[Unicode]

၂၀၁၉ ခုနှစ်မတိုင်မီက Samsung ရဲ့ စမတ်ဖုန်းအများစုမှာ ဘက်ထရီပမာဏ နည်းပါးတာ၊ အားကုန်မြန်တာတွေကြောင့် သုံးစွဲသူအတော်များများက စိတ်ကျေနပ်မှု အပြည့်အဝ မရဘဲဖြစ်ခဲ့ကြရပါတယ်။ ဒီနောက်ပိုင်းမှာတော့ Samsung ဟာ သူ့ရဲ့ ဟန်းဆက်တွေမှာ ဘက်ထရီပမာဏကို တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး အားနည်းချက်ကို ပြုပြင်ခဲ့ပါတယ်။

အခုခေတ်မှာ ဘက်ထရီအကြောင်းပြောရင် အားသွင်းစနစ်မြန်ဆန်မှုကလည်း မပါမဖြစ် ပါရတော့မှာပါ။ အခုတော့ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ စမတ်ဖုန်းတွေက ဘက်ထရီတွေတင်မကဘဲ Power Bank တွေမှာပါ မြန်နှုန်းမြင့် အားသွင်းစနစ်တွေကို ထောက်ပံ့လာပြီ ဖြစ်ပါတယ်။ ဒါကို အသစ်ထွက်မယ့် Wireless Power Bank မှာ တွေ့မြင်ရမှာပါ။

Galaxy Note10+ မှာ 45W အမြန်အားသွင်းစနစ်ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် ကုမ္ပဏီဟာ Power Bank မှာလည်း မြန်နှုန်းမြင့် အားသွင်းစနစ်ကို ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ FCC certified အရ မော်ဒယ်နံပါတ် EB-U3300 နဲ့Samsung ရဲ့ ကြိုးမဲ့အားသွင်း Power Bank အသစ်ဟာ 25W အားသွင်းစနစ် ပါဝင်လာမယ်လို့ သိရပါတယ်။

SafetyKorea ကနေတစ်ဆင့် ပေါက်ကြားလာတဲ့ Power Bank ရဲ့ ရုပ်ပုံအရ USB-C port နှစ်ခုပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ အပေါ်ဘက်မှာတော့ Wireless Charging Pad ကို တွေ့မြင်ရပါတယ်။ 25W နဲ့အထက် အားသွင်းစနစ်တွေဟာ USB-C နဲ့ပဲ အလုပ်ဖြစ်တာကြောင့် USB-A output port မတွေ့ရပါဘူး။

ဒီ Power Bank ရဲ့ ကြိုးမဲ့အားသွင်းမြန်နှုန်းဟာ အနည်းဆုံး 15W အထိ ထွက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီပမာဏက Samsung ရဲ့ လက်ရှိ ကြိုးမဲ့ Power Bank တွေမှာလည်း ရရှိနေတာပါ။ အခုထွက်လာမယ့် Power Bank သစ်ရဲ့ ဘက်ထရီပမာဏကလည်း 10,000mAh ပဲဖြစ်လာဖွယ်ရှိနေပါတယ်။ ဒီ Power Bank ကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတာတော့ မသိရသေးပါဘူး။

Ref: SAMmobile

[Zawgyi]

Samsung ရဲ႕ Wireless Power Bank သစ္မွာ 25W အျမန္အားသြင္းစနစ္ ေထာက္ပံ့ထားေၾကာင္း သတင္းထြက္ေပၚလာ

၂၀၁၉ ခုႏွစ္မတိုင္မီက Samsung ရဲ႕ စမတ္ဖုန္းအမ်ားစုမွာ ဘက္ထရီပမာဏ နည္းပါးတာ၊ အားကုန္ျမန္တာေတြေၾကာင့္ သုံးစြဲသူအေတာ္မ်ားမ်ားက စိတ္ေက်နပ္မႈ အျပည့္အဝ မရဘဲျဖစ္ခဲ့ၾကရပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Samsung ဟာ သူ႔ရဲ႕ ဟန္းဆက္ေတြမွာ ဘက္ထရီပမာဏကို တိုးျမႇင့္ထုတ္လုပ္ခဲ့ၿပီး အားနည္းခ်က္ကို ျပဳျပင္ခဲ့ပါတယ္။

အခုေခတ္မွာ ဘက္ထရီအေၾကာင္းေျပာရင္ အားသြင္းစနစ္ျမန္ဆန္မႈကလည္း မပါမျဖစ္ ပါရေတာ့မွာပါ။ အခုေတာ့ ေတာင္ကိုရီးယားအေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ စမတ္ဖုန္းေတြက ဘက္ထရီေတြတင္မကဘဲ Power Bank ေတြမွာပါ ျမန္ႏႈန္းျမင့္ အားသြင္းစနစ္ေတြကို ေထာက္ပံ့လာၿပီ ျဖစ္ပါတယ္။ ဒါကို အသစ္ထြက္မယ့္ Wireless Power Bank မွာ ေတြ႕ျမင္ရမွာပါ။

Galaxy Note10+ မွာ 45W အျမန္အားသြင္းစနစ္ကို မိတ္ဆက္ေပးခဲ့ၿပီးတဲ့ေနာက္ ကုမၸဏီဟာ Power Bank မွာလည္း ျမန္ႏႈန္းျမင့္ အားသြင္းစနစ္ကို ေထာက္ပံ့ေပးဖို႔ လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ FCC certified အရ ေမာ္ဒယ္နံပါတ္ EB-U3300 နဲ႔Samsung ရဲ႕ ႀကိဳးမဲ့အားသြင္း Power Bank အသစ္ဟာ 25W အားသြင္းစနစ္ ပါဝင္လာမယ္လို႔ သိရပါတယ္။

SafetyKorea ကေနတစ္ဆင့္ ေပါက္ၾကားလာတဲ့ Power Bank ရဲ႕ ႐ုပ္ပုံအရ USB-C port ႏွစ္ခုပါဝင္ေနတာကိုလည္း ေတြ႕ရပါတယ္။ အေပၚဘက္မွာေတာ့ Wireless Charging Pad ကို ေတြ႕ျမင္ရပါတယ္။ 25W နဲ႔အထက္ အားသြင္းစနစ္ေတြဟာ USB-C နဲ႔ပဲ အလုပ္ျဖစ္တာေၾကာင့္ USB-A output port မေတြ႕ရပါဘူး။

ဒီ Power Bank ရဲ႕ ႀကိဳးမဲ့အားသြင္းျမန္ႏႈန္းဟာ အနည္းဆုံး 15W အထိ ထြက္ႏိုင္မယ္လို႔ ခန႔္မွန္းရပါတယ္။ ဒီပမာဏက Samsung ရဲ႕ လက္ရွိ ႀကိဳးမဲ့ Power Bank ေတြမွာလည္း ရရွိေနတာပါ။ အခုထြက္လာမယ့္ Power Bank သစ္ရဲ႕ ဘက္ထရီပမာဏကလည္း 10,000mAh ပဲျဖစ္လာဖြယ္ရွိေနပါတယ္။ ဒီ Power Bank ကို ဘယ္အခ်ိန္မွာ တရားဝင္မိတ္ဆက္မယ္ဆိုတာေတာ့ မသိရေသးပါဘူး။

Ref: SAMmobile