[Zawgyi]

ေဘာစိေတြပဲ ကိုင္ႏုိင္မယ့္ Samsung Galaxy Fold ကို ေတာင္ကိုရီးယား၊ အေမရိကန္နဲ႔ ဥေရာပႏုိင္ငံတခ်ိဳ႕မွာ ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ ကုမၸဏီက အိႏၵိယ၊ ၾသစေၾတးလ်နဲ႔ ယူေအအီးမွာပါ တိုးခ်ဲ႕ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ အရင္ကေတာ့ ကုမၸဏီက အိႏၵိယမွာ ေနာက္လ ၁ ရက္ေန႔ ေရာင္းေပးမယ္လို႔ အတည္ျပဳထားပါတယ္။ ၾသစေၾတးလ်နဲ႔ ယူေအအီးမွာ ေရာင္းမယ့္ ေန႔ကိုေတာ့ မသိရေသးပါဘူး။

Samsung ရဲ႕ ပထမဆံုး ေခါက္ခ်ိဳး ဖုန္းကို ၀ယ္ယူခ်င္သူေတြဟာ ကုမၸဏီရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္မွာ သတင္းအခ်က္အလက္ေတြကို ထည့္သြင္းေပးထားရမွာ ျဖစ္ၿပီး ေရာင္းမယ့္ အခ်ိန္ေရာက္ရင္ ကုမၸဏီက အသိေပးမွာ ျဖစ္ပါတယ္။ အေရအတြက္ကို အကန္႔အသတ္နဲ႔ ေရာင္းခ်မွာ ျဖစ္ၿပီး ၀ယ္ယူခ်င္သူေတြဟာ စတိုးမွာ ကိုယ္တိုင္ သြားရမွာပါ။ Samsung က ၀ယ္ယူသူေတြ သိခ်င္တဲ့ သတင္းအခ်က္အလက္ေတြကို ၂၄ နာရီ ပံ့ပိုးေပးမယ့္ Galaxy Fold Premier Service ကို ျပဳလုပ္ေပးထားပါတယ္။

Galaxy Fold ဟာ သိန္း ၃၀ ေလာက္တန္ေၾကးရွိႏုိင္တဲ့အတြက္ ေတာ္ရံုလူ မကိုင္ႏိုင္ပါဘူး။ ဒါေပမယ့္ Samsung က ေဘာစိမဟုတ္တဲ့ လူေတြပါ ကိုင္ႏုိင္မယ့္ Galaxy Fold ေမာ္ဒယ္ ၁ လံုးကို ဖန္တီးေနတဲ့ သတင္းေတြထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္မွာ RAM ကို ေလွ်ာ့ခ်ျခင္းလို ေစ်းသက္သာေစမယ့္ အစိတ္အပိုင္းေတြကို ထည့္သြင္းထားႏုိင္ပါတယ္။

Samsung ဟာ   Galaxy Note 10 ထက္ ေစ်းသက္သာမယ့္ ေမာ္ဒယ္ကိုလည္း ဖန္တီးေနတဲ့ သတင္းေတြ ထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္မွာ Specs ေတြကို ေလွ်ာ့ခ်ထားႏိုင္ေပမယ့္ S-Pen ေတာ့ ပါလာဦးမွာ ျဖစ္ပါတယ္။ 128GB Internal Storage ထည့္သြင္းထားႏုိင္ၿပီး လက္ရွိမွာ အဲဒီဖုန္း ရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲ သိရပါေသးတယ္။

Ref : gsmarena

[Unicode]

အိန္ဒိယ၊ သြစတြေးလျနဲ့ ယူအေအီးမှာ Samsung Galaxy Fold ကို ဝယ်ယူဖို့ စာရင်းပေးသွင်းနိုင်ပြီ

ဘောစိတွေပဲ ကိုင်နိုင်မယ့် Samsung Galaxy Fold ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့မှာ ရောင်းချပေးထားပါတယ်။ အခုတော့ ကုမ္ပဏီက အိန္ဒိယ၊ သြစတြေးလျနဲ့ ယူအေအီးမှာပါ တိုးချဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အရင်ကတော့ ကုမ္ပဏီက အိန္ဒိယမှာ နောက်လ ၁ ရက်နေ့ ရောင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ သြစတြေးလျနဲ့ ယူအေအီးမှာ ရောင်းမယ့် နေ့ကိုတော့ မသိရသေးပါဘူး။

Samsung ရဲ့ ပထမဆုံး ခေါက်ချိုး ဖုန်းကို ဝယ်ယူချင်သူတွေဟာ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကို ထည့်သွင်းပေးထားရမှာ ဖြစ်ပြီး ရောင်းမယ့် အချိန်ရောက်ရင် ကုမ္ပဏီက အသိပေးမှာ ဖြစ်ပါတယ်။ အရေအတွက်ကို အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်ပြီး ဝယ်ယူချင်သူတွေဟာ စတိုးမှာ ကိုယ်တိုင် သွားရမှာပါ။ Samsung က ဝယ်ယူသူတွေ သိချင်တဲ့ သတင်းအချက်အလက်တွေကို ၂၄ နာရီ ပံ့ပိုးပေးမယ့် Galaxy Fold Premier Service ကို ပြုလုပ်ပေးထားပါတယ်။

Galaxy Fold ဟာ သိန်း ၃၀ လောက်တန်ကြေးရှိနိုင်တဲ့အတွက် တော်ရုံလူ မကိုင်နိုင်ပါဘူး။ ဒါပေမယ့် Samsung က ဘောစိမဟုတ်တဲ့ လူတွေပါ ကိုင်နိုင်မယ့် Galaxy Fold မော်ဒယ် ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။

Samsung ဟာ Galaxy Note 10 ထက် ဈေးသက်သာမယ့် မော်ဒယ်ကိုလည်း ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ Specs တွေကို လျှော့ချထားနိုင်ပေမယ့် S-Pen တော့ ပါလာဦးမှာ ဖြစ်ပါတယ်။ 128GB Internal Storage ထည့်သွင်းထားနိုင်ပြီး လက်ရှိမှာ အဲဒီဖုန်း ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gsmarena