[Zawgyi]
[Unicode]
Samsung ၏ Next-Level Power Phone ဖြစ်သည့် Galaxy Note10 စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင် မိတ်ဆက်
အဆင့်မြှင့်တင်ထားသည့် S Pen နှင့် pro-grade ကင်မရာများ ပါဝင်သည့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော Galaxy Note စမတ်ဖုန်းအား အရွယ်အစား ၂ မျိုးဖြင့် ဝယ်ယူရရှိနိုင်မည်။
Samsung Electronics Co., Ltd မှ လှပသေသပ်သောဒီဇိုင်း၊ မြင့်မားသောစွမ်းဆောင်ရည်များဖြင့် သုံးစွဲသူများကို ပိုမိုကောင်းမွန်သော အတွေ့အကြုံသစ်များ ဖန်တီးပေးနိုင်မည့် စမတ်ဖုန်းအသစ် Galaxy Note 10 အား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်လိုက်သည်။ အဆိုပါစမတ်ဖုန်းကို မည်သည့်နေရာတွင်ဖြစ်စေ လုပ်ငန်းတာဝန်များကို အလွယ်တကူလုပ်ဆောင်နိုင်ရန် ဖန်တီးပေးထားသောကြောင့် အလုပ်နှင့်ဘဝကို တစ်သားတည်းကျအောင် ဆက်စပ်ပေးနိုင်မည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များစွာအတွင်း Samsung ၏ Galaxy Note စမတ်ဖုန်းများသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာကို ၎င်းတို့၏ စိတ်အားထက်သန်ရာများကို လုပ်ဆောင်နိုင်ရန်နှင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်အောင် ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ Samsung ချစ်သူများအား မိမိတို့နှစ်သက်သည့်လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် Galaxy Note 10 စမတ်ဖုန်းအား မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
“စတင်မိတ်ဆက်တဲ့ကာလကစတင်ပြီး Galaxy Note စမတ်ဖုန်းတွေဟာ အကောင်းတကာ့အကောင်းဆုံး နည်းပညာတွေနဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တာကြောင့် လူကြိုက်အများဆုံးစမတ်ဖုန်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီ Galaxy Note10 ကတော့ အဲဒီ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပိုပြီးအဆင့်မြှင့်ထားပါတယ်။ စိတ်ကူးစိတ်သန်းကောင်းတွေကို ကြိုးပမ်းပုံဖော်တဲ့နေရာမှာ အချိန်တိုအတွင်း အဆင်ပြေချောမွေ့အောင် လုပ်ဆောင်လိုတဲ့ Note ပရိသတ်တွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေ၊ လုပ်နိုင်စွမ်းတွေကို ပိုမိုသာလွန်တဲ့ အဆင့်ဆီ ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ “Galaxy Note10 မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက ဖုန်းအသုံးပြုသူတွေကို အောင်မြင်မှုတွေ ပိုပြီးဆွတ်ခူးရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ Project အကြီးကြီးတွေကို စီစဉ်ရေးဆွဲဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုတွေကို ရိုက်ကူးတည်းဖြတ်ဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ မိုဘိုင်းလ်ဂိမ်းတွေကို ဆော့တဲ့အခါမှာပဲဖြစ်ဖြစ် Galaxy Note10 ကပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းမှာပါ။”
မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများအနေဖြင့် Galaxy Note10 စမတ်ဖုန်းသစ်အား သြဂုတ်လ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူလိုသူများအနေဖြင့် နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးများနှင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့အပါဝင်အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင်ကြီး များတွင် စရန်ငွေ ၁၀၀,၀၀၀ (၁ သိန်း) ကျပ် ပေးသွင်း၍ ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်၍ ကြိုတင်မှာယူခဲ့သည့်ဆိုင်တွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများသည် အထူးအခွင့်အရေးအနေဖြင့် Galaxy Note10+ 256GB ကြိုတင်မှာယူသူများသည် 512GB version အားအခမဲ့ Upgrade ရရှိနိုင်မည်ဖြစ်ပြီး Galaxy Note 10 မှာယူသူများသည် Galaxy Buds အား အထူးလက်ဆောင် အနေဖြင့် ရရှိနိုင်မည်ဖြစ်သည်။
Galaxy Note10+ နှင့် Galaxy Note10 ဝယ်ယူအားပေးသူများအနေဖြင့် အထူးခံစားခွင့်များပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။
Galaxy Note10+ နှင့် Note10 စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက် မှစတင် ရောင်းချပေးသွားမည်ဖြစ်သည်။ Galaxy Note10+ အား Aura Glow၊ Aura Black နှင့် Aura White စသည့် အရောင် ၃ မျိုး ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy Note10 အား Aura Glow နှင့် Aura Pink စသည့် အရောင် ၂ မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
Galaxy Note10+ အား RAM 12GB + ROM 256 GB နှင့် RAM 12GB + ROM 512GB ဟူ၍ ဗားရှင်း ၂ မျိုး ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Galaxy Note 10 အား RAM 8GB + ROM 256GB တစ်မျိုးတည်းသာရရှိနိုင်မည်ဖြစ်သည်။
ဈေးနှုန်းအနေဖြင့် Galaxy Note10 အား ၁,၄၉၉,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ Galaxy Note10+ (RAM 12GB + ROM 256GB) အား ၁,၆၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Note10+ (RAM 12GB + ROM 512GB) အား ၁,၈၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။