Samsung ရဲ့ မနှစ်က Galaxy S8 စမတ်ဖုန်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ Infinity Display ဟာ အခုအချိန်မှာ Samsung ရဲ့ အမြင့်ပိုင်း Mid Range Series ဖြစ်တဲ့ Galaxy A Series တွေမှာစတင်တွေ့ရှိလာရပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် Samsung က အခုအချိန်မှာတော့ အဆိုပါ Infinity Display ကို Galaxy S Series ၊ Note Series နဲ့ A Series ဖုန်းတွေမှာတင်မဟုတ်ပဲ Mid Range ဖုန်းတွေထဲမှာ အနိမ့်ဆုံး Galaxy J Series ဖုန်းတွေဆီကိုပါ ယူဆောင်လာပေးတော့မယ့်ပုံပါပဲ။

အခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရ Samsung ကနေ ဒီနှစ်မှာ Infinity Display ကို အသုံးပြုထားတဲ့ Galaxy J Series စမတ်ဖုန်း ၄ မျိုးအထိ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီးတော့ အခု J Series စမတ်ဖုန်းတွေက ယခင် J Series စမတ်ဖုန်းတွေထက် သိသိသာသာကို ပိုကောင်းလာတဲ့ Features တွေပါဝင်လာမယ်လို့ ယူဆရပါတယ်။ အခုလိုမျိုး Infinity Display ကို Samsung J Series စမတ်ဖုန်းတွေမှာ အသုံးပြုလာရတဲ့ရည်ရွယ်ချက်ကတော့ Xiaomi လိုမျိုး ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့စမတ်ဖုန်းတွေကို ပြိုင်ဆိုင်ဖို့ဖြစ်မယ်လို့ ယူဆရပါတယ်။

အခု Samsung Galaxy J Series ဖုန်းသစ်တွေမှာ ပါဝင်လာမယ့် Features တွေကတော့ စက်ဘီးစီးတဲ့အချိန်မှာ Notifications တွေကို ပိတ်ထားပေးမယ့် S Bike Mode ၊ ကိုယ်သုံးနေကြ App ၆ ခုကလွဲပြီးတော့ ကျန်တဲ့ Applications တွေကို Background မှာ Run လို့မရအောင် ပိတ်ထားမယ့် Ultra Data Saving Mode ၊ ဒါ့အပြင် Applications တွေအသုံးပြုတဲ့အချိန်၊ Multitasking လုပ်တဲ့အချိန်တွေမှာ ပိုပြီး မြန်ဆန်ပြီး Smooth ဖြစ်လာစေမယ့် Turbo Speed Technology တွေပါဝင်လာမယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ Samsung ကနေ Galaxy J7 Duo စမတ်ဖုန်းကို ထုတ်လုပ်ထားပြီးတော့ Dual Camera ပါဝင်တဲ့အပြင် ဈေးနှုန်းအရလည်း မဆိုးဘူးလို့ပြောနိုင်တဲ့ဖုန်းတစ်ခုလည်း ဖြစ်ပါတယ်။ အခုလိုမျိုး Infinity Display နဲ့ Features အသစ်တွေပါဝင်လာမယ့် Galaxy J Series ဖုန်းသစ်တွေကတော့ Samsung ဖုန်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အားရစရာကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေဖြစ်လာဦးမှာပါ။