ကိုရီးယားအေျခစုိက္ ဆမ္ေဆာင္းကုမၸဏီရဲ႕ Flagship အသစ္ Galaxy Note 9 ဟာ အသံနဲ႔ ခုိင္းေစႏုိင္တဲ့ Virtual Assistant စနစ္ Bixby 2.0 နဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။ Bixby အတြက္ Physical Button ကို ဖုန္းကိုယ္ထည္ေဘးက အသံတုိးခ်ဲ႕ခလုတ္ရဲ႕ ေအာက္မွာ ထားထားတာေၾကာင့္ သုံးစြဲသူေတြအေနနဲ႔ မေတာ္တဆ ဖြင့္မိႏုိင္ေျခမ်ားပါတယ္။

ဒါေပမယ့္ ဒီျပႆနာကို စက္တင္ဘာလကုန္မွာ ကုစားလာႏုိင္ေျခရွိျပီး Note 9 သုံးစြဲသူတစ္ေယာက္ရဲ႕ Twitter ပုိစ့္ေအာက္မွာ ဂ်ာမနီမွ ဆမ္ေဆာင္းဌာနခြဲရဲ႕ တုန္႔ျပန္ခ်က္အရ Bixby ခလုတ္ကို Deactivate ျပဳလုပ္ေပးႏုိင္မယ့္ Update ကို စက္တင္ဘာလကုန္ေလာက္မွာ ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

ေစ်းကြက္ထဲ စပို႔တည္းက ဒီလို ေရြးခ်ယ္မႈကို ထည့္မေပးလုိက္တာကေတာ့ ဆမ္ေဆာင္းဟာ Note 9 မွာ ပါဝင္တဲ့ Bixby 2.0 ရဲ႕ ပိုမုိျမင့္မားတဲ့ အသံသိမွတ္စနစ္နဲ႔ ပိုသဘာဝက်တဲ့ တုန္႔ျပန္မႈမ်ားအား သုံးစြဲသူေတြ စမ္းသပ္မိေစခ်င္လို႔လည္း ျဖစ္ႏုိင္ပါတယ္။ Bixby 2.0 ဟာ ယခင္ Flagship ေမာ္ဒယ္ ဟန္းဆက္ေတြအတြက္လဲ ထြက္လာမွာျဖစ္ျပီး အခ်ဳိ႕ Galaxy S9 ဖုန္းေတြမွာ ရရွိေနျပီျဖစ္ေပမယ့္ က်ယ္က်ယ္ျပန္႔ျပန္႔ေတာ့ မထြက္လာေသးပါဘူး။

Ref – https://www.gsmarena.com/samsung_may_let_you_disable_the_galaxy_note9s_bixby_button_by_the_end_of_the_month-news-33080.php

Unicode

ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီရဲ့ Flagship အသစ် Galaxy Note 9 ဟာ အသံနဲ့ ခိုင်းစေနိုင်တဲ့ Virtual Assistant စနစ် Bixby 2.0 နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Bixby အတွက် Physical Button ကို ဖုန်းကိုယ်ထည်ဘေးက အသံတိုးချဲ့ခလုတ်ရဲ့ အောက်မှာ ထားထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ မတော်တဆ ဖွင့်မိနိုင်ခြေများပါတယ်။

ဒါပေမယ့် ဒီပြဿနာကို စက်တင်ဘာလကုန်မှာ ကုစားလာနိုင်ခြေရှိပြီး Note 9 သုံးစွဲသူတစ်ယောက်ရဲ့ Twitter ပိုစ့်အောက်မှာ ဂျာမနီမှ ဆမ်ဆောင်းဌာနခွဲရဲ့ တုန့်ပြန်ချက်အရ Bixby ခလုတ်ကို Deactivate ပြုလုပ်ပေးနိုင်မယ့် Update ကို စက်တင်ဘာလကုန်လောက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ဈေးကွက်ထဲ စပို့တည်းက ဒီလို ရွေးချယ်မှုကို ထည့်မပေးလိုက်တာကတော့ ဆမ်ဆောင်းဟာ Note 9 မှာ ပါဝင်တဲ့ Bixby 2.0 ရဲ့ ပိုမိုမြင့်မားတဲ့ အသံသိမှတ်စနစ်နဲ့ ပိုသဘာဝကျတဲ့ တုန့်ပြန်မှုများအား သုံးစွဲသူတွေ စမ်းသပ်မိစေချင်လို့လည်း ဖြစ်နိုင်ပါတယ်။ Bixby 2.0 ဟာ ယခင် Flagship မော်ဒယ် ဟန်းဆက်တွေအတွက်လဲ ထွက်လာမှာဖြစ်ပြီး အချို့ Galaxy S9 ဖုန်းတွေမှာ ရရှိနေပြီဖြစ်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့်တော့ မထွက်လာသေးပါဘူး။