[Zawgyi]

အိႏၵိယအစိုးရအေနနဲ႔ လက္ရွိျပဌာန္းထားတဲ့ အခြန္ဥပေဒကို ျပန္ၿပီးစဥ္းစားသုံးသပ္မႈ မျပဳလုပ္ဘူးဆိုရင္ Samsung အေနနဲ႔ အိႏၵိယျပည္တြင္း စမတ္ဖုန္းထုတ္လုပ္ျခင္းနဲ႔ စမတ္ဖုန္းတင္ပို႔မႈကို ေလွ်ာ့ခ်သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အိႏၵိယျပည္တြင္းမွာ Galaxy S9 နဲ႔ Note 9 တို႔လို Flagship ေတြထုတ္လုပ္ျခင္းကို ရပ္စဲသြားႏိုင္ပါတယ္။

အိႏၵိယရဲ႕ ကုန္ထုတ္လုပ္မႈ ေျပာင္းလဲတိုးတက္ေရး ပ႐ိုဂရမ္ (PMP) ဟာ အိႏၵိယႏိုင္ငံတြင္းမွာ စမတ္ဖုန္းနဲ႔ အစိတ္အပိုင္းေတြ ထုတ္လုပ္မႈ ပိုမိုျမင့္တက္လာဖို႔ ရည္႐ြယ္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မူလတုန္းကေတာ့ ဒီအစီအစဥ္ကို ၂၀၂၀ မတ္လ မွာ စတင္ၿပီးသက္ေရာက္ဖို႔ ခ်မွတ္ထားပါတယ္။

ဒါေပမယ့္လည္း အိႏၵိယအစိုးရက သူတို႔ရဲ႕ ျပည္တြင္းကုန္ထုတ္လုပ္မႈ အစီအစဥ္ကို အရွိန္ျမႇင့္တင္လိုတဲ့ ဆႏၵေၾကာင့္ လာမယ့္ ေဖေဖာ္ဝါရီ ၂၀၁၉ မွာပဲ စတင္ဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျပည္ပကေန အိႏၵိယျပည္တြင္းကို တင္ပို႔လာတဲ့ စမတ္ဖုန္းအပါအဝင္ ဆက္စပ္ပစၥည္း ဘယ္အစိတ္အပိုင္းကိုမဆို အခြန္ ၁၀% စည္းၾကပ္ဖို႔ ျပဌာန္းခဲ့ပါတယ္။ (၁၁% ႏႈန္းလည္း ျဖစ္သြားႏိုင္ပါတယ္)

ဒီအတြက္ Samsung အေနနဲ႔ အခက္ေတြ႕သြားတာက Display ပိုင္းမွာ ျဖစ္ပါတယ္။ Samsung ဟာ Display ကိုေတာ့ အိႏၵိယျပည္တြင္းမွာ ထုတ္လုပ္ျခင္းမရွိေသးပါဘူး။ ဒါေၾကာင့္ ဥပေဒသစ္အရ အိႏၵိယျပည္တြင္းကို တင္ပို႔ရမယ့္ Display အတြက္ အခြန္ပိုေပးရေတာ့မွာျဖစ္တဲ့အတြက္ စမတ္ဖုန္းထုတ္လုပ္မႈမွာ ကုန္က်စရိတ္ ပိုမ်ားလာမွာ ျဖစ္ပါတယ္။

ဒီအခြန္ဥပေဒအတိုင္းသာဆိုရင္ Display ေတြကို အိႏၵိယဆီတင္ပို႔ရင္ေပးရမယ့္ အခြန္ေငြက စမတ္ဖုန္းထုတ္လုပ္မႈရဲ႕ ၂၅%ကေန ၃၀% ၾကားမွာ ရွိေနတာေၾကာင့္ ထုတ္လုပ္မႈကုန္က်စရိတ္ကလည္း အဆိုပါ ပမာဏေလာက္ထိ ျမင့္တက္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Samsung အေနနဲ႔ အိႏၵိယႏိုင္ငံတြင္းမွာ Flagship ထုတ္လုပ္မႈကို ရပ္တန႔္သြားဖြယ္ရွိၿပီး Mid-range နဲ႔ Entry-level စမတ္ဖုန္း ထုတ္လုပ္မႈေတြကိုလည္း ေလွ်ာ့ခ်သြားရႏိုင္တယ္လို႔ အိႏၵိယအစိုးရဆီ စာေပးပို႔ထားတယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ အိႏၵိယႏိုင္ငံတြင္းတည္ေဆာက္ထားတဲ့စက္႐ုံမွာ AMOLED display ေတြ ထုတ္လုပ္ဖို႔ ျပင္ဆင္ေနေပမယ့္ ၂၀၂၀ ဧၿပီလမတိုင္မီ လုပ္ငန္းစတင္ႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ အိႏၵိယအစိုးရရဲ႕ PMP ကို ေစာစီးစြာစတင္မယ္ဆိုရင္ေတာ့ အခြန္ဥပေဒသစ္နဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

အကောက်ခွန်ဥပဒေသစ်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယပြည်တွင်း Flagship ထုတ်လုပ်မှုကို ရပ်တန့်သွားဖွယ်ရှိတဲ့ Samsung

အိန္ဒိယအစိုးရအနေနဲ့ လက်ရှိပြဌာန်းထားတဲ့ အခွန်ဥပဒေကို ပြန်ပြီးစဉ်းစားသုံးသပ်မှု မပြုလုပ်ဘူးဆိုရင် Samsung အနေနဲ့ အိန္ဒိယပြည်တွင်း စမတ်ဖုန်းထုတ်လုပ်ခြင်းနဲ့ စမတ်ဖုန်းတင်ပို့မှုကို လျှော့ချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယပြည်တွင်းမှာ Galaxy S9 နဲ့ Note 9 တို့လို Flagship တွေထုတ်လုပ်ခြင်းကို ရပ်စဲသွားနိုင်ပါတယ်။

အိန္ဒိယရဲ့ ကုန်ထုတ်လုပ်မှု ပြောင်းလဲတိုးတက်ရေး ပရိုဂရမ် (PMP) ဟာ အိန္ဒိယနိုင်ငံတွင်းမှာ စမတ်ဖုန်းနဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်မှု ပိုမိုမြင့်တက်လာဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းကတော့ ဒီအစီအစဉ်ကို ၂၀၂၀ မတ်လ မှာ စတင်ပြီးသက်ရောက်ဖို့ ချမှတ်ထားပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယအစိုးရက သူတို့ရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု အစီအစဉ်ကို အရှိန်မြှင့်တင်လိုတဲ့ ဆန္ဒကြောင့် လာမယ့် ဖေဖော်ဝါရီ ၂၀၁၉ မှာပဲ စတင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပကနေ အိန္ဒိယပြည်တွင်းကို တင်ပို့လာတဲ့ စမတ်ဖုန်းအပါအဝင် ဆက်စပ်ပစ္စည်း ဘယ်အစိတ်အပိုင်းကိုမဆို အခွန် ၁၀% စည်းကြပ်ဖို့ ပြဌာန်းခဲ့ပါတယ်။ (၁၁% နှုန်းလည်း ဖြစ်သွားနိုင်ပါတယ်)

ဒီအတွက် Samsung အနေနဲ့ အခက်တွေ့သွားတာက Display ပိုင်းမှာ ဖြစ်ပါတယ်။ Samsung ဟာ Display ကိုတော့ အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ဥပဒေသစ်အရ အိန္ဒိယပြည်တွင်းကို တင်ပို့ရမယ့် Display အတွက် အခွန်ပိုပေးရတော့မှာဖြစ်တဲ့အတွက် စမတ်ဖုန်းထုတ်လုပ်မှုမှာ ကုန်ကျစရိတ် ပိုများလာမှာ ဖြစ်ပါတယ်။

ဒီအခွန်ဥပဒေအတိုင်းသာဆိုရင် Display တွေကို အိန္ဒိယဆီတင်ပို့ရင်ပေးရမယ့် အခွန်ငွေက စမတ်ဖုန်းထုတ်လုပ်မှုရဲ့ ၂၅%ကနေ ၃၀% ကြားမှာ ရှိနေတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း အဆိုပါ ပမာဏလောက်ထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ အိန္ဒိယနိုင်ငံတွင်းမှာ Flagship ထုတ်လုပ်မှုကို ရပ်တန့်သွားဖွယ်ရှိပြီး Mid-range နဲ့ Entry-level စမတ်ဖုန်း ထုတ်လုပ်မှုတွေကိုလည်း လျှော့ချသွားရနိုင်တယ်လို့ အိန္ဒိယအစိုးရဆီ စာပေးပို့ထားတယ်လို့ သိရပါတယ်။

Samsung အနေနဲ့ အိန္ဒိယနိုင်ငံတွင်းတည်ဆောက်ထားတဲ့စက်ရုံမှာ AMOLED display တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေပေမယ့် ၂၀၂၀ ဧပြီလမတိုင်မီ လုပ်ငန်းစတင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရရဲ့ PMP ကို စောစီးစွာစတင်မယ်ဆိုရင်တော့ အခွန်ဥပဒေသစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena