Zawgyi

Samsung ကုမၸဏီရဲ႕ PlayGalaxy Link App အတြက္ ဘီတာစမ္းသပ္ဗားရွင္းကို ယေန႔မွ စတင္ၿပီး ထုတ္လႊင့္လုိက္ပါၿပီ။ ေလာေလာဆယ္မွာေတာ့ အေမရိကန္ႏုိင္ငံအတြင္းက Galaxy Note10 နဲ႔ Note10+ ဟန္းဆက္ေတြမွာသာ အသုံးျပဳႏုိင္ဦးမွာျဖစ္ေပမယ့္ ေနာက္ထပ္ႏုိင္ငံေတြနဲ႔ ဟန္းဆက္ေတြမွာလည္း မၾကာခင္ ထပ္မံရရွိလာမွာပါ။

PlayGalaxy အက္ပလီေကးရွင္းဟာ သင့္ပီစီကြန္ပ်ဴတာမွာ Run ေနတဲ့ ဂိမ္းတစ္ခုကို ဖုန္းေပၚသုိ႔ ပုိ႔ေဆာင္ၿပီး ဖုန္းနဲ႔ထိန္းခ်ဳပ္ၾကည့္ရႈေဆာ့ကစားႏုိင္ေစပါတယ္။ အခုႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ Valve ရဲ႕ Steam Link နဲ႔သေဘာတရားျခင္း အတူတူပါပဲ။

မုိဘုိင္းဟန္းဆက္ေပၚမွာေဆာ့မယ္ဆုိရင္ ဖုန္းရဲ႕ Touchscreen နဲ႔တင္ မလုံေလာက္ဘဲ ဂိမ္းလက္ကုိင္ လိုအပ္မွာပါ။ Bluetooth နဲ႔ခ်ိတ္ဆက္ရတဲ့ Gamepad ေတြသာမက ကီးဘုတ္နဲ႔ ေမာက္စ္ေတြနဲ႔လည္း ခ်ိတ္ဆက္အသုံးျပဳႏုိင္ပါတယ္။ လုံးဝမရႏုိင္ဘူးဆုိရင္လည္း Virtual Gamepad ကို Display ေပၚမွာ အသုံးျပဳႏုိင္ေပမယ့္ ေဆာ့ရတာ ခက္ခဲသြားမွာပါ။

အရင္က Sony Xperia 5 စမတ္ဖုန္းကို PS4 လက္ကိုင္ DualShock 4 နဲ႔ခ်ိတ္ဆက္ႏုိင္သလိုမ်ဳိး PlayGalaxy အတြက္လည္း Xbox Controller ေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ ဒါ့အျပင္ Galaxy ဟန္းဆက္ေတြနဲ႔ ကိုက္ညီေအာင္ ထုတ္လုပ္ထားတဲ့ Controller အခ်ဳိ႕ကိုလည္း Samsung က ျပသထားပါတယ္။

ဒါကိုအသုံးျပဳဖို႔ဆုိရင္ သင့္ရဲ႕ PC ဟာ Windows 10 OS အသုံးျပဳေနရမွာျဖစ္ၿပီး အနိမ့္ဆုံး Nvidia GTX 1060 သို႔ AMD Radeon 550 ၊ Intel Core i5 ၊ 8GB RAM မန္မုိရီနဲ႔ ခ်ိတ္ဆက္ထားဖို႔ ျမန္ႏႈန္းျမင့္ အင္တာနက္တုိ႔ေတာ့ လိုအပ္မွာပါ။ Steam Link တုန္းကလိုပဲ PC မွာ Install လုပ္လိုက္တဲ့ဂိမ္းဟာ ဖုန္းထဲက Library မွာ အလိုအေလွ်ာက္ေပၚေနမွာျဖစ္ပါတယ္။

PlayGalaxy ဟာမၾကာခင္မွာ Samsung ဟန္းဆက္ေတြေပၚကို ပိုမုိပ်ံ႕ႏွံ႔လာမွာေသခ်ာတဲ့အတြက္ စိတ္ဝင္စားတဲ့သူေတြဟာ PlayGalaxy.com ကိုသြားေရာက္ေလ့လာထားသင့္ပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီရဲ့ PlayGalaxy Link App အတွက် ဘီတာစမ်းသပ်ဗားရှင်းကို ယနေ့မှ စတင်ပြီး ထုတ်လွှင့်လိုက်ပါပြီ။ လောလောဆယ်မှာတော့ အမေရိကန်နိုင်ငံအတွင်းက Galaxy Note10 နဲ့ Note10+ ဟန်းဆက်တွေမှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် နောက်ထပ်နိုင်ငံတွေနဲ့ ဟန်းဆက်တွေမှာလည်း မကြာခင် ထပ်မံရရှိလာမှာပါ။

PlayGalaxy အက်ပလီကေးရှင်းဟာ သင့်ပီစီကွန်ပြူတာမှာ Run နေတဲ့ ဂိမ်းတစ်ခုကို ဖုန်းပေါ်သို့ ပို့ဆောင်ပြီး ဖုန်းနဲ့ထိန်းချုပ်ကြည့်ရှုဆော့ကစားနိုင်စေပါတယ်။ အခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Valve ရဲ့ Steam Link နဲ့သဘောတရားခြင်း အတူတူပါပဲ။

မိုဘိုင်းဟန်းဆက်ပေါ်မှာဆော့မယ်ဆိုရင် ဖုန်းရဲ့ Touchscreen နဲ့တင် မလုံလောက်ဘဲ ဂိမ်းလက်ကိုင် လိုအပ်မှာပါ။ Bluetooth နဲ့ချိတ်ဆက်ရတဲ့ Gamepad တွေသာမက ကီးဘုတ်နဲ့ မောက်စ်တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ လုံးဝမရနိုင်ဘူးဆိုရင်လည်း Virtual Gamepad ကို Display ပေါ်မှာ အသုံးပြုနိုင်ပေမယ့် ဆော့ရတာ ခက်ခဲသွားမှာပါ။

အရင်က Sony Xperia 5 စမတ်ဖုန်းကို PS4 လက်ကိုင် DualShock 4 နဲ့ချိတ်ဆက်နိုင်သလိုမျိုး PlayGalaxy အတွက်လည်း Xbox Controller တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် Galaxy ဟန်းဆက်တွေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ Controller အချို့ကိုလည်း Samsung က ပြသထားပါတယ်။

ဒါကိုအသုံးပြုဖို့ဆိုရင် သင့်ရဲ့ PC ဟာ Windows 10 OS အသုံးပြုနေရမှာဖြစ်ပြီး အနိမ့်ဆုံး Nvidia GTX 1060 သို့ AMD Radeon 550 ၊ Intel Core i5 ၊ 8GB RAM မန်မိုရီနဲ့ ချိတ်ဆက်ထားဖို့ မြန်နှုန်းမြင့် အင်တာနက်တို့တော့ လိုအပ်မှာပါ။ Steam Link တုန်းကလိုပဲ PC မှာ Install လုပ်လိုက်တဲ့ဂိမ်းဟာ ဖုန်းထဲက Library မှာ အလိုအလျှောက်ပေါ်နေမှာဖြစ်ပါတယ်။

PlayGalaxy ဟာမကြာခင်မှာ Samsung ဟန်းဆက်တွေပေါ်ကို ပိုမိုပျံ့နှံ့လာမှာသေချာတဲ့အတွက် စိတ်ဝင်စားတဲ့သူတွေဟာ PlayGalaxy.com ကိုသွားရောက်လေ့လာထားသင့်ပါတယ်။

Ref – GSM Arena