[Zawgyi]

ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားႏွင့္ application မ်ားအား ယုံၾကည္စိတ္ခ်စြာသိမ္းဆည္းထားႏိုင္ေသာ Samsung Galaxy Smartphone မ်ား၏ လုံၿခဳံေရးစနစ္

Samsung သုံးစြဲသူမ်ားအေနျဖင့္ လုံၿခဳံစိတ္ခ်ရေသာ Secure Folder၊ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ား ႏွင့္ လွ်ိဳ႕ဝွက္လိုသည့္အခ်က္အလက္မ်ားအား သိမ္းဆည္းႏိုင္သည့္ Samsung ၏ ေနာက္ဆုံးေပၚ Knox လုံၿခဳံေရးပလက္ေဖာင္းတို႔အား ဖုန္းတစ္လုံးတည္းတြင္ ထည့္သြင္းအသုံးျပဳႏိုင္ေသာေၾကာင့္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားေပါက္ၾကားမည္ကို စိုးရိမ္ရန္မလိုအပ္ဘဲ Samsung Galaxy စမတ္ဖုန္းမ်ားကို စိတ္ေအးခ်မ္းသာစြာ အသုံးျပဳႏိုင္မည္ျဖစ္သည္။

“အခုေခတ္အေျပာင္းအလဲေတြက အခ်ိန္နဲ႔တေျပးညီ အလ်င္အျမန္ ျဖစ္ပ်က္ေနတဲ့အတြက္ အမီလိုက္ဖို႔ လိုအပ္ေနပါၿပီ။ တစ္ခါတစ္ေလ တခ်ိဳ႕ကိစၥေတြနဲ႔ အလုပ္ရႈပ္ၿပီး လုံၿခဳံေရးဆိုတာကို ေနာက္မွေတြးမိတတ္ၾကတဲ့အတြက္လည္း Samsung Knox ကို ကြၽန္ေတာ္တို႔ဖန္တီးထားတာ ျဖစ္ပါတယ္။ ဘယ္သူမဆို ကိုယ့္ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ေပါက္ၾကားတာနဲ႔ ပတ္သက္ၿပီး တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ႀကဳံေတြ႕ရတတ္တဲ့အတြက္ ဒါကိုႀကိဳတင္ကာကြယ္ဖို႔ Knox ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူေတြပိုၿပီး အသုံးျပဳလာေအာင္ တိုက္တြန္းအႀကံျပဳသြားမွာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္ဝင္းထက္မွေျပာၾကားသည္။

လုံၿခဳံစိတ္ခ်ရေသာ Secure Folder ပါဝင္ေသာေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ မိမိ၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားႏွင့္ application မ်ားအား ဖုန္းအတြင္း လွ်ိဳ႕ဝွက္စြာ သိမ္းဆည္းအသုံးျပဳႏိုင္မည္ျဖစ္သည္။ သုံးစြဲေနၾကျဖစ္သည့္ ဖုန္းအတြင္းေမာင္းႏွင္သည့္ OS ႏွင့္အတူ တြဲဖက္ပါရွိေသာ application မ်ားတြင္ပါဝင္သည့္ အခ်က္အလက္မ်ားကို Secure Folder အတြင္းေျပာင္းေ႐ႊ႕ႏိုင္ရန္ Menu တြင္ပါရွိေသာ ‘Add to Secure Folder’ အား ေ႐ြးခ်ယ္၍ အလြယ္တကူေျပာင္းေ႐ႊ႕ႏိုင္မည္ျဖစ္သည္။ သုံးစြဲသူမ်ား အေနျဖင့္ အႀကိဳက္ႏွစ္သက္ဆုံး application မ်ားကိုလည္း ပုံတူကူးယူ၍ Profile တစ္ခုေျပာင္းလဲကာ ဝင္ေရာက္အသုံးျပဳႏိုင္သည္။ ထို႔အျပင္ Profile တစ္ခုခ်င္းစီအတြက္ အေၾကာင္းအရာမ်ားကို လြတ္လပ္စြာ ထိန္းခ်ဳပ္ေျပာင္းလဲႏိုင္မည္ျဖစ္ေသာေၾကာင့္ Profile အသီးသီးကို သီးသန႔္မွတ္သားထားမည္ျဖစ္သည္။

ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားပိုမိုလုံၿခဳံမႈရွိေစရန္ သုံးစြဲသူမ်ားအေနျဖင့္ Secure Folder အား မိမိႀကိဳက္ႏွစ္သက္ရာ နာမည္ႏွင့္ Icon ပါ ေျပာင္းလဲအသုံးျပဳႏိုင္မည္ျဖစ္သည္။ ဒါ့အျပင္ Quick Panel အား အသုံးျပဳ၍ ဖုန္း၏ home screen မွတစ္ဆင့္ Secure Folder icon အား သိုဝွက္ထားႏိုင္မည္ျဖစ္သည္။

Secure Folder တြင္ Cloud အေျခခံ backup ႏွင့္ restore စနစ္အားထည့္သြင္းထားေသာေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ဖုန္းအမ်ိဳးအစားေျပာင္းလဲသည့္အခါတြင္လည္း လြယ္ကူစြာ ေျပာင္းလဲခ်ိန္ညႇိၿပီးသုံးစြဲႏိုင္မည္ျဖစ္သည္။ အဆိုပါ Secure Folder ႏွင့္အတူ စပ္တပ္သုံးအဆင့္မီ လုံၿခဳံေရး ပလက္ေဖာင္း Samsung Knox အား ထည့္သြင္းေပးထားေသာေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားအား မ်က္စိေရွ႕ေမွာက္တြင္လည္း သိသာထင္ရွားစြာ သိမ္းဆည္းေပးႏိုင္မည္ျဖစ္သည္။ Secure Folder အတြင္း ဝင္ေရာက္စီမံရန္ သုံးစြဲသူမ်ားအေနျဖင့္ ဖုန္းပိုင္ရွင္စစ္မွန္ေၾကာင္းသက္ေသျပႏိုင္သည့္ လွ်ိဳ႕ဝွက္နံပါတ္၊ အမွတ္အသား၊ စကားလုံး သို႔မဟုတ္ လက္ေဗြရာစနစ္ အစရွိသည့္ biometric အတည္ျပဳခ်က္စနစ္တို႔ကို အသုံးျပဳ၍သာ ဝင္ေရာက္ႏိုင္မည္ျဖစ္သည္။

“မိုဘိုင္းဖုန္းေတြ နဲ႔ အျခား ထုတ္ကုန္ေတြက သုံးစြဲသူေတြရဲ႕ အလုပ္၊ အိမ္နဲ႔ ေန႔စဥ္သြားလာလႈပ္ရွားေနရတဲ့ဘဝမွာ ဘယ္ေလာက္အေရးပါတယ္ဆိုတာကို ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ နားလည္တဲ့အတြက္ Samsung Knox ဟာဆိုရင္လည္း သုံးစြဲသူေတြ တကယ္ေနထိုင္တဲ့လူေနမႈဘဝမွာ အလြန္အေရးပါတဲ့ လုံၿခဳံေရးဆိုင္ရာနည္းပညာ တစ္ခုျဖစ္ပါတယ္။ Samsung Device ေတြကို စဖြင့္လိုက္တာနဲ႔ Knox က ဖုန္းစနစ္တစ္ခုလုံးကိုသာမကဘဲ ဖုန္းထဲမွာ သိမ္းဆည္းထားတဲ့ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးကိုယ္တာ၊ အလုပ္နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို အဆက္မျပတ္ ကာကြယ္ေပးေနမွာ ျဖစ္ပါတယ္။ ထုတ္ကုန္ေတြထဲမွာ အစကတည္းက ပါဝင္ေနတာေၾကာင့္ Knox ဟာ ကြၽန္ေတာ္တို႔ကို ေန႔ညမေ႐ြး လုံၿခဳံမႈေပးေနမွာပါ” ဟု ကိုဇာနည္ဝင္းထက္မွ ထပ္မံျဖည့္စြက္ေျပာၾကားသည္။

Samsung ၏ Knox သည္ Samsung ထုတ္ကုန္သုံးစြဲသူမ်ား၏ လုံၿခဳံေရး အတြက္ အထူးထုတ္လုပ္ထားသည့္ စနစ္တစ္ခုျဖစ္သည္။ အဆိုပါ စနစ္သည္ သုံးစြဲသူမ်ားအေနျဖင့္ အခ်ိန္၊ ေနရာမေ႐ြး လုပ္ေဆာင္လိုသည္မ်ားအား လုံၿခဳံစိတ္ခ်ရေသာ ထုတ္ကုန္ပစၥည္းမ်ားမွတဆင့္ စိတ္တိုင္းက်လုပ္ေဆာင္ႏိုင္ေစမည္ ျဖစ္သည္။ အဆိုပါ Samsung Knox ပလက္ေဖာင္းကို Samsung ၏ စမတ္ဖုန္းမ်ား၊ တက္ဘလက္မ်ားႏွင့္ Wearable မ်ားအတြင္း စတင္ထုတ္လုပ္သည့္အခ်ိန္ကတည္းကစ၍ အဆင္သင့္ထည့္သြင္းထားေသာေၾကာင့္ ဖုန္းဘူးအားဖြင့္ၿပီး စတင္အသုံးျပဳသည္ႏွင့္တစ္ၿပိဳင္နက္ Knox အားအသုံးျပဳႏိုင္မည္ ျဖစ္သည္။ Knox ပလက္ေဖာင္းတြင္ ဖုန္းစနစ္အတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္ျခင္း (Intrusion)၊ ဖုန္းႏွင့္ ဖုန္းစနစ္အား ေႏွးေကြးေစ၊ ပ်က္စီးေစႏိုင္ေသာ စနစ္ (Malward) ႏွင့္ အျခား အႏၲရာယ္ျဖစ္ေစႏိုင္မည့္ ၿခိမ္းေျခာက္မႈမ်ားအား ကာကြယ္ေပးႏိုင္မည့္ အဆင့္မ်ားစြာထည့္သြင္းဖန္တီးထားေသာ ကာကြယ္ေရးစနစ္ႏွင့္ လုံၿခဳံေရး လုပ္ေဆာင္ခ်က္မ်ား ပါဝင္သည္။

[Unicode]

ပိုမိုချိတ်ဆက်သော လူနေမှုဘဝနှင့် လုံခြုံစိတ်ချမှုကိုပေးစွမ်းမည့် Samsung ၏ Knox နည်းပညာ

ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် application များအား ယုံကြည်စိတ်ချစွာသိမ်းဆည်းထားနိုင်သော Samsung Galaxy Smartphone များ၏ လုံခြုံရေးစနစ်

Samsung သုံးစွဲသူများအနေဖြင့် လုံခြုံစိတ်ချရသော Secure Folder၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် လျှို့ဝှက်လိုသည့်အချက်အလက်များအား သိမ်းဆည်းနိုင်သည့် Samsung ၏ နောက်ဆုံးပေါ် Knox လုံခြုံရေးပလက်ဖောင်းတို့အား ဖုန်းတစ်လုံးတည်းတွင် ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားမည်ကို စိုးရိမ်ရန်မလိုအပ်ဘဲ Samsung Galaxy စမတ်ဖုန်းများကို စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

“အခုခေတ်အပြောင်းအလဲတွေက အချိန်နဲ့တပြေးညီ အလျင်အမြန် ဖြစ်ပျက်နေတဲ့အတွက် အမီလိုက်ဖို့ လိုအပ်နေပါပြီ။ တစ်ခါတစ်လေ တချို့ကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး လုံခြုံရေးဆိုတာကို နောက်မှတွေးမိတတ်ကြတဲ့အတွက်လည်း Samsung Knox ကို ကျွန်တော်တို့ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားတာနဲ့ ပတ်သက်ပြီး တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတတ်တဲ့အတွက် ဒါကိုကြိုတင်ကာကွယ်ဖို့ Knox ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေပိုပြီး အသုံးပြုလာအောင် တိုက်တွန်းအကြံပြုသွားမှာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှပြောကြားသည်။

လုံခြုံစိတ်ချရသော Secure Folder ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် application များအား ဖုန်းအတွင်း လျှို့ဝှက်စွာ သိမ်းဆည်းအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲနေကြဖြစ်သည့် ဖုန်းအတွင်းမောင်းနှင်သည့် OS နှင့်အတူ တွဲဖက်ပါရှိသော application များတွင်ပါဝင်သည့် အချက်အလက်များကို Secure Folder အတွင်းပြောင်းရွှေ့နိုင်ရန် Menu တွင်ပါရှိသော ‘Add to Secure Folder’ အား ရွေးချယ်၍ အလွယ်တကူပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် အကြိုက်နှစ်သက်ဆုံး application များကိုလည်း ပုံတူကူးယူ၍ Profile တစ်ခုပြောင်းလဲကာ ဝင်ရောက်အသုံးပြုနိုင်သည်။ ထို့အပြင် Profile တစ်ခုချင်းစီအတွက် အကြောင်းအရာများကို လွတ်လပ်စွာ ထိန်းချုပ်ပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် Profile အသီးသီးကို သီးသန့်မှတ်သားထားမည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များပိုမိုလုံခြုံမှုရှိစေရန် သုံးစွဲသူများအနေဖြင့် Secure Folder အား မိမိကြိုက်နှစ်သက်ရာ နာမည်နှင့် Icon ပါ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ဒါ့အပြင် Quick Panel အား အသုံးပြု၍ ဖုန်း၏ home screen မှတစ်ဆင့် Secure Folder icon အား သိုဝှက်ထားနိုင်မည်ဖြစ်သည်။

Secure Folder တွင် Cloud အခြေခံ backup နှင့် restore စနစ်အားထည့်သွင်းထားသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းအမျိုးအစားပြောင်းလဲသည့်အခါတွင်လည်း လွယ်ကူစွာ ပြောင်းလဲချိန်ညှိပြီးသုံးစွဲနိုင်မည်ဖြစ်သည်။ အဆိုပါ Secure Folder နှင့်အတူ စပ်တပ်သုံးအဆင့်မီ လုံခြုံရေး ပလက်ဖောင်း Samsung Knox အား ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား မျက်စိရှေ့မှောက်တွင်လည်း သိသာထင်ရှားစွာ သိမ်းဆည်းပေးနိုင်မည်ဖြစ်သည်။ Secure Folder အတွင်း ဝင်ရောက်စီမံရန် သုံးစွဲသူများအနေဖြင့် ဖုန်းပိုင်ရှင်စစ်မှန်ကြောင်းသက်သေပြနိုင်သည့် လျှို့ဝှက်နံပါတ်၊ အမှတ်အသား၊ စကားလုံး သို့မဟုတ် လက်ဗွေရာစနစ် အစရှိသည့် biometric အတည်ပြုချက်စနစ်တို့ကို အသုံးပြု၍သာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

“မိုဘိုင်းဖုန်းတွေ နဲ့ အခြား ထုတ်ကုန်တွေက သုံးစွဲသူတွေရဲ့ အလုပ်၊ အိမ်နဲ့ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ Samsung အနေနဲ့ နားလည်တဲ့အတွက် Samsung Knox ဟာဆိုရင်လည်း သုံးစွဲသူတွေ တကယ်နေထိုင်တဲ့လူနေမှုဘဝမှာ အလွန်အရေးပါတဲ့ လုံခြုံရေးဆိုင်ရာနည်းပညာ တစ်ခုဖြစ်ပါတယ်။ Samsung Device တွေကို စဖွင့်လိုက်တာနဲ့ Knox က ဖုန်းစနစ်တစ်ခုလုံးကိုသာမကဘဲ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ၊ အလုပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အဆက်မပြတ် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေထဲမှာ အစကတည်းက ပါဝင်နေတာကြောင့် Knox ဟာ ကျွန်တော်တို့ကို နေ့ညမရွေး လုံခြုံမှုပေးနေမှာပါ” ဟု ကိုဇာနည်ဝင်းထက်မှ ထပ်မံဖြည့်စွက်ပြောကြားသည်။

Samsung ၏ Knox သည် Samsung ထုတ်ကုန်သုံးစွဲသူများ၏ လုံခြုံရေး အတွက် အထူးထုတ်လုပ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ အဆိုပါ စနစ်သည် သုံးစွဲသူများအနေဖြင့် အချိန်၊ နေရာမရွေး လုပ်ဆောင်လိုသည်များအား လုံခြုံစိတ်ချရသော ထုတ်ကုန်ပစ္စည်းများမှတဆင့် စိတ်တိုင်းကျလုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ အဆိုပါ Samsung Knox ပလက်ဖောင်းကို Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Wearable များအတွင်း စတင်ထုတ်လုပ်သည့်အချိန်ကတည်းကစ၍ အဆင်သင့်ထည့်သွင်းထားသောကြောင့် ဖုန်းဘူးအားဖွင့်ပြီး စတင်အသုံးပြုသည်နှင့်တစ်ပြိုင်နက် Knox အားအသုံးပြုနိုင်မည် ဖြစ်သည်။ Knox ပလက်ဖောင်းတွင် ဖုန်းစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း (Intrusion)၊ ဖုန်းနှင့် ဖုန်းစနစ်အား နှေးကွေးစေ၊ ပျက်စီးစေနိုင်သော စနစ် (Malward) နှင့် အခြား အန္တရာယ်ဖြစ်စေနိုင်မည့် ခြိမ်းခြောက်မှုများအား ကာကွယ်ပေးနိုင်မည့် အဆင့်များစွာထည့်သွင်းဖန်တီးထားသော ကာကွယ်ရေးစနစ်နှင့် လုံခြုံရေး လုပ်ဆောင်ချက်များ ပါဝင်သည်။