[Zawgyi]

မတ္လ ၁၄ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္။ ။ ကမာၻ႔ထိပ္တန္း အိမ္သုံး အီလက္ထေရာနစ္ပစၥည္းမ်ားကို ထုတ္လုပ္ လ်က္ရွိေသာ Samsung ကုမၸဏီသည္ ထုပ္ပိုးမႈအသစ္ႏွင့္အတူ ျမန္မာႏိုင္ငံမွ သုံးစြဲသူမ်ားအတြက္ ဝယ္ယူၿပီးသည့္ ေနာက္ပိုင္း ဝန္ေဆာင္မႈမ်ားကို အခမဲ့ ရယူႏိုင္ရန္ အထူးဝန္ေဆာင္မႈအစီအစဥ္ တစ္ခုကို ယေန႔ေၾကညာလိုက္သည္။ အဆိုပါ အစီအစဥ္အရ ၂၀၁၉ ခုႏွစ္၊ မတ္လ ၇ ရက္ေန႔မွစ၍ ေရာင္ျပန္ စတစ္ကာပါရွိေသာ ထုပ္ပိုးမႈပုံစံအသစ္ျဖင့္ ေရာင္းခ်သည့္ အိမ္သုံးအီလက္ထေရာနစ္ပစၥည္းမ်ား ဝယ္ယူသုံးစြဲသူအေနႏွင့္ ဝယ္ယူၿပီးသည့္ရက္မွ တစ္ႏွစ္တြင္း အခမဲ့ ျပဳျပင္ျခင္းဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ရရွိႏိုင္မည္ျဖစ္သည္။

ယခုအစီအစဥ္သစ္တြင္ပါဝင္ေသာ အခမဲ့ဝန္ေဆာင္မႈမ်ားမွာ ျပင္ဆင္ တပ္ဆင္ခ၊ အပိုပစၥည္းမ်ား ဝယ္ယူတပ္ဆင္ေပးျခင္း၊ ဝန္ေဆာင္ခ၊ အိမ္အေရာက္ ၾကည့္ရႈစစ္ေဆးဝန္ေဆာင္မႈေပးျခင္း စသည္တို႔ျဖစ္သည္။

“ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ ကြၽန္ေတာ္တို႔ ထုတ္ကုန္ေတြရဲ႕ အရည္အေသြးနဲ႔ ေကာင္းမြန္တဲ့ဝန္ေဆာင္မႈေတြကို အၿမဲဦးစားေပး စဥ္းစားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ မိသားစုတိုင္း ေန႔စဥ္ဘဝကို အေကာင္းဆုံး ေတြ႕ႀကဳံျဖတ္သန္းႏိုင္ဖို႔ အတြက္ ဆန္းသစ္တဲ့ နည္းပညာအသစ္ေတြကို ယူေဆာင္လာေပးဖို႔ အၿမဲအသင့္အေနအထားမွာရွိပါတယ္။ ဒီလိုနည္းနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မိသားစုေတြ အခ်စ္ခင္အႏွစ္သက္ဆုံး အီလက္ထေရာနစ္ အမွတ္တံဆိပ္တစ္ခုအျဖစ္ ေဈးကြက္ထဲမွာ ရပ္တည္ႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္” ဟု Samsung ျမန္မာ၏ Head of Consumer Electronics ျဖစ္သူ Mr. Khang Wei Yap က ေျပာၾကားသည္။

Samsung အီလက္ထေရာနစ္ပစၥည္းမ်ားကို ဝယ္ယူသုံးစြဲသူမ်ားအေနႏွင့္ ေရာင္ျပန္ စတစ္ကာပါရွိေသာ ထုပ္ပိုးမႈပုံစံ အသစ္ကို ၾကည့္ရႈ၍ စစ္မွန္ေသာထုတ္ကုန္မ်ားကို ပိုမိုလြယ္ကူစိတ္ခ်စြာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။ အဆိုပါ ထုပ္ပိုးမႈပုံစံအသစ္တြင္ ပါဝင္ေသာ စည္းကမ္းခ်က္အသစ္မ်ားေၾကာင့္ Samsung အီလက္ထေရာနစ္ပစၥည္း အေရာင္းဆိုင္မ်ားတြင္ျဖစ္ေစ Ocean Supercenter မ်ားတြင္ ျဖစ္ေစ ဝယ္ယူအားေပးသူမ်ားအေနျဖင့္ အထက္ေဖာ္ျပပါ ဝန္ေဆာင္မႈမ်ားကို အျပည့္အ၀ ခံစားခြင့္ရရွိမည္ျဖစ္သည္။

Samsung လူသုံးကုန္ အီလက္ထေရာနစ္ပစၥည္းမ်ားအတြက္ ဝန္ေဆာင္မႈမ်ားကို အေသးစိတ္ သိရွိလိုပါက Call Center ဖုန္းနံပါတ္ ၀၁-၂၃၉၉၈၈၈သို႔ ေန႔စဥ္ မနက္ ၇ နာရီမွ ည ၁၁ နာရီအတြင္း ဆက္သြယ္စုံစမ္းႏိုင္သကဲ့သို႔ https://www.samsung.com/mm/offer/consumerelectronicsauthorize/ တြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

Press Release

[Unicode]

Samsung အိမ်သုံးအီလက်ထရောနစ်ပစ္စည်း ဝယ်ယူသုံးစွဲသူများကို အထူးဝန်ဆောင်မှုအစီအစဉ်များ ဆက်လက်ပေးသွားမည်

မတ်လ ၁၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်။ ။ ကမ္ဘာ့ထိပ်တန်း အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများကို ထုတ်လုပ် လျက်ရှိသော Samsung ကုမ္ပဏီသည် ထုပ်ပိုးမှုအသစ်နှင့်အတူ မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် ဝယ်ယူပြီးသည့် နောက်ပိုင်း ဝန်ဆောင်မှုများကို အခမဲ့ ရယူနိုင်ရန် အထူးဝန်ဆောင်မှုအစီအစဉ် တစ်ခုကို ယနေ့ကြေညာလိုက်သည်။ အဆိုပါ အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစ၍ ရောင်ပြန် စတစ်ကာပါရှိသော ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ရောင်းချသည့် အိမ်သုံးအီလက်ထရောနစ်ပစ္စည်းများ ဝယ်ယူသုံးစွဲသူအနေနှင့် ဝယ်ယူပြီးသည့်ရက်မှ တစ်နှစ်တွင်း အခမဲ့ ပြုပြင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

ယခုအစီအစဉ်သစ်တွင်ပါဝင်သော အခမဲ့ဝန်ဆောင်မှုများမှာ ပြင်ဆင် တပ်ဆင်ခ၊ အပိုပစ္စည်းများ ဝယ်ယူတပ်ဆင်ပေးခြင်း၊ ဝန်ဆောင်ခ၊ အိမ်အရောက် ကြည့်ရှုစစ်ဆေးဝန်ဆောင်မှုပေးခြင်း စသည်တို့ဖြစ်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို အမြဲဦးစားပေး စဉ်းစားပါတယ်။ တစ်ချိန်တည်းမှာပဲ မိသားစုတိုင်း နေ့စဉ်ဘဝကို အကောင်းဆုံး တွေ့ကြုံဖြတ်သန်းနိုင်ဖို့ အတွက် ဆန်းသစ်တဲ့ နည်းပညာအသစ်တွေကို ယူဆောင်လာပေးဖို့ အမြဲအသင့်အနေအထားမှာရှိပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေ အချစ်ခင်အနှစ်သက်ဆုံး အီလက်ထရောနစ် အမှတ်တံဆိပ်တစ်ခုအဖြစ် ဈေးကွက်ထဲမှာ ရပ်တည်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု Samsung မြန်မာ၏ Head of Consumer Electronics ဖြစ်သူ Mr. Khang Wei Yap က ပြောကြားသည်။

Samsung အီလက်ထရောနစ်ပစ္စည်းများကို ဝယ်ယူသုံးစွဲသူများအနေနှင့် ရောင်ပြန် စတစ်ကာပါရှိသော ထုပ်ပိုးမှုပုံစံ အသစ်ကို ကြည့်ရှု၍ စစ်မှန်သောထုတ်ကုန်များကို ပိုမိုလွယ်ကူစိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ ထုပ်ပိုးမှုပုံစံအသစ်တွင် ပါဝင်သော စည်းကမ်းချက်အသစ်များကြောင့် Samsung အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်များတွင်ဖြစ်စေ Ocean Supercenter များတွင် ဖြစ်စေ ဝယ်ယူအားပေးသူများအနေဖြင့် အထက်ဖော်ပြပါ ဝန်ဆောင်မှုများကို အပြည့်အ၀ ခံစားခွင့်ရရှိမည်ဖြစ်သည်။

Samsung လူသုံးကုန် အီလက်ထရောနစ်ပစ္စည်းများအတွက် ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၈၈၈သို့ နေ့စဉ် မနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်သကဲ့သို့ https://www.samsung.com/mm/offer/consumerelectronicsauthorize/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Press Release