အခုတစ်ခါမှာတော့ Samsung ဖုန်းသုံးတဲ့သူတွေအတွက် အသုံးဝင်စေမယ့် Software Features လေးတွေကို မျှဝေပေးချင်ပါတယ်။ နောက်လိုရင် ကြည့်နိုင်အောင် Share ထားနိုင်သလို၊ လိုအပ်မယ်ထင်တဲ့ ကိုယ့်ရဲ့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေရှိရင်လည်း Mentioned ခေါ်ပေးခဲ့လို့ရပါတယ်။ Samsung User တိုင်းအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။ Samsung ရဲ့ Built-in Features တွေများသလောက်၊ ကျွန်တော့်မိတ်ဆွေအများစု မသုံးဖြစ်ကြတဲ့ Feature ကောင်းတစ်ချို့နဲ့ ဖုန်းသုံးရ ပိုကောင်းလာစေမယ့်နည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်ဖုန်းရဲ့ဘက်ထရီ ပိုအသုံးခံလာစေဖို့

ကျွန်တော်တို့ Background App Usage တွေကိုပိတ်ထားလိုက်လို့ရတယ်။

အဲ့တာလုပ်ဖို့အတွက် – Device Care ဒါမှမဟုတ် Setting ထဲက Battery >> Background Usage Limit ဆိုတဲ့ထဲသွားပြီး Put Unused Apps To Sleep ကိုအမှန်ခြစ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်။ သူ့အောက်က Sleeping Apps ကတော့ သူ့ထဲထည့်ထားတဲ့ App မှန်သမျှ Run တော့ Run နေဦးမယ်၊ Power Consumption အားအစားလျှော့ပေးတာဖြစ်လို့ ကိုယ်ထည့်ထားတဲ့ App များရင်များသလို ထက်ဝက်လောက် Power စားပိုသက်သာမှာဖြစ်ပါတယ်။ အဲ့ဒီအထဲ ကိုယ်မဖြစ်မနေ Notification တက်တာမနှေးချင်တဲ့ App အနည်းစုလောက်ကလွဲပြီး အကုန်လုံးနီးပါးထည့်ထားဖို့တိုက်တွန်းပါတယ်။

အစက Samsung မှာ Sleeping Apps လို တစ်ခုပဲရှိခဲ့တာကနေ ခုနောက်ပိုင်း Deep Sleeping Apps ဆိုတာပါ ပါလာတယ်။ သူ့ထဲထည့်ထားတဲ့ Apps တွေကတော့ ကိုယ်ဝင်မသုံးမချင်း လုံးဝကို သေနေမယ်။ အဲ့တာက ဘာအတွက်ကောင်းလဲဆိုရင် ကိုယ်တစ်ခါတစ်လေလောက်မှ ဖွင့်သုံးဖြစ်တဲ့ Calculator, Calendars လို Tools တွေကနေ Dictionary လို App တွေ၊ သိပ်မဆော့ဖြစ်တဲ့ Game တွေအထိ ထည့်ထားဖို့ကောင်းပါတယ်။ သူ့ရဲ့ အသုံးပြုချင်စရာအားသာချက်က သင့်အနေနဲ့ App တွေ အများကြီးလည်းသွင်းထားချင်တယ်၊ Battery နဲ့ Ram စားနေတာမျိုးကိုလည်း မလိုချင်ဘူးဆိုတာမျိုးအတွက် ကောင်းကောင်းဖြေရှင်းပေးနိုင်တာပဲဖြစ်ပါတယ်။ Never Sleeping Apps ကတော့ ပြောင်းပြန်ပါ။ အကုန်အသွက်ဆုံးဖြစ်နေအောင်လို့ ဘာအတားဆီးမှမရှိဘဲ ဘက်ထရီကျွေးထားချင်တဲ့ Apps အနည်းစုအတွက်ဖြစ်ပါတယ်။

တကယ်လို့ သင်က ဖုန်းထဲ App တွေအများကြီးသွင်းထားတဲ့သူမျိုးဖြစ်ခဲ့ရင်၊ ဒီ Features လေးတွေနဲ့ သေချာထားသုံးလိုက်မယ်ဆိုရင် အရင်ထက် ဖုန်းအားသိသိသာသာပိုခံလာတာကို တွေ့ရမှာဖြစ်ပါတယ်။ Samsung လို Build-in ပါလာတဲ့ (မကြိုက်တဲ့သူတွေ bloat-ware တွေလို့ပြောကြတဲ့) App များတဲ့ ဖုန်းတစ်လုံးအနေနဲ့ဆိုကြည့်မယ်ဆိုရင်လည်း ဒါက တော်တော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်ကောင်းလေးတွေဖြစ်ပါတယ်။

Samsung ရဲ့ OneUI Software မှာ ရိုးရိုး Power Saving Mode နဲ့ Adaptive Power Saving Mode ဆိုပြီး ၂မျိုးရှိပါတယ်။ တစ်မျိုးက Adaptive ဆိုတဲ့အတိုင်း Samsung OneUI က သင့်ရဲ့အသုံး Usage Pattern ကိုမှတ်ပြီး App တစ်ခုချင်းစီအလိုက် Battery Saving လုပ်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အမြဲစမ်းကြည့်ကြရသလောက် Optimize ဖြစ်ပြီး ထိရောက်တာကိုတွေ့ရပါတယ်။

ရိုးရိုး Power Saving Mode လိုမျိုး အရာရာအားလုံး ပုံသေအမြဲလျှော့ထား၊ နှေးထားတာမျိုးမဟုတ်ပဲ 120Hz လို High Refresh Rate သုံးမရတော့တာမျိုးလို ကန့်သတ်ချက်တွေလည်း သူ့မှာရှိမနေပါဘူး။ ဖုန်းသုံးရသွက်နေပြီး Battery Saving လည်းဖြစ်မှာမို့ အချိန်တိုင်း Power Saving Mode မသုံးချင်တဲ့သူတွေအတွက်ဆိုရင်လည်း မမှားပါဘူး။

သင့်ဖုန်းရဲ့ ဘက်ထရီအားခံဖို့အပြင်၊ ဘက်ထရီရဲ့သက်တမ်းလည်း ပိုကြာကြာခံလာအောင် Samsung ဖုန်းနဲ့ Tablet Model အမြင့်တွေမှာ 85% ထိပဲအများဆုံးသွင်းပေးတဲ့ Feature လေးလည်းပါလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အခုထိ ဈေးကွက်ထဲက တခြားဖုန်းအများစုမှာ မပါလာသေးတဲ့ တကယ်အကျိုးရှိစေမယ့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

Single Take

၂၀၂၀ခုနှစ် နောက်ပိုင်း Samsung ရဲ့ Camera Feature အသစ်တစ်ခုဖြစ်တဲ့ Single Take ဆိုတာလေးက ပေါ့ပေါ့ပါးပါး Casual Photography အတွက် တကယ်လူသက်သာစေတဲ့ Auto လုပ်ဆောင်ချက်အလန်းလေးဖြစ်ပါတယ်။ Samsung ရဲ့ AI က ပုံလေးတွေ Video လေးတွေကို အလိုလို သူ့ဘာသာထုတ်ပေးနိုင်တာဆိုတော့ သင့်အနေနဲ့ ဓာတ်ပုံအချိန်ပေးရိုက်ရ၊ ပြန်ပြင်ရတာတွေ လုပ်ရမှာပျင်းတဲ့သူဖြစ်လေလေ ဒီ Feature က Handy ပိုဖြစ် ပိုအသုံးဝင်လေပဲဖြစ်ပါတယ်။

Palm Swipe

Palm Swipe လုပ်ပြီး Screenshot လုပ်လို့ရတဲ့ Feature ကတော့ Samsung Flagship Phone တွေရဲ့ Exclusive Feature တစ်ခုဖြစ်ပါတယ်။ ခုခေတ်အနေနဲ့ဆိုလည်း Screen အရွယ်အစား ပိုကြီးတဲ့ Tablet လိုမျိုးတွေမှာ Screenshot ယူတဲ့အချိန် ပိုပြီး Convenient ဖြစ်စေတုန်းပဲဖြစ်ပါတယ်။

Smart Switch

Samsung ဖုန်းအသစ်စသုံးမယ့်သူတိုင်းအတွက် အကျိုးရှိစေမယ့် App ကတော့ Smart Switch ပါ။ အလွယ်ပြောရရင် ကိုယ့်ရဲ့ဖုန်းအဟောင်း ကနေ ဖုန်းအသစ်ဆီ Data တွေအကုန်လုံး တစ်ခုချင်းပြန်ကူးထည့်နေစရာမလိုဘဲ၊ သူ့ဟာသူအကုန် Auto ကူးပေးသွားတာပဲဖြစ်ပါတယ်။ Samsung Smart Switch ကို Samsung ဖုန်းအချင်းချင်းရော၊ တခြား Android တွေ၊ iPhone တွေနဲ့ပါ အလွယ်တကူ သုံးလို့ရတာဖြစ်ပါတယ်။ Windows နဲ့ Mac တွေပေါ်ကနေပါရသေးတယ်။ ဒါဟာ Universal Support Level ဖြစ်သွားပြီး User တိုင်းအတွက် အသုံးဝင်စေလိမ့်မယ်လို့ထင်ပါတယ်။ ကိုယ်က Cloud service တွေဘာတွေလည်း မသုံးဖြစ်နေတဲ့သူဆို ဒါလေးနဲ့ တန်းသုံးလိုက်ရုံပဲဖြစ်ပါတယ်။

Secured Folder

အရင် S5 တွေခေတ်က Private Mode လို့ခေါ်ခဲ့တဲ့ Secured Folder လေးထဲမှာ Photo, Video တွေ သီးသန့်သိမ်းထားလို့ရပါတယ်။ App တွေပါ စိတ်ကြိုက်ထည့်ထားလို့ရတော့ ကိုယ့်ရဲ့ ဖုန်းကို နောက်ထပ် Second Space သီးသန့်နေရာသစ်တစ်ခုလို ပွားသုံးလို့လည်းရပါတယ်။ ကိုယ့်ရဲ့ Data တွေကို Secured ဖြစ်ဖြစ်၊ လုံလုံခြုံခြုံနဲ့သိမ်းထားချင်တဲ့အခါ သုံးနိုင်မယ့် Feature ကောင်းလေးဖြစ်ပါတယ်။

ဒီအထိက ခုခေတ်ဖုန်းတစ်လုံးအနေနဲ့ဆို သိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် Secured Folder အတွက် Samsung က Samsung Knox Security ဆိုတာနဲ့ ထိန်းထားပေးတာပါ။ သူက သာမန်တခြား Android ဖုန်းတွေမှာလိုမျိုး Software Level သပ်သပ်တင်မဟုတ်ပဲ Hardware Base Level Protection ဖြစ်ပါတယ်။ Knox အတွက် သီးသန့် Chip လေးကို ထည့်ထားပေးတာမျိုးဖြစ်ပါတယ်။ Samsung ကတော့ တခြား ပိုက်ဆံပေးသုံးရတဲ့ ဘာ Security App မှထပ်မလိုလောက်အောင်ကို Real-time Protection လည်းရ၊ ပိုလည်းစိတ်ချရတယ်လို့ဆိုထားပါတယ်။

Samsung Pass

Google Good Lock လို User Name နဲ့ Password တွေ သိမ်းထားလို့ရတဲ့ Samsung Pass ဆိုရင်လည်း Knox နဲ့ပဲဖြစ်ပါတယ်။ နောက်ပိုင်း ကိုယ့် Fingerprint လေးတစ်ချက်ထဲနဲ့ Password တောင်းတဲ့နေရာတိုင်းကို တန်းဝင်လိုက်ရုံပဲမို့ လူသုံးများလာပါတယ်။

Samsung Health

Samsung Health မှာလည်း ခုနောက်ပိုင်း Features အသစ်တွေပိုများလာတယ်။ ကိုယ့်သူငယ်ချင်းတွေ သူများတွေနဲ့ Challenge လုပ်ပြီး ပြိုင်လုပ်လို့ရလာတာတွေ၊ နောက် Fitness Program တွေပါ ပါလာပြီဖြစ်ပါတယ်။ Feature များများထည့် ပေးနေကျ Samsung ထုံးစံအတိုင်း Samsung Health မှာ သာမန်လူအတွက် တခြား Third Party App သုံးစရာမလိုသလောက်ကိုစုံလာပါတယ်။

Samsung ဖုန်းတွေရဲ့အသက် OneUI အကြောင်းနည်းနည်းပြောကြရအောင်

အရင် TouchWiz ကနေ Samsung Experience အခု OneUI ခေတ်အထိရောက်လာခဲ့ပြီ။ Look & Feel အရရော သုံးရတဲ့ User Experience ပိုင်းအရရော အရင် Samsung UI တွေနဲ့ ဘာမှကိုမဆိုင်တော့ပါဘူး။ Handy ဖြစ်တဲ့ Features တွေပိုပါလာသလို One Handed လက်တစ်ဖက်တည်းနဲ့ သုံးလို့ပိုကောင်းလာတာ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ပိုလှလာတာမျိုးတွေဖြစ်လာပါတယ်။ Samsung ဖုန်းမကြိုက်ခဲ့တဲ့သူတွေတောင် Visual အမြင်ပိုင်းအရပဲပြောပြော OneUI ကို သဘောကျလာကြတာများပါတယ်။

အချုပ်ကိုပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ခုလို Features စုံစုံပါတာတွေအတွက် Samsung ဖုန်းတွေကို User တစ်ယောက်အနေနဲ့ဆိုလည်း သဘောကျပါတယ်။ ဟိုးကတည်းက သူများမှာမပါခဲ့သေးတဲ့ Features တွေနဲ့၊ ဖုန်းပေါ်ကနေ အစောဆုံး Multitasking လုပ်လို့ကောင်းစေခဲ့တာတွေက ကျွန်တော့်အတွက်တော့ Personally Samsung ကို တော်တော် Appreciate ဖြစ်စေခဲ့တယ်။ Android ထဲ ဘက်စုံမျှတဲ့ Overall Balance ဖြစ်တာဆိုရင် Samsung ကိုပဲ ညွှန်းခဲ့ဖြစ်တဲ့အထိ အဆင်ပြေစေခဲ့ပါတယ်။

နောက်လည်း Samsung ဆီကနေ ပိုပိုပြီး အဆင့်မြင့်တဲ့ Features တွေ၊ အထူးသဖြင့် Gimmick သာသာတွေထက် ဟိုးဟိုးတုန်းကတည်းကလို User တွေအတွက် တကယ်အသုံးဝင်စေမယ့် Features အသစ်တွေ ပိုပိုထည့်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ Company တွေထဲ Design Innovation တော်တော်ဖြစ်တဲ့ Samsung ကို Ram Management အပိုင်းမှာ အခုထက်ပိုအားစိုက်လာပေးရင် ပိုမိုက်သွားမယ်လို့မြင်ပါတယ်။ Features တွေလည်း တော်တော်များများစုံနေပြီးသားဖြစ်တဲ့အတွက်၊ Samsung အနေနဲ့ နောက်နောင် OneUI Version အသစ်တွေမှာ သူ့ရဲ့ Mid-range နဲ့ Entry Model ဖုန်းတွေအတွက်ပါ သေချာ Tuning လုပ်လာပေးစေချင်တယ်လို့ပဲပြောရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။