Google ဟာ ယခုအချိန်မှာ Android 12 OS ကို Beta Version အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ Stable Version အနေနဲ့ ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနေ့မှာ Google Pixel Series ဖုန်းတွေအတွက်ပဲ ထုတ်ပေးသွားမှာဖြစ်ပြီး တခြားဖုန်းတွေအတွက်ကတော့ အချိန်စောင့်ဆိုင်းမှာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Samsung ကနေ Android 12 ကို အခြေခံထားတဲ့ OneUI 4 ကို Beta အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OneUI 4 Beta ဟာ Samsung Galaxy S21 Series ဖုန်းတွေဖြစ်တဲ့ Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S21 Ultra ဖုန်းတွေမှာ အရင်ဆုံးရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ OneUI 4 Beta ကို ထုတ်ပေးဖို့ စီစဥ်ထားတာဖြစ်ပေမယ့် အချိန်အနည်းငယ်နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ အခု OneUI 4 Beta ကို အသုံးပြုချင်တယ်ဆိုရင်တော့ South Korea ၊ US ၊ UK ၊ China ၊ Germany နဲ့ Poland နိုင်ငံမှာ Samsung Members App ကနေတစ်ဆင့် အရေအတွက်အကန့်အသတ်နဲ့ လက်ခံပေးသွားမှာဖြစ်ပါတယ်။

OneUI 4 ဟာ UI Design ပိုင်းမှာ Theme အသစ်တွေ ၊ Home Screen Customization ၊ Wallpaper အသစ်တွေနဲ့ AR Emoji တွေပါ ထည့်ပေးထားမှာဖြစ်ပါတယ်။ Android 12 ရဲ့ Feature တစ်ခုဖြစ်တဲ့ Microphone ၊ Location ၊ Camera Access တွေအသုံးပြုနေတဲ့အချိန်မှာလည်း Notification ပြသပေးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OneUI 4 ဟာ အခုအချိန်မှ Beta အနေနဲ့ ထုတ်ပေးနေတာဖြစ်တာကြောင့် Stable ဖြစ်ဦးမှာတော့မဟုတ်သေးဘဲ Stable Version ကိုတော့ Google ကနေ ထုတ်ပေးပြီး လပိုင်းခန့် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – GSM Arena