[Zawgyi]

Samsung ဟာ ဒီႏွစ္ထဲမွာ Galaxy A စမတ္ဖုန္းေတြကို မိတ္ဆက္လာခဲ့ပါတယ္။ ဒီလို Galaxy A ေတြ မိတ္ဆက္လာကတည္းက Galaxy J ေတြကို ရပ္တန႔္လိုက္ေတာ့မယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့တာပါ။ အခုေတာ့ ဒီသတင္းက အမွန္တကယ္ ျဖစ္သြားခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ရက္ကပဲ Galaxy J ေတြကို အဆုံးသတ္လိုက္ၿပီျဖစ္ေၾကာင္း ကိုရီးယား ထိပ္တန္းစမတ္ဖုန္းကုမၸဏီႀကီးက တရားဝင္ေၾကညာသြားတာ ျဖစ္ပါတယ္။ တန္ဖိုးမျမင့္တဲ့ Galaxy J ေတြေနရာမွာ Galaxy A ေတြနဲ႔ အစားထိုးလိုက္ၿပီ ဆိုတဲ့အေၾကာင္းလည္း တစ္ပါတည္း အတည္ျပဳေပးသြားတာ ျဖစ္ပါတယ္။

Galaxy J ဟာ အခုအခ်ိန္မွာ Galaxy A ျဖစ္သြားၿပီဆိုတဲ့အေၾကာင္းကို Samsung Malaysia က Samsung Galaxy A30 နဲ႔ Samsung Galaxy A50 တို႔ကို ေၾကာ္ျငာတဲ့ ဗြီဒီယိုနဲ႔အတူ တစ္ပါတည္း ထုတ္ျပန္ေပးသြားတာပါ။ Galaxy A30 နဲ႔ A50 တို႔ဟာ အာရွပစိဖိတ္ႏိုင္ငံေတြမွာ အေစာကတည္းက ရရွိေနၿပီးသား ျဖစ္ပါတယ္။

Samsung ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔နံပါတ္တစ္ စမတ္ဖုန္းထုတ္လုပ္မႈကုမၸဏီႀကီး ျဖစ္ေပမယ့္ ေျပာင္းလဲလာတဲ့ ေတာင္းဆိုမႈေတြနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္လာတဲ့ ေဈးကြက္အေျခအေနေၾကာင့္ တန္ဖိုးသင့္ စမတ္ဖုန္းေတြကို မဟာဗ်ဴဟာတစ္ရပ္အေနနဲ႔ ထုတ္လုပ္လာတာပဲ ျဖစ္ပါတယ္။

Samsung အေနနဲ႔ Galaxy J ေတြကို ရပ္တန႔္လိုက္ၿပီျဖစ္ေၾကာင္း တရားဝင္အတည္ျပဳလိုက္ေပမယ့္ J Series စမတ္ဖုန္းေတြအတြက္ Software ပိုင္းဆိုင္ရာ ေထာက္ပံ့မႈေတြကို ဘယ္အခ်ိန္အထိ ဆက္ထားေပးေနမလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref: GSMArena

[Unicode]

Galaxy J တွေ ဆုံးသတ်သွားပြီလို့ Samsung အတည်ပြု

Samsung ဟာ ဒီနှစ်ထဲမှာ Galaxy A စမတ်ဖုန်းတွေကို မိတ်ဆက်လာခဲ့ပါတယ်။ ဒီလို Galaxy A တွေ မိတ်ဆက်လာကတည်းက Galaxy J တွေကို ရပ်တန့်လိုက်တော့မယ်လို့ ကောလာဟလတွေ ထွက်ခဲ့တာပါ။ အခုတော့ ဒီသတင်းက အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ရက်ကပဲ Galaxy J တွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကိုရီးယား ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးက တရားဝင်ကြေညာသွားတာ ဖြစ်ပါတယ်။ တန်ဖိုးမမြင့်တဲ့ Galaxy J တွေနေရာမှာ Galaxy A တွေနဲ့ အစားထိုးလိုက်ပြီ ဆိုတဲ့အကြောင်းလည်း တစ်ပါတည်း အတည်ပြုပေးသွားတာ ဖြစ်ပါတယ်။

Galaxy J ဟာ အခုအချိန်မှာ Galaxy A ဖြစ်သွားပြီဆိုတဲ့အကြောင်းကို Samsung Malaysia က Samsung Galaxy A30 နဲ့ Samsung Galaxy A50 တို့ကို ကြော်ငြာတဲ့ ဗွီဒီယိုနဲ့အတူ တစ်ပါတည်း ထုတ်ပြန်ပေးသွားတာပါ။ Galaxy A30 နဲ့ A50 တို့ဟာ အာရှပစိဖိတ်နိုင်ငံတွေမှာ အစောကတည်းက ရရှိနေပြီးသား ဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီကြီး ဖြစ်ပေမယ့် ပြောင်းလဲလာတဲ့ တောင်းဆိုမှုတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဈေးကွက်အခြေအနေကြောင့် တန်ဖိုးသင့် စမတ်ဖုန်းတွေကို မဟာဗျူဟာတစ်ရပ်အနေနဲ့ ထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။

Samsung အနေနဲ့ Galaxy J တွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုလိုက်ပေမယ့် J Series စမတ်ဖုန်းတွေအတွက် Software ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကို ဘယ်အချိန်အထိ ဆက်ထားပေးနေမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: GSMArena