Samsung Galaxy F22 ကို အိန္ဒိယမှာ တရားဝင် ကြေညာလိုက်ပါပြီ။ Samsung က Galaxy A22 ကို အာရှဈေးကွက်မှာ တခြား နာမည်အသစ်တစ်ခုနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ F22 ရဲ့ အဓိက အစိတ်အပိုင်းထဲမှာ Helio G80 Chipset ၊ Super AMOLED မျက်နှာပြင်နဲ့ ကင်မရာ ၄ လုံး ပါဝင်ပါတယ်။

Samsung Galaxy F22 နဲ့ Galaxy A22 ရဲ့ ကွဲပြားချက်က အနောက်ဘက် ဒီဇိုင်းနဲ့ အရောင်တွေ ဖြစ်ပါတယ်။ F22 မှာ အနောက်ဘက်မှာ လှိုင်းတွန့် ဒီဇိုင်း သုံးထားပြီး အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။ အရွယ်ကြီး 6,000mAh ဘက်ထရီက ဖုန်းရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။

Samsung Galaxy F22 မှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပေမယ့် HD+ Resolution က သိပ်မမိုက်ပါဘူး။ ဒါပေမယ့် 90Hz Refresh Rate ကတော့ လန်းပါတယ်။ တန်ဖိုးနည်း  ဖုန်းဖြစ်တဲ့အတွက် နည်းပညာမြင့် Facial Recognition မပါလာဘဲ လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Galaxy F22 အတွက် 4/64GB နဲ့ 6/128GB တွေ ထုတ်လုပ်ထားပြီး ၁၂,၄၉၉ ရူပီး၊ ၁၄,၄၉၉ ရူပီးနဲ့ အသီးသီး ရောင်းမှာပါ။ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ microSD Card စိုက်နိုင်ပြီး ဒီလ ၁၃ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena