Zawgyi

Samsung ကေနၿပီး Display Hole နဲ႕ဖုန္းေတြအတြက္ အဆင္ေျပေစမယ့္ ကင္မရာ Sensor အသစ္တစ္ခုကို မိတ္ဆက္လိုက္ပါတယ္။ ISOCELL Slim 3T2 လို႔ နာမည္ေပးထားတဲ့ ကင္မရာ Sensor ဟာ လက္ရွိစမတ္ဖုန္းေစ်းကြက္မွာ အေသးဆုံး ကင္မရာ Sensor တစ္ခုျဖစ္ၿပီး အ႐ြယ္အစားကေတာ့ 0.3-inch ပဲရွိပါတယ္။

ဒီ ISOCELL Slim 3T2 မွာ Pixel အ႐ြယ္အစား 0.8μm ရွိၿပီး ႐ုပ္ထြက္အ႐ြယ္အစားကေတာ့ 20MP ရွိပါတယ္။ Display Hole အသုံးျပဳတဲ့ ဖုန္းေတြလို Selfie ကင္မရာအတြက္ ေနရာအမ်ားႀကီး အသုံးျပဳဖို႔ အခက္အခဲရွိတဲ့ ဖုန္းေတြအတြက္ဒီ Sensor က ကူညီေပးနိုင္မွာပါ။ အ႐ြယ္အစား ေသးငယ္ေပမယ့္လည္း ႐ုပ္ထြက္ၾကည္လင္ေတာက္ပတဲ့ ပုံရိပ္ေတြ ဖမ္းယူေပးနိုင္မွာပါ။ အဆိုပါ Sensor အသစ္မွာ Samsung ရဲ႕ ISOCELL Plus နည္းပညာကို အသုံးျပဳထားလို႔ အလင္းေရာင္ကို ပိုမိုဖမ္းယူနိုင္ေစၿပီး အေရာင္ထြက္ကိုလည္း ပိုမိုတိက်ေစမွာပါ။ Tetracell လို႔ေခၚတဲ့ Pixel ေလးခုကို တစ္ခုတည္းအျဖစ္ျပန္လည္ေပါင္းစည္းေပးတဲ့ နည္းပညာေၾကာင့္ ပိုမိုေတာက္ပၿပီး ၾကည္လင္ျပတ္သားတဲ့ ပုံရိပ္ေတြရမွာပါ။

Slim 3T2 ကိုေနာက္ေက်ာဘက္ ကင္မရာ Sensor အျဖစ္ပါ အသုံးျပဳနိုင္ပါတယ္။ အဓိက အားျဖင့္ Telephoto Lens ေတြမွာ အသုံးျပဳနိုင္ၿပီး Telephoto Sensor အျဖစ္အသုံးျပဳတဲ့အခါ Tetracell နည္းပညာအစား RGB Color Filter Array ကိုအသုံးျပဳၿပီး Telephoto Sensor အျဖစ္ လုပ္ေဆာင္ေပးပါတယ္။ ဒီ Slim 3T2 ရဲ႕ အျမင့္ဟာ ပုံမွန္ Telephoto Sensor ေတြထက္ 7% ပိုေသးတာေၾကာင့္ ကင္မရာ Module ေတြေငါထြက္မေနပဲ ပိုမို ပါးလွပ္တဲ့ စမတ္ဖုန္းဒီဇိုင္းေတြရရွိမွာပါ။

Samsung ရဲ႕ အဆိုပါ Slim 3T2 Sensor ကို ၂၀၁၉ မွာထုတ္လုပ္မယ့္ ဖုန္းအမ်ားစုရဲ႕ Selfie Camera နဲ႕ ေနာက္ေက်ာဘက္ ႏွစ္လုံးတြဲ၊ သုံးလုံးတြဲ ကင္မရာ စနစ္ေတြမွာ အေတြ႕ရမ်ားလာပါလိမ့္မယ္။

Ref: XDA

Unicode

Display Hole နဲ့ ဖုန်းတွေအတွက် ပုံမှန်ထက် ပိုသေးတဲ့ Samsung ရဲ့ ကင်မရာ Sensor အသစ်

Samsung ကနေပြီး Display Hole နဲ့ဖုန်းတွေအတွက် အဆင်ပြေစေမယ့် ကင်မရာ Sensor အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ISOCELL Slim 3T2 လို့ နာမည်ပေးထားတဲ့ ကင်မရာ Sensor ဟာ လက်ရှိစမတ်ဖုန်းစျေးကွက်မှာ အသေးဆုံး ကင်မရာ Sensor တစ်ခုဖြစ်ပြီး အရွယ်အစားကတော့ 0.3-inch ပဲရှိပါတယ်။

ဒီ ISOCELL Slim 3T2 မှာ Pixel အရွယ်အစား 0.8μm ရှိပြီး ရုပ်ထွက်အရွယ်အစားကတော့ 20MP ရှိပါတယ်။ Display Hole အသုံးပြုတဲ့ ဖုန်းတွေလို Selfie ကင်မရာအတွက် နေရာအများကြီး အသုံးပြုဖို့ အခက်အခဲရှိတဲ့ ဖုန်းတွေအတွက်ဒီ Sensor က ကူညီပေးနိုင်မှာပါ။ အရွယ်အစား သေးငယ်ပေမယ့်လည်း ရုပ်ထွက်ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်မှာပါ။ အဆိုပါ Sensor အသစ်မှာ Samsung ရဲ့ ISOCELL Plus နည်းပညာကို အသုံးပြုထားလို့ အလင်းရောင်ကို ပိုမိုဖမ်းယူနိုင်စေပြီး အရောင်ထွက်ကိုလည်း ပိုမိုတိကျစေမှာပါ။ Tetracell လို့ခေါ်တဲ့ Pixel လေးခုကို တစ်ခုတည်းအဖြစ်ပြန်လည်ပေါင်းစည်းပေးတဲ့ နည်းပညာကြောင့် ပိုမိုတောက်ပပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေရမှာပါ။

Slim 3T2 ကိုနောက်ကျောဘက် ကင်မရာ Sensor အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ အဓိက အားဖြင့် Telephoto Lens တွေမှာ အသုံးပြုနိုင်ပြီး Telephoto Sensor အဖြစ်အသုံးပြုတဲ့အခါ Tetracell နည်းပညာအစား RGB Color Filter Array ကိုအသုံးပြုပြီး Telephoto Sensor အဖြစ် လုပ်ဆောင်ပေးပါတယ်။ ဒီ Slim 3T2 ရဲ့ အမြင့်ဟာ ပုံမှန် Telephoto Sensor တွေထက် 7% ပိုသေးတာကြောင့် ကင်မရာ Module တွေငေါထွက်မနေပဲ ပိုမို ပါးလှပ်တဲ့ စမတ်ဖုန်းဒီဇိုင်းတွေရရှိမှာပါ။

Samsung ရဲ့ အဆိုပါ Slim 3T2 Sensor ကို ၂၀၁၉ မှာထုတ်လုပ်မယ့် ဖုန်းအများစုရဲ့ Selfie Camera နဲ့ နောက်ကျောဘက် နှစ်လုံးတွဲ၊ သုံးလုံးတွဲ ကင်မရာ စနစ်တွေမှာ အတွေ့ရများလာပါလိမ့်မယ်။

Ref: XDA