[Zawgyi]

48MP Camera တပ္ဆင္ထားတဲ့ စမတ္ဖုန္းေတြဟာ လြန္ခဲ့တဲ့ ၆လေလာက္ကေန စတင္ၿပီး ဒီေန႔အခ်ိန္ထိ ေရပန္းစားေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာ 48MP Camera ေတြရဲ႕ ေနဝင္ခ်ိန္ကို ေရာက္ရွိလာေတာ့မယ္လို႔ ယူဆရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ 48MP Camera ေတြထက္ ပိုလန္းတဲ့ 64MP Camera ကို Samsung က ထုတ္ျပလိုက္လို႔ ျဖစ္ပါတယ္။

Samsung အေနနဲ႔ ISOCELL Bright GW1 အမည္ရွိ 64MP Camera Sensor အေၾကာင္းကို ဒီေန႔ ေမလ ၉ရက္ေန႔မွာ တရားဝင္ ထုတ္ျပန္ေၾကညာလာပါတယ္။ ISOCELL Bright GW1 ဟာ 64 Megapixel အထိ ေထာက္ပံ့ေပးႏိုင္တယ္ဆိုေပမယ့္ Pixel Size ကေတာ့ 48MP Sensors ေတြလိုမ်ိဴး 0.8 microns ရွိပါတယ္။ အဆိုပါ Sensor ဟာ Pixels ၄ခုကေန ၁ခုအျဖစ္ ေပါင္းစပ္ဖို႔အတြက္ Pixel-binning နည္းပညာကို အေျခခံထားတဲ့ Tetracell Technology ကို အသုံးျပဳထားတာျဖစ္ၿပီး၊ ေနာက္ဆုံး ရလဒ္အေနနဲ႔ 16MP 1.6 micron pixel ဓာတ္ပုံေတြကို ထုတ္ေပးပါတယ္။

Android Authority ရဲ႕ အဆိုအရ GW1 Sensors ေတြရဲ႕ အ႐ြယ္အစားဟာ 1/1.72-inch ရွိတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ 1/2 –inch ရွိတဲ့ 48MP Sensors ေတြထက္ GW1 Sensors ေတြက အ႐ြယ္အစား အနည္းငယ္ပိုႀကီးမွာပါ။ Samsung ကေတာ့ သူတို႔ရဲ႕ GW1 Sensor ဟာ High Dynamic Range (HDR) ကို အခ်ိန္နဲ႔ တေျပးညီ ေထာက္ပံ့ေပးႏိုင္တဲ့အျပင္ တျခားေသာ HDR စနစ္ေတြထက္လည္း သာလြန္ေၾကာင္း ႂကြားလုံးထုတ္ထားပါတယ္။ ဒါ့အျပင္ အဆိုပါ Sensor မွာ Super Phase Detection Auto-focus (S-PDAF), 480fps Video Recording, Dual Conversion Gain (DCG) စနစ္ေတြလည္း ပါဝင္ဦးမယ္လို႔ ဆိုထားပါတယ္။

Samsung အေနနဲ႔ 64MP Sensors အျပင္ မ်ိဴးဆက္သစ္ 48MP Sensor အသစ္ကိုလည္း ထုတ္ျပလာပါေသးတယ္။ အဆိုပါ Sensor ကေတာ့ ISOCELL Bright GM-2 ျဖစ္ၿပီး၊ Redmi Note 7 နဲ႔ တျခားေသာ စမတ္ဖုန္းေတြမွာ အသုံးျပဳခဲ့တဲ့ 48MP GM-1 ရဲ႕ မ်ိဴးဆက္သစ္ Sensor ျဖစ္ပါတယ္။ GM-2 မွာလည္း S-PDAF နဲ႔ DCG စနစ္ေတြ ပါဝင္လာမယ္လို႔ ဆိုပါတယ္။ အဆိုပါ Sensor ၂မ်ိဴးစလုံးကို ဒုတိယႏွစ္ဝက္ထဲမွာ စတင္ထုတ္လုပ္ေတာ့မွာျဖစ္တဲ့အတြက္ 64MP Camera စမတ္ဖုန္းေတြကို ၂၀၁၉ခုႏွစ္ထဲမွာ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Ref: Android Authority

[Unicode]

64MP Camera Sensor ကို ထုတ်ပြလိုက်တဲ့ Samsung

48MP Camera တပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေဟာ လွန်ခဲ့တဲ့ ၆လလောက်ကနေ စတင်ပြီး ဒီနေ့အချိန်ထိ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ 48MP Camera တွေရဲ့ နေဝင်ချိန်ကို ရောက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 48MP Camera တွေထက် ပိုလန်းတဲ့ 64MP Camera ကို Samsung က ထုတ်ပြလိုက်လို့ ဖြစ်ပါတယ်။

Samsung အနေနဲ့ ISOCELL Bright GW1 အမည်ရှိ 64MP Camera Sensor အကြောင်းကို ဒီနေ့ မေလ ၉ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။ ISOCELL Bright GW1 ဟာ 64 Megapixel အထိ ထောက်ပံ့ပေးနိုင်တယ်ဆိုပေမယ့် Pixel Size ကတော့ 48MP Sensors တွေလိုမျိူး 0.8 microns ရှိပါတယ်။ အဆိုပါ Sensor ဟာ Pixels ၄ခုကနေ ၁ခုအဖြစ် ပေါင်းစပ်ဖို့အတွက် Pixel-binning နည်းပညာကို အခြေခံထားတဲ့ Tetracell Technology ကို အသုံးပြုထားတာဖြစ်ပြီး၊ နောက်ဆုံး ရလဒ်အနေနဲ့ 16MP 1.6 micron pixel ဓာတ်ပုံတွေကို ထုတ်ပေးပါတယ်။

Android Authority ရဲ့ အဆိုအရ GW1 Sensors တွေရဲ့ အရွယ်အစားဟာ 1/1.72-inch ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် 1/2 –inch ရှိတဲ့ 48MP Sensors တွေထက် GW1 Sensors တွေက အရွယ်အစား အနည်းငယ်ပိုကြီးမှာပါ။ Samsung ကတော့ သူတို့ရဲ့ GW1 Sensor ဟာ High Dynamic Range (HDR) ကို အချိန်နဲ့ တပြေးညီ ထောက်ပံ့ပေးနိုင်တဲ့အပြင် တခြားသော HDR စနစ်တွေထက်လည်း သာလွန်ကြောင်း ကြွားလုံးထုတ်ထားပါတယ်။ ဒါ့အပြင် အဆိုပါ Sensor မှာ Super Phase Detection Auto-focus (S-PDAF), 480fps Video Recording, Dual Conversion Gain (DCG) စနစ်တွေလည်း ပါဝင်ဦးမယ်လို့ ဆိုထားပါတယ်။

Samsung အနေနဲ့ 64MP Sensors အပြင် မျိူးဆက်သစ် 48MP Sensor အသစ်ကိုလည်း ထုတ်ပြလာပါသေးတယ်။ အဆိုပါ Sensor ကတော့ ISOCELL Bright GM-2 ဖြစ်ပြီး၊ Redmi Note 7 နဲ့ တခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ 48MP GM-1 ရဲ့ မျိူးဆက်သစ် Sensor ဖြစ်ပါတယ်။ GM-2 မှာလည်း S-PDAF နဲ့ DCG စနစ်တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ အဆိုပါ Sensor ၂မျိူးစလုံးကို ဒုတိယနှစ်ဝက်ထဲမှာ စတင်ထုတ်လုပ်တော့မှာဖြစ်တဲ့အတွက် 64MP Camera စမတ်ဖုန်းတွေကို ၂၀၁၉ခုနှစ်ထဲမှာ မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

Ref: Android Authority