Samsung Myanmar ၏ နောက်ဆုံးပေါ် ထုတ်ကုန်သစ်များ ဖြစ်ကြသော Galaxy Z Fold4, Galaxy Z Flip4 တို့နှင့်အတူ Galaxy Watch5 / Watch5 Pro နှင့် Galaxy Buds2 Pro တို့အား “Unfold Your World” ဟု အမည်ပေးထားသည့် မိတ်ဆက်ပွဲ အခမ်းအနားကြီးနှင့်အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာ စတင်မိတ်ဆက်ခဲ့သည်။ ရင်သပ်ရှုမောဖွယ် ‘Flex Performance’ အကအလှ၊ နာမည်ကျော် ဒီဇိုင်နာ Tytenium ၏ Fashion Show အစီအစဉ်များနှင့်အတူ ရန်ကုန်မြို့၊ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားကြီးတွင် ဖိတ်ကြားထားသော ကဏ္ဍနယ်ပယ်အသီးသီးမှ ဂုဏ်သရေရှိ ဧည့်ပရိသတ်များနှင့် သတင်းမီဒီယာများ တက်ရောက် အားပေးခဲ့ကြသည်။

“အသုံးပြုသူ တစ်ဦးချင်းစီရဲ့ လူနေမှုဘဝပုံစံတွေကို ပြီးပြည့်စုံမှု အရှိဆုံး ကူညီပံ့ပိုးပေးသွားနိုင်ဖို့ ဖန်တီးတည်ဆောက် ထားတဲ့ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်မှု အရှိဆုံး ထုတ်ကုန်သစ်တွေနဲ့အတူ ဒီနေ့မှာတော့ Samsung ဟာ စမတ်ဖုန်းနဲ့ Wearable ကဏ္ဍမှာ သမိုင်းမှတ်တိုင်သစ် တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် Galaxy Z Flip4 နဲ့ Galaxy Z Fold4 မျက်နှာပြင်ခေါက်ချိုး စမတ်ဖုန်းတွေနဲ့အတူ အသစ်အဆန်းတွေ ဖန်တီးဖို့အတွက် အားလုံးက စိတ်အားထက်သန်နေကြတာကို တွေ့ရှိရတဲ့အတွက်လည်း အင်မတန်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒါ့အပြင် ဆန်းသစ်မှုအရှိဆုံး Galaxy Watch5 / Watch5 Pro နဲ့ Galaxy Buds2 Pro တို့နဲ့အတူ သူတို့ရဲ့ နေ့စဉ် နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို အမြင့်ဆုံးစွမ်းဆောင်နိုင်ဖို့၊ ဘဝရည်မှန်းချက်တွေကို ယုံကြည်မှုအပြည့်အဝနဲ့ ဆွတ်ခူးနိုင်ဖို့ အဆင်သင့် ဖြစ်နေကြမယ် ဆိုတာကိုလည်း ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။

Galaxy Z Flip4 အား Samsung ၏ အောင်မြင်ကျော်ကြားခဲ့သော အမှတ်သင်္ကေတ ဒီဇိုင်းကို အမှီပြုကာ ဆန်းသစ် ဖန်တီးထားခြင်း ဖြစ်ပြီး ကျစ်လျစ်လှပသော ၎င်း၏ နဂိုမူလ ဒီဇိုင်းတွင် ပိုမိုဆန်းသစ်သော လုပ်ဆောင်ချက်များ၊ အဆင့် မြှင့်တင်ထားသော ကင်မရာသုံးစွဲမှု အတွေ့အကြုံများ၊ ပိုမိုကြီးမားသော ဘက်ထရီပမာဏဏ နှင့် သုံးစွဲသူတစ်ဦးချင်းစီ အလိုက် စိတ်ကြိုက် ပိုမို ပြင်ဆင်ဖန်တီးနိုင်မှုများ နှင့်အတူ ဖန်တီးထုတ်လုပ်ထားသည်။

အသုံးပြုမှုအပေါ် မူတည်၍ လိုအပ်သလို ပြောင်းလဲနိုင်သော ဒီဇိုင်းတည်ဆောက်ပုံ၊ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်များနှင့် ကွန်ပြူတာ တစ်လုံးကဲ့သို့ အားကောင်းသော multitasking စွမ်းဆောင်ရည်များနှင့်အတူ Galaxy Z Fold4 သည်လည်း ယနေ့ခေတ်၏ ပြီးပြည့်စုံမှု အရှိဆုံးသော စမတ်ဖုန်းအဖြစ် သုံးစွဲသူတို့၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Samsung မှ အသစ်ထွက်ရှိလာသည့် Galaxy Watch5 တွင် သုံးစွဲသူများ၏ နိစ္စဓူဝလှုပ်ရှားမှုများအတွက် အဓိကကျသော လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ပေးထားပြီး နောက်ထပ် Samsung ၏ ခေတ်မီဆန်းသစ်မှု အရှိဆုံးသော Galaxy Watch ဖြစ်သည့် Galaxy Watch5 Pro ကိုမူ ပြီးပြည့်စုံမှု အရှိဆုံးနှင့် အကြမ်းခံမှု အပြည့်အဝ ရှိစေရန် ဖန်တီးပေးထားပြီး သုံးစွဲသူများနှင့် ကိုက်ညီမှု အရှိဆုံးသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းပေးထားသည်။

၂၀၂၂ ခုနှစ်အတွက် Samsung မှ မိတ်ဆက်ပေးလိုက်သည့် နောက်ဆုံးပေါ် Galaxy Buds2 Pro သည်လည်း ကျစ်လျစ်သော ဒီဇိုင်းသစ်၊ နေ့စဉ်ဘဝ၏ မည့်သည့်လှုပ်ရှားမှုမျိုးတွင်မဆို လွယ်ကူချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်စွမ်းတို့နှင့်အတူ သုံးစွဲသူတို့ လိုက်ပါစီးမျောခံစားနိုင်မည့် Wireless နားဆင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

ကြိုတင်မှာယူနိုင်မည့် အစီအစဉ်နှင့် အထူးအကျိုးခံစားခွင့်များ

ခေါက်ဖုန်းစမတ်ဖုန်းအသစ်များအား ကြိုတင်မှာယူလိုသူများအနေနှင့် Samsung Myanmar တွင် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက် မှ စက်တင်ဘာလ ၁ ရက်နေ့ အထိ ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ မြန်မာငွေ ၄,၇၅၉,၀၀၀ ကျပ် ကျသင့်မည့် Samsung Galaxy Z Fold4 စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Phantom Black၊ Gray Green နှင့် Beige) အနက် ကြိုက်နှစ်သက်ရာ ကြိုတင်မှာယူနိုင်မည် ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးခြားဆန်းသစ်သော အရောင် ၄ မျိုး (Bora Purple၊ Graphite၊ Pink Gold နှင့် Blue) ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည့် Galaxy Z Flip4 စမတ်ဖုန်းအား မြန်မာငွေ ၂,၉၅၉,၀၀၀ ကျပ်ဖြင့် ကြိုတင်မှာယူသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်း ၂ မျိုးလုံးအား အခြား‌သောနိုင်ငံတကာ စျေးကွက်များနည်းတူ 5G version ဖြင့် ဝယ်ယူရနိုင်မည့်အပြင် ကြိုတင်မှာယူမည့်သူများ ပိုမို အဆင်ပြေလွယ်ကူမှူ ရှိစေရန်အတွက် Samsung Myanmar မှ Mobile Banking ငွေပေးချေမှုစနစ်အား အပြည့်အဝလက်ခံပေးသွားရန် နှင့် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ SES/IPP Store အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။

ထို့အပြင် ကြိုတင်မှာယူသူများသည် အား Samsung Myanmar မှနေ၍ အထူးလက်ဆောင်များ အဖြစ်

– Galaxy Z Flip4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၄ သိန်းဝန်းကျင်ရှိ 1 x Flap Leather Cover နှင့် 1 x 45W Travel Adapter

– Galaxy Z Fold4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၅ သိန်းဝန်းကျင်ရှိ 1 x Standing Cover with S Pen၊ 1 x 45W Travel Adapter နှင့် 1 x 40W Car Charger

အလားတူပင် သုံးစွဲသူများအနေနှင့် အသစ်မိတ်ဆက်ခဲ့သည့် Galaxy Watch 5, Watch 5 Pro နှင့် Galaxy Buds 2 Pro တို့ကိုလည်း မြန်မာနိုင်ငံတဝန်းရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် မိုဘိုင်းအရောင်းဆိုင်ကြီးများတွင် ယနေ့မှစတင်၍ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဈေးနှုန်းများအနေနှင့် Galaxy Watch 5 (40 mm), (45 mm) နှင့် Galaxy Watch 5 Pro တို့အား မြန်မာငွေကျပ် ၆၆၉,၀၀၀ ကျပ်၊ ၇၃၉,၀၀၀ ကျပ်နှင့် ၁,၀၇၉,၀၀၀ ကျပ် တို့ဖြင့် အသီးသီးဝယ်ယူသွားနိုင်မည် ဖြစ်ပြီး Galaxy Buds2 Pro ကိုလည်း မြန်မာငွေကျပ် ၄၇၅,၀၀၀ ကျပ် ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Flip4 သို့မဟုတ် Z Fold4 စမတ်ဖုန်းများအား ကြိုတင်မှာယူသူများအနေဖြင့် အထက်ဖော်ပြပါ အထူးခံစားခွင့် လက်ဆောင်များအပြင် Galaxy Watch 5 / Pro နှင့် Galaxy Buds 2 Pro တို့အား ထပ်မံဝယ်ယူပါက ၂၀ % – ၃၀ % အထိ အထူးလျှော့ဈေး ခံစားခွင့်ကိုလည်း Eco Bundle Promotion အစီအစဉ်မှ တဆင့် ထပ်ဆောင်း ခံစားရရှိသွားနိုင်မည် ဖြစ်သည်။

Samsung Care+ အထူးဝန်ဆောင်မှု

ထို့အပြင် ကြိုတင်မှာယူသူများအနေနှင့် အထူးဝန်ဆောင်မှုများအား တစ်နှစ်တိတိ ခံစားခွင့် (အသေးစိတ်အား https://www.samsung.com/mm/ အား ကြည့်ရှုရန်) တို့အပြင် No Worry Crack ဝန်ဆောင်မှုအဖြစ် Galaxy Z Flip4 နှင့် Galaxy Z Fold4 စမတ်ဖုန်းများ၏ အတွင်းမျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အပြင် အပြင်မျက်နှာပြင်အား ၁၀၀% အထိ သက်သာခွင့်တစ်ကြိမ်စီအား (ဝယ်ယူသည့်နေ့မှ တစ်နှစ်အထိ) ခံစားသွားနိုင်မည် ဖြစ်သည်။

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့်လဲလှယ်ခြင်း အစီအစဉ်

အထက်ဖော်ပြပါ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များအပြင် Samsung Myanmar မှ ကြိုတင်မှာယူသူများအား Galaxy S Series နှင့် Note Series စမတ်ဖုန်းမော်ဒယ်များ (Samsung Galaxy S10, Note 8 နှင့်အထက် စမတ်ဖုန်းမော်ဒယ်များ) အပြင် iPhone X စမတ်ဖုန်းမော်ဒယ်နှင့်အထက် ကိုင်ဆောင်ထားသူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား နောက်ဆုံးပေါ် ခေါက်ဖုန်းအသစ်များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ ထို့အပြင် ထပ်ဆောင်း အပိုလက်ဆောင်အနေနှင့် Galaxy Z Flip4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Fold4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၄၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။

Press Release – Samsung