဲ႔ ကင္မရာရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို မထိခိုက္ေစသလို၊ မ်က္ႏွာျပင္ကို ျဖတ္သန္းၿပီး ပုံရိပ္ေတြေကာင္းမြန္စြာ ဖမ္းယူႏိုင္ေစမယ့္ နည္းပညာပိုင္းကိုေတာ့ ေရာက္ရွိႏိုင္လိမ့္မယ္လို႔လည္း ေျပာပါတယ္။

Samsung ရဲ႕ ႀကိဳးစားမႈဟာ တကယ္လည္း လက္ေတြ႕မွာ ျဖစ္ေပၚလာႏိုင္စရာအေၾကာင္းအခ်က္ေတြက ခိုင္ခိုင္လုံလုံ ရွိၿပီးသားျဖစ္ပါတယ္။ ဥပမာေျပာရမယ္ဆိုရင္ Huawei V20 ဟာလည္း LCD မ်က္ႏွာျပင္ကို အေပါက္ေဖာက္ထားတာေတာ့ မဟုတ္ပါဘူး။ Huawei V20ရဲ႕ ကင္မရာဟာ LCD matrix ကို ျဖတ္သန္းၿပီး ပုံရိပ္ေတြကို ရယူႏိုင္တာ ကို ေတြ႕ရပါတယ္။

Samsung ဟာ Crystal Sound OLED Panel နဲ႔ LG G8 ThinQ လိုမ်ိဳး Display ကို Speaker အျဖစ္ အသုံးျပဳဖို႔ကိုလည္း စဥ္းစားေနခဲ့ပါတယ္။ ဒါေပမယ့္ Galaxy S10 Series ေတြမွာေတာ့ အဆိုပါနည္းပညာကို အသုံးမျပဳဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Samsung အေနနဲ႔ အသံထုတ္လႊတ္မႈဆိုင္ရာကို ဘယ္လိုတီထြင္ဆန္းသစ္ျပလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: GSMArena

[Unicode]

အပေါက်မဖောက်ဘဲ မျက်နှာပြင်အောက်မှာ ကင်မရာထည့်သွင်းနိုင်မယ့် နည်းပညာကို ကြိုးစားနေတဲ့ Samsung

Samsung ဟာ Punch-hole တွေကို အဆုံးသတ်ပြီး အပြစ်ကင်းစင်တဲ့ မျက်နှာပြင်ပြည့်စမတ်ဖုန်း ထုတ်လုပ်ဖို့ နောက်ထပ်တစ်နည်း ကြံစည်နေပြန်ပြီ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ Pop-up, Slider သုံးမှာလည်းမဟုတ်သလို မျက်နှာပြင်ကို အပေါက်ဖောက်ဖို့လည်း မလိုတဲ့ နည်းလမ်းဖြစ်ပါတယ်။

မျက်နှာပြင်ကို အပေါက်မဖောက်ဘဲ အဲဒီမျက်နှာပြင်အောက်မှာပဲ ကင်မရာကို တပ်ဆင်ထားဖို့ Samsung က ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီနည်းလမ်းသာ အကောင်အထည်ပေါ်လာခဲ့ရင်တော့ Samsung ဖုန်းတွေဟာ အမှန်တကယ် ၁၀၀ ရာခိုင်နှုန်း မျက်နှာပြင်ပြည့်ဖုန်း ဖြစ်လာမှာပါ။

ဒါပေမယ့် Samsung ရဲ့ ကြိုးပမ်းမှုဟာ လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းတော့ အကောင်အထည်ပေါ်လာမှာမဟုတ်ဘူးလို့ Samsung Mobile Communication R&D Group Display ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Yang Byaung-duk က ပြောပါတယ်။ Samsung အနေနဲ့ ကင်မရာရဲ့ စွမ်းဆောင်ရည်ပိုင်းကို မထိခိုက်စေသလို၊ မျက်နှာပြင်ကို ဖြတ်သန်းပြီး ပုံရိပ်တွေကောင်းမွန်စွာ ဖမ်းယူနိုင်စေမယ့် နည်းပညာပိုင်းကိုတော့ ရောက်ရှိနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။

Samsung ရဲ့ ကြိုးစားမှုဟာ တကယ်လည်း လက်တွေ့မှာ ဖြစ်ပေါ်လာနိုင်စရာအကြောင်းအချက်တွေက ခိုင်ခိုင်လုံလုံ ရှိပြီးသားဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် Huawei V20 ဟာလည်း LCD မျက်နှာပြင်ကို အပေါက်ဖောက်ထားတာတော့ မဟုတ်ပါဘူး။ Huawei V20ရဲ့ ကင်မရာဟာ LCD matrix ကို ဖြတ်သန်းပြီး ပုံရိပ်တွေကို ရယူနိုင်တာ ကို တွေ့ရပါတယ်။

Samsung ဟာ Crystal Sound OLED Panel နဲ့ LG G8 ThinQ လိုမျိုး Display ကို Speaker အဖြစ် အသုံးပြုဖို့ကိုလည်း စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ့် Galaxy S10 Series တွေမှာတော့ အဆိုပါနည်းပညာကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Samsung အနေနဲ့ အသံထုတ်လွှတ်မှုဆိုင်ရာကို ဘယ်လိုတီထွင်ဆန်းသစ် ပြလာမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

Ref: GSMArena