[Zawgyi]

Samsung က ဒီတစ္ပတ္ အေစာပိုင္းမွာ Galaxy S10 Series ေတြအတြက္ Android 10 အေျချပဳ One UI 2.0 Beta Program နဲ႔ ပတ္သက္ၿပီး အရိပ္အျမြက္ သတင္းေပးခဲ့ပါတယ္။ မိခင္ႏိုင္ငံ ေတာင္ကိုရီးယားမွာ Beta Program ကို ဒီလ ၁၂ ရက္ေန႔ စတင္ ျပဳလုပ္ေပးလိုက္ပါၿပီ။ Beta Version ကို စမ္းသပ္ အသံုးျပဳခ်င္သူေတြ စာရင္းေပးသြင္းႏုိင္ပါၿပီ။

အေစာပိုင္းမွာ ကုမၸဏီက ဖုန္း အလံုးေရ ၁,၀၀၀ ကိုသာ လက္ခံထားေပမယ့္ ဒီလ ၁၄ ရက္ေန႔မွာ တိုးခ်ဲ႕လက္ခံေပးမွာ ျဖစ္ပါတယ္။ Galaxy S10 , S10+ နဲ႔ S10e ကိုင္ထားတဲ့ ေတာင္ကိုရီးယားက လူေတြဟာ Samsung Members App ကေန One UI 2.0 Beta Program မွာ ပါ၀င္ႏုိင္ပါတယ္။ ပါ၀င္ၿပီးတာနဲ႔ Android 10 အေျချပဳ One UI 2.0 ကို OTA ကေန ရယူႏုိင္မွာ ျဖစ္ပါတယ္။

Samsung က One UI 2.0 Beta Program ကို တျခားႏုိင္ငံေတြမွာ ျပဳလုပ္ေပးမယ့္ သတင္းကို မေျပာေသးပါဘူး။ လာမယ့္ တနလၤာေန႔မွာ အေမရိကန္နဲ႔ ဂ်ာမနီမွာ စတင္ ျပဳလုပ္ေပးမယ္လို႔ ထင္ရပါတယ္။

Google ရဲ႕ ေနာက္ဆံုးထုတ္ Android 10 ကို ကုမၸဏီေတြက သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ ကိုယ္ပိုင္ UI ေတြနဲ႔ ေပါင္းစပ္ ထည့္သြင္းေပးေနၾကပါတယ္။ ဒါေပမယ့္ ကိုယ္ပိုင္ UI နဲ႔ ေပါင္းစပ္ရတာ အခ်ိန္ လေပါင္းမ်ားစြာ ၾကာျမင့္ေလ့ရွိပါတယ္။ အထူးသျဖင့္ေတာ့ တန္ဖုိးႀကီး စြမ္းရည္ျမင့္ စမတ္ဖုန္းေတြအတြက္ အရင္ဆံုး ျဖန္႔ခ်ိေပးၾကပါတယ္။

Ref : gsmarena

[Unicode]

Galaxy S10 Series တွေအတွက် Android 10 အခြေပြု One UI 2.0 Beta Program စတင်ပြီ

Samsung က ဒီတစ်ပတ် အစောပိုင်းမှာ Galaxy S10 Series တွေအတွက် Android 10 အခြေပြု One UI 2.0 Beta Program နဲ့ ပတ်သက်ပြီး အရိပ်အမြွက် သတင်းပေးခဲ့ပါတယ်။ မိခင်နိုင်ငံ တောင်ကိုရီးယားမှာ Beta Program ကို ဒီလ ၁၂ ရက်နေ့ စတင် ပြုလုပ်ပေးလိုက်ပါပြီ။ Beta Version ကို စမ်းသပ် အသုံးပြုချင်သူတွေ စာရင်းပေးသွင်းနိုင်ပါပြီ။

အစောပိုင်းမှာ ကုမ္ပဏီက ဖုန်း အလုံးရေ ၁,၀၀၀ ကိုသာ လက်ခံထားပေမယ့် ဒီလ ၁၄ ရက်နေ့မှာ တိုးချဲ့လက်ခံပေးမှာ ဖြစ်ပါတယ်။ Galaxy S10 , S10+ နဲ့ S10e ကိုင်ထားတဲ့ တောင်ကိုရီးယားက လူတွေဟာ Samsung Members App ကနေ One UI 2.0 Beta Program မှာ ပါဝင်နိုင်ပါတယ်။ ပါဝင်ပြီးတာနဲ့ Android 10 အခြေပြု One UI 2.0 ကို OTA ကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။

Samsung က One UI 2.0 Beta Program ကို တခြားနိုင်ငံတွေမှာ ပြုလုပ်ပေးမယ့် သတင်းကို မပြောသေးပါဘူး။ လာမယ့် တနင်္လာနေ့မှာ အမေရိကန်နဲ့ ဂျာမနီမှာ စတင် ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။

Google ရဲ့ နောက်ဆုံးထုတ် Android 10 ကို ကုမ္ပဏီတွေက သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် UI တွေနဲ့ ပေါင်းစပ် ထည့်သွင်းပေးနေကြပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် UI နဲ့ ပေါင်းစပ်ရတာ အချိန် လပေါင်းများစွာ ကြာမြင့်လေ့ရှိပါတယ်။ အထူးသဖြင့်တော့ တန်ဖိုးကြီး စွမ်းရည်မြင့် စမတ်ဖုန်းတွေအတွက် အရင်ဆုံး ဖြန့်ချိပေးကြပါတယ်။

Ref : gsmarena