တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ တောင်ကိုရီးယားအခြေစိုက် Esports အသင်းတစ်သင်းဖြစ်တဲ့ T1 Entertainment & Sports ရဲ့ Display Partner အဖြစ် တရားဝင်ပူးပေါင်းလိုက်ပါတယ်။

ယခင်က SK Telecom T1 လို့ လူသိများတဲ့ T1 အသင်းဟာ League of Legends ဂိမ်းနဲ့ နာမည်အကြီးဆုံးဖြစ်ပြီး Apex Legends, Fortnite, Hearthstone, Dota2, PUBG စတဲ့ Esports အသင်းခွဲပေါင်းများစွာ ရှိပါတယ်။

အခုလိုပူးပေါင်းပြီးတဲ့နောက်မှာတော့ T1 Esports အသင်းဟာ Samsung ရဲ့ Odyssey G9, G7 မော်နီတာတွေ အပါအဝင် ထုတ်ကုန်တွေကို သုံးစွဲတော့မှာဖြစ်တဲ့အပြင် ဆိုးလ်မြို့က ရုံးချုပ်ကိုလည်း Samsung Player Lounge လို့ အမည်ပြောင်းလဲပေးခဲ့ပါတယ်။ သူတို့ရဲ့ပူးပေါင်းမှုအတွက် ဘဏ္ဍာရေးပိုင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

Samsung မှာလည်း ကိုယ်ပိုင် Esports အသင်းတွေရှိပေမယ့် T1 နဲ့ပါ ထပ်မံပူးပေါင်းခဲ့တာက သူတို့ရဲ့ ပြည်တွင်း Esports မြင်ကွင်းကို ဘယ်လောက်ထိ အရေးပေးတယ်ဆိုတာ သိသာစေတဲ့ အချက်တစ်ခုပါပဲ။ Samsung Galaxy LOL အသင်းဟာ ၂၀၁၇ ခုနှစ်က Leauge of Legends ကမ္ဘာ့ချန်ပီယံရှစ်ပွဲမှာ သုံးနှစ်ဆက်ဗိုလ်စွဲဖို့ အခြေအနေကောင်းနေတဲ့ T1 အသင်းကို အနိုင်ယူပြီး ရပ်တန့်စေခဲ့ဖူးပါတယ်။

Ref – Esports Observer