[Unicode]

Samsung ဟာ MicroLED panel ထုတ်လုပ်မှုလုပ်ငန်းမှာ ပိုပြီးကြီးကြီးမားမား မြှုပ်နှံဖို့ လိုလားနေပါတယ်။ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ လာမယ့်နှစ်ရဲ့ ပထမနှစ်ဝက်မှာတင် MicroLED panel တွေကို အမြောက်အများ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အတွင်းသတင်းတွေကို ကိုးကားပြီး ETNews ဖော်ပြခဲ့ပါတယ်။

ဒီအတွက် အစိတ်အပိုင်းထောက်ပံ့သူတွေကလည်း ထုတ်လုပ်မယ့် MicroLED panel အရွယ်အစားနဲ့ပတ်သက်ပြီး Samsung ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ ဒီ panel တွေဟာ CES 2020 အပြီးသိပ်မကြာခင်အချိန်အတွင်း ဈေးကွက်ထဲ အလုံးအရင်းနဲ့ရောက်လာဖွယ်လည်း ရှိနေတာပါ။

MicroLED ဟာ မျက်နှာပြင်နည်းပညာသစ်ဖြစ်ပြီး Samsung ဟာ ပြီးခဲ့တဲ့ CES 2018 တုန်းကလည်း “The Wall” အမည်နဲ့ မိတ်ဆက်ခဲ့ပါသေးတယ်။ MicroLED မျက်နှာပြင်ရဲ့ အရေးပါတဲ့အားသာချက်က Pixel တစ်ခုချင်းစီတိုင်းမှာ စစ်မှန်တဲ့ အလင်းထုတ်လွှတ်မှု တွေပါဝင်တာ ဖြစ်ပါတယ်။ အခြားအကျိုးအမြတ်ကတော့ ပိုကောင်းတဲ့ Viewing angle တွေရသလို၊ ပိုပြီးတောက်ပတဲ့ မျက်နှာပြင်လည်းရပါတယ်။

ထုတ်လုပ်မှုနယ်ပယ်ကို စောင့်ကြည့်နေကြတဲ့ မီဒီယာသမားအချို့ကတော့ Samsung ရဲ့ MicroLED panel တွေဟာ ဝယ်လိုအားကောင်းမွန်ပြီး အောင်မြင်တဲ့ ဈေးကွက်ဖော်ဆောင်မှုတစ်ခုကို ပြုလုပ်နိုင်မယ်လို့ ထောက်ခံကြပါတယ်။ CES 2020 ကျင်းပဖို့ကတော့ သိပ်မလိုတော့ပါဘူး။ ဒီပွဲမှာ MicroLED panel တွေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina

[Zawgyi]

MicroLED panel ေတြကို အလုံးအရင္းနဲ႔ ထုတ္လုပ္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့ Samsung

Samsung ဟာ MicroLED panel ထုတ္လုပ္မႈလုပ္ငန္းမွာ ပိုၿပီးႀကီးႀကီးမားမား ျမႇဳပ္ႏွံဖို႔ လိုလားေနပါတယ္။ ေတာင္ကိုရီးယားကုမၸဏီႀကီးဟာ လာမယ့္ႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာတင္ MicroLED panel ေတြကို အေျမာက္အမ်ား ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ အတြင္းသတင္းေတြကို ကိုးကားၿပီး ETNews ေဖာ္ျပခဲ့ပါတယ္။

ဒီအတြက္ အစိတ္အပိုင္းေထာက္ပံ့သူေတြကလည္း ထုတ္လုပ္မယ့္ MicroLED panel အ႐ြယ္အစားနဲ႔ပတ္သက္ၿပီး Samsung ရဲ႕ အၿပီးသတ္ဆုံးျဖတ္ခ်က္ကို ေစာင့္ဆိုင္းေနၾကတယ္လို႔ ဆိုပါတယ္။ ဒီ panel ေတြဟာ CES 2020 အၿပီးသိပ္မၾကာခင္အခ်ိန္အတြင္း ေဈးကြက္ထဲ အလံုးအရင္းနဲ႕ေရာက္လာဖြယ္လည္း ရွိေနတာပါ။

MicroLED ဟာ မ်က္ႏွာျပင္နည္းပညာသစ္ျဖစ္ၿပီး Samsung ဟာ ၿပီးခဲ့တဲ့ CES 2018 တုန္းကလည္း “The Wall” အမည္နဲ႔ မိတ္ဆက္ခဲ့ပါေသးတယ္။ MicroLED မ်က္ႏွာျပင္ရဲ႕ အေရးပါတဲ့အားသာခ်က္က Pixel တစ္ခုခ်င္းစီတိုင္းမွာ စစ္မွန္တဲ့ အလင္းထုတ္လႊတ္မႈ ေတြပါဝင္တာ ျဖစ္ပါတယ္။ အျခားအက်ိဳးအျမတ္ကေတာ့ ပိုေကာင္းတဲ့ Viewing angle ေတြရသလို၊ ပိုၿပီးေတာက္ပတဲ့ မ်က္ႏွာျပင္လည္းရပါတယ္။

ထုတ္လုပ္မႈနယ္ပယ္ကို ေစာင့္ၾကည့္ေနၾကတဲ့ မီဒီယာသမားအခ်ိဳ႕ကေတာ့ Samsung ရဲ႕ MicroLED panel ေတြဟာ ဝယ္လိုအားေကာင္းမြန္ၿပီး ေအာင္ျမင္တဲ့ ေဈးကြက္ေဖာ္ေဆာင္မႈတစ္ခုကို ျပဳလုပ္ႏိုင္မယ္လို႔ ေထာက္ခံၾကပါတယ္။ CES 2020 က်င္းပဖို႔ကေတာ့ သိပ္မလိုေတာ့ပါဘူး။ ဒီပြဲမွာ MicroLED panel ေတြကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ၾကရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Gizmochina