Zawgyi

Samsung ကုမၸဏီဟာ တ႐ုတ္ႏိုင္ငံအတြင္းမွာ ဟန္းဆက္အသစ္တစ္မ်ိဴးကို မိတ္ဆက္လာခဲ့ၿပီး Samsung W20 5G လို႔အမည္ေပးထားပါတယ္။ ဒီစမတ္ဖုန္းဟာ 5G ရရွိႏိုင္တဲ့ Foldable ဟန္းဆက္တစ္လုံးျဖစ္ပါတယ္။ အရင္က တရုတ္ေစ်းကြက္အတြက္ သီးသန္႔ထုတ္လုပ္တဲ့ W စီးရီးစမတ္ဖုန္းေတြလိုမဟုတ္ဘဲ Snapdragon 855+ အသုံးျပဳလာတဲ့ ပထမဆုံး Samsung ဖုန္းလည္း ျဖစ္ပါတယ္။

ယခင္ W စီးရီးဖုန္းေတြဟာ တရုတ္ျပည္တြင္းက Clamshell ေခါက္ဖုန္းဒီဇုိင္းပရိသတ္ေတြအတြက္ Samsung က ထုတ္လုပ္ခဲ့တဲ့ ထုတ္ကုန္လိုင္းပါ။ သူတုိ႔မွာ Dual-display, ရုိးရာ Keypad နဲ႔ ျမင့္မားတဲ့ေစ်းႏႈန္းတုိ႔ ပါဝင္ေလ့ရွိၿပီး ဒီတစ္ခါ ျမင့္မားတဲ့ေစ်းႏႈန္းကိုပဲ ဆက္လက္ထိန္းသိမ္းလာခဲ့ပါတယ္။

ဒါ့ေၾကာင့္ Samsung W20 ဟာ သူ႕အရင္က မ်ဳိးဆက္ေဟာင္းေတြနဲ႔ ဒီဇုိင္းပုိင္းတူညီမႈ လုံးဝမရွိဘဲ Foldable ဖုန္းနဲ႔ 5G ဖုန္းေတြကို လိုလားမႈျမင့္မားေနတဲ့ တရုတ္ေစ်းကြက္အတြက္ Galaxy Fold ကို 5G ဗားရွင္းအျဖစ္ ေျပာင္းလဲထုတ္လုပ္လာတာလို႔ ဆုိရမွာပါ။

ဒီဖုန္းမွာ 4.6” လက္မအရြယ္ Super AMOLED Display တစ္ခုကို အျပင္မွာတပ္ဆင္ထားၿပီး ျဖန္႔ခ်လိုက္ရင္ေတာ့ 7.3” လက္မအရြယ္ Super AMOLED Display ကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ခုနကေျပာခဲ့သလို ဒီဖုန္းဟာ Snapdragon 855+ ခ်စ္ပ္ဆက္အသုံးျပဳလာတဲ့ ပထမဆုံး Samsung ဖုန္းလည္းျဖစ္ၿပီး 12GB RAM / 512GB Storage တုိ႔နဲ႔ တြဲဖက္ထားတယ္။

အတြင္း Display ရဲ႕အေပၚညာဘက္ေထာင့္မွာ 10MP + 8MP ကင္မရာႏွစ္လုံးကို ေတြ႕ရၿပီး ဖုန္းရဲ႕ေနာက္ဘက္မွာေတာ့ 12MP အဓိက ကင္မရာ၊ 16MP Ultrawide နဲ႔ 12MP Telephoto တုိ႔ပါဝင္ပါတယ္။ ေရွ႕ဘက္ Display မွာလည္း Selfie နဲ႔ Video Call ေတြအတြက္ Main Display ႀကီးကို Unfold လုပ္ၿပီးေျပာမေနရေအာင္ 10MP ကင္မရာေလးတစ္လုံး ပါပါေသးတယ္။

Samsung W20 5G ဖုန္းမွာ စုစုေပါင္း 4,235 mAh ထိရွိတဲ့ Dual-cell ဘကၳရီတစ္ခုကို အသုံးျပဳထားတယ္။ Reverse Wireless Charging စနစ္ပါဝင္တဲ့အတြက္ သူ႕ကိုအသုံးျပဳၿပီး အျခားဖုန္းေတြကို အားျပန္သြင္းလုိ႔ရပါတယ္။ W စီးရီးဖုန္းေတြဟာ တရုတ္ျပည္ပကို ထြက္လာေလ့မရွိတဲ့ထုံးစံကိုေတာ့ W20 5G လည္း လုိက္နာဦးမယ့္ပုံစံပါပဲ။

Ref – Gizmo China

Unicode

Samsung ကုမ္ပဏီဟာ တရုတ်နိုင်ငံအတွင်းမှာ ဟန်းဆက်အသစ်တစ်မျိူးကို မိတ်ဆက်လာခဲ့ပြီး Samsung W20 5G လို့အမည်ပေးထားပါတယ်။ ဒီစမတ်ဖုန်းဟာ 5G ရရှိနိုင်တဲ့ Foldable ဟန်းဆက်တစ်လုံးဖြစ်ပါတယ်။ အရင်က တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်တဲ့ W စီးရီးစမတ်ဖုန်းတွေလိုမဟုတ်ဘဲ Snapdragon 855+ အသုံးပြုလာတဲ့ ပထမဆုံး Samsung ဖုန်းလည်း ဖြစ်ပါတယ်။

ယခင် W စီးရီးဖုန်းတွေဟာ တရုတ်ပြည်တွင်းက Clamshell ခေါက်ဖုန်းဒီဇိုင်းပရိသတ်တွေအတွက် Samsung က ထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်လိုင်းပါ။ သူတို့မှာ Dual-display, ရိုးရာ Keypad နဲ့ မြင့်မားတဲ့ဈေးနှုန်းတို့ ပါဝင်လေ့ရှိပြီး ဒီတစ်ခါ မြင့်မားတဲ့ဈေးနှုန်းကိုပဲ ဆက်လက်ထိန်းသိမ်းလာခဲ့ပါတယ်။

ဒါ့ကြောင့် Samsung W20 ဟာ သူ့အရင်က မျိုးဆက်ဟောင်းတွေနဲ့ ဒီဇိုင်းပိုင်းတူညီမှု လုံးဝမရှိဘဲ Foldable ဖုန်းနဲ့ 5G ဖုန်းတွေကို လိုလားမှုမြင့်မားနေတဲ့ တရုတ်ဈေးကွက်အတွက် Galaxy Fold ကို 5G ဗားရှင်းအဖြစ် ပြောင်းလဲထုတ်လုပ်လာတာလို့ ဆိုရမှာပါ။

ဒီဖုန်းမှာ 4.6” လက်မအရွယ် Super AMOLED Display တစ်ခုကို အပြင်မှာတပ်ဆင်ထားပြီး ဖြန့်ချလိုက်ရင်တော့ 7.3” လက်မအရွယ် Super AMOLED Display ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ခုနကပြောခဲ့သလို ဒီဖုန်းဟာ Snapdragon 855+ ချစ်ပ်ဆက်အသုံးပြုလာတဲ့ ပထမဆုံး Samsung ဖုန်းလည်းဖြစ်ပြီး 12GB RAM / 512GB Storage တို့နဲ့ တွဲဖက်ထားတယ်။

အတွင်း Display ရဲ့အပေါ်ညာဘက်ထောင့်မှာ 10MP + 8MP ကင်မရာနှစ်လုံးကို တွေ့ရပြီး ဖုန်းရဲ့နောက်ဘက်မှာတော့ 12MP အဓိက ကင်မရာ၊ 16MP Ultrawide နဲ့ 12MP Telephoto တို့ပါဝင်ပါတယ်။ ရှေ့ဘက် Display မှာလည်း Selfie နဲ့ Video Call တွေအတွက် Main Display ကြီးကို Unfold လုပ်ပြီးပြောမနေရအောင် 10MP ကင်မရာလေးတစ်လုံး ပါပါသေးတယ်။

Samsung W20 5G ဖုန်းမှာ စုစုပေါင်း 4,235 mAh ထိရှိတဲ့ Dual-cell ဘက္ထရီတစ်ခုကို အသုံးပြုထားတယ်။ Reverse Wireless Charging စနစ်ပါဝင်တဲ့အတွက် သူ့ကိုအသုံးပြုပြီး အခြားဖုန်းတွေကို အားပြန်သွင်းလို့ရပါတယ်။ W စီးရီးဖုန်းတွေဟာ တရုတ်ပြည်ပကို ထွက်လာလေ့မရှိတဲ့ထုံးစံကိုတော့ W20 5G လည်း လိုက်နာဦးမယ့်ပုံစံပါပဲ။

Ref – Gizmo China