Samsung က Galaxy Z Flip ရဲ့ 5G Version ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ မော်ဒယ်နံပါတ်က SM-F707B ဖြစ်ပါတယ်။ အခုတော့ XDA-Developers က Samsung ဟာ အဲဒီ မော်ဒယ်နံပါတ် ဖြစ်တဲ့ Galaxy Z Flip 5G ကို မှတ်ပုံတင်လိုက်ပြီလို့ ပြောပါတယ်။ အရင် သတင်းတွေအရ ကိုရီးယားက မော်ဒယ်နံပါတ်ဟာ SM-F707N ဖြစ်ပါတယ်။

Samsung Galaxy Z Flip ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး Snapdragon 855+ Chipset မောင်းနှင်ထားပါတယ်။ 5G Modem မပါလာဘဲ အခု မော်ဒယ် အသစ်မှာ 5G ပါလာမှာ ဖြစ်ပြီး 256GB Storage နဲ့ အနည်းဆုံး 8GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Galaxy Z Flip 5G အတွက်  အညိုရောင် အသစ် ထုတ်လုပ်ပေးထားမှာ ဖြစ်တယ်လို့ 3C မှာ ဖော်ပြထားပါတယ်။ မူလ Z Flip မှာလို 15W Fast Charger ပါလာမှာ ဖြစ်ပြီး Snapdragon 865 Chipset နဲ့ အဆင့်မြှင့်ထားမလားဆိုတာ မသိရသေးပါဘူး။ ဩဂုတ်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ အဲဒီ ဖုန်းကို ကြေညာနိုင်ပါတယ်။

Ref : gsmarena