Zawgyi

Samsung ဟာNotebook 9 Pen စီးရီးရဲ႕ေနာက္ဆုံးထြက္ေမာ္ဒယ္ျဖစ္တဲ့Notebook 9 Pen (2019)ကိုေတာင္ကိုရီးယားႏိုင္ငံမွာဒီေန႔မိတ္ဆက္လိုက္တာျဖစ္ပါတယ္။၁၃လက္မအ႐ြယ္အစားရွိတဲ့အဆိုပါNotebook ဟာပိုမိုေကာင္းမြန္လာတဲ့S Pen, ပိုမိုႀကီးမားလာတဲ့ဘက္ထရီေတြနဲ႔အတူပြဲထြက္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္၁၅လက္မအ႐ြယ္အစားရွိတဲ့Notebook ကိုလည္းေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔သိရပါတယ္။

Samsung အေနနဲ႔Notebook 9 Pen (2019) ေတြရဲ႕ေစ်းႏႈန္းကိုခုခ်ိန္ထိတရားဝင္ထုတ္ျပန္ေၾကညာထားျခင္းမရွိေသးပါဘူး။ဒါေပမယ့္လည္းအဆိုပါNotebook ေတြကိုဒီဇင္ဘာလ၁၄ရက္(မနက္ျဖန္) မွာေတာင္ကိုရီးယားႏိုင္ငံမွာစတင္ေရာင္းခ်သြားမယ္လို႔သိရပါတယ္။ဘရာဇီး၊တ႐ုတ္၊ေဟာင္ေကာင္နဲ႔အေမရိကတို႔မွာေတာ့၂၀၁၉ခုႏွစ္အေစာပိုင္းမွာရရွိႏိုင္ပါတယ္။

Samsung Notebook 9 Pen (2019) Specifications
FHD Display အမ်ိဴးအစားကိုအသုံးျပဳထားၿပီးProcessor အပိုင္းအတြက္Intel ရဲ႕Core i7 Processor ေတြကိုအသုံးျပဳထားပါတယ္။Nvidia GeForce MX150 (2GB) ကိုအသုံးျပဳထားတဲ့ေမာ္ဒယ္ရွိသလိုIntel UHD Graphics ကိုအသုံးျပဳထားတဲ့ေမာ္ဒယ္လည္းရွိပါတယ္။16GB LPDDR3 RAM ကိုစိုက္ထည့္ထားၿပီး၊512GB PCIe NVMe SSD ကိုထည့္သြင္းထားပါတယ္။

Connectivity အပိုင္းအတြက္Thunderbolt 3 ၂ေပါက္၊USB Type-C ၁ေပါက္၊Headphone/Mic Combo jack နဲ႔UFS/MicroSD Card Combo jack ေတြပါဝင္မွာျဖစ္ၿပီး၊လုံၿခဳံေရးစနစ္အတြက္Facial Recognition နဲ႔Fingerprint Recognition ေတြကိုလည္းအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။Facial Recognition ကိုေတာ့HD IR Front-facing Camera ကေနတစ္ဆင့္အသုံးျပဳႏိုင္မွာပါ။AKG Stereo Speakersေတြကိုတပ္ဆင္ထားၿပီးThunderAmp Audio နည္းပညာနဲ႔Tuned လုပ္ထားတာျဖစ္ပါတယ္။

Backlit Keyboard အမ်ိဴးအစားကိုတပ္ဆင္ေပးထားတာျဖစ္ၿပီး၊Built-in ပါတဲ့S Pen ကိုလည္းအသုံးျပဳႏိုင္ပါတယ္။Notebook 9 Pen (2019) ရဲ႕S Pen ဟာအရင္ေမာ္ဒယ္အေဟာင္းမွာပါခဲ့တဲ့S Pen ထက္Latency ကို၂ဆအထိေလ်ာ့ခ်ေပးႏိုင္တယ္လို႔သိရပါတယ္။54Wh Battery ကိုထည့္သြင္းေပးထားတာျဖစ္ၿပီးFast Charging Support လည္းရရွိမွာျဖစ္ပါတယ္။Samsung Notebook 9 Pen (2019) ကိုOcean Blue နဲ႔Platinum White Colour ဆိုၿပီး၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔သိရပါတယ္။

Ref : gadgets.ndtv

Unicode

Samsung Notebook 9 Pen (2019) ကိုတရားဝင်မိတ်ဆက်သွားပြီ

Samsung ဟာNotebook 9 Pen စီးရီးရဲ့နောက်ဆုံးထွက်မော်ဒယ်ဖြစ်တဲ့Notebook 9 Pen (2019) ကိုတောင်ကိုရီးယားနိုင်ငံမှာဒီနေ့မိတ်ဆက်လိုက်တာဖြစ်ပါတယ်။၁၃လက်မအရွယ်အစားရှိတဲ့အဆိုပါNotebook ဟာပိုမိုကောင်းမွန်လာတဲ့S Pen, ပိုမိုကြီးမားလာတဲ့ဘက်ထရီတွေနဲ့အတူပွဲထွက်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်၁၅လက်မအရွယ်အစားရှိတဲ့Notebook ကိုလည်းရွေးချယ်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။

Samsung အနေနဲ့Notebook 9 Pen (2019) တွေရဲ့စျေးနှုန်းကိုခုချိန်ထိတရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။ဒါပေမယ့်လည်းအဆိုပါNotebook တွေကိုဒီဇင်ဘာလ၁၄ရက်(မနက်ဖြန်) မှာတောင်ကိုရီးယားနိုင်ငံမှာစတင်ရောင်းချသွားမယ်လို့သိရပါတယ်။ဘရာဇီး၊တရုတ်၊ဟောင်ကောင်နဲ့အမေရိကတို့မှာတော့၂၀၁၉ခုနှစ်အစောပိုင်းမှာရရှိနိုင်ပါတယ်။

Samsung Notebook 9 Pen (2019) Specifications
FHD Display အမျိူးအစားကိုအသုံးပြုထားပြီးProcessor အပိုင်းအတွက်Intel ရဲ့Core i7 Processor တွေကိုအသုံးပြုထားပါတယ်။Nvidia GeForce MX150 (2GB) ကိုအသုံးပြုထားတဲ့မော်ဒယ်ရှိသလိုIntel UHD Graphics ကိုအသုံးပြုထားတဲ့မော်ဒယ်လည်းရှိပါတယ်။16GB LPDDR3 RAM ကိုစိုက်ထည့်ထားပြီး၊512GB PCIe NVMe SSDကိုထည့်သွင်းထားပါတယ်။

Connectivity အပိုင်းအတွက်Thunderbolt 3 ၂ပေါက်၊USB Type-C ၁ပေါက်၊Headphone/Mic Combo jack နဲ့UFS/MicroSD Card Combo jack တွေပါဝင်မှာဖြစ်ပြီး၊လုံခြုံရေးစနစ်အတွက်Facial Recognition နဲ့Fingerprint Recognition တွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။Facial Recognition ကိုတော့HD IR Front-facing Camera ကနေတစ်ဆင့်အသုံးပြုနိုင်မှာပါ။AKG Stereo Speakers တွေကိုတပ်ဆင်ထားပြီးThunderAmp Audio နည်းပညာနဲ့Tuned လုပ်ထားတာဖြစ်ပါတယ်။

Backlit Keyboard အမျိူးအစားကိုတပ်ဆင်ပေးထားတာဖြစ်ပြီး၊Built-in ပါတဲ့S Pen ကိုလည်းအသုံးပြုနိုင်ပါတယ်။Notebook 9 Pen (2019) ရဲ့S Pen ဟာအရင်မော်ဒယ်အဟောင်းမှာပါခဲ့တဲ့S Pen ထက်Latency ကို၂ဆအထိလျော့ချပေးနိုင်တယ်လို့သိရပါတယ်။54Wh Battery ကိုထည့်သွင်းပေးထားတာဖြစ်ပြီးFast Charging Support လည်းရရှိမှာဖြစ်ပါတယ်။Samsung Notebook 9 Pen (2019) ကိုOcean Blue နဲ့Platinum White Colour ဆိုပြီး၂မျိူးရွေးချယ်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။

Ref : gadgets.ndtv