Samsung ဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ အလန်းစား ကင်မရာတွေနဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးလေ့ရှိပါတယ်။ ဒီနှစ်ထုတ် စွမ်းရည်မြင့် Galaxy S20 နဲ့ Galaxy Note20 Series တွေရဲ့ ကင်မရာတွေကလည်း တကယ်ကို ကောင်းပါတယ်။ အခုတော့ Samsung က Galaxy S20 Ultra , Galaxy Note20 Ultra တို့နဲ့ 8K ဗီဒီယို ၁ ခု ရိုက်ကူးဖို့ ကြေညာလိုက်တယ်လို့ ကိုရီးယား သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဗီဒီယို နာမည်က “Untact” ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေနဲ့ ဗီဒီယို ၁ ခုလုံးကို ရိုက်ကူးမှာပါ။

Samsung က တချို့ အထူး Scenes တွေမှာ ကိရိယာ အသစ်တွေကို အသုံးပြုကောင်းပြုနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ ဗီဒီယိုဟာ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေနဲ့ အဲဒီဖုန်းတွေရဲ့ 8K Resolution ဗီဒီယိုတွေ ရိုက်ကူးနိုင်စွမ်းကို ကြော်ငြာဖို့ ဖြစ်ပါတယ်။

Samsung ဟာ နောက်လအတွင်း ဆိုးလ်မှာ 8K ရုပ်ရှင်ရုံ ၂ ခု ဖွင့်လှစ်တော့မှာ ဖြစ်ပြီး အခုရိုက်မယ့် 8K ဗီဒီယိုကိုလည်း ရုပ်ရှင်ရုံက QLED 8K TV မှာ အကျဉ်းချုံး ပြသမှာ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုကို YouTube မှာလည်း ပြသနိုင်ပါတယ်။

အထက်ပါ ဓါတ်ပုံမှာ သရုပ်ဆောင် Kim Ju-hum နဲ့ Kim Go-eun တို့ဟာ ဒါရိုက်တာ Kim Jee-woon နဲ့အတူ ထိုင်နေပြီး အဲဒီ ဗီဒီယို အကြောင်း ပြောနေကြတာ ဖြစ်ပါတယ်။

Ref : gsmarena