[Zawgyi]

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ စာအုပ္လို ေခါက္ခ်ိဳး သံုးႏုိင္တဲ့ ဒီဇိုင္းေတြ ျဖစ္ပါတယ္။ တျခား ေခါက္ခ်ိဳး ဖုန္း ဒီဇိုင္း ၁ ခုကိုလည္း ကုမၸဏီေတြက ဖန္တီးေနၾကပါတယ္။ Sharp က ဟိုးအရင္က ေခါက္ခ်ိဳး ဖုန္းေတြလို ေဒါင္လိုက္ ေခါက္ခ်ိဳးႏုိင္တဲ့ ၆.၂ လက္မ ဖုန္းကို ဖန္တီးေနၿပီး အလားတူ ဒီဇိုင္းပါတဲ့  Motorola Razr ရဲ႕ သတင္းေတြလည္း ထြက္ေနပါတယ္။ ကိုရီးယား မီဒီယာေတြက Samsung ဟာ Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ ဖုန္းကို ဖန္တီးေနၿပီး ေဒါင္လိုက္ ေခါက္ခ်ိဳးႏုိင္တဲ့ ဒီဇိုင္းျဖစ္တယ္လို႔ မၾကာခဏ ေရးသားေနၾကပါတယ္။ အဲဒီဖုန္းမွာ ၆.၇ လက္မ မ်က္ႏွာျပင္ပါမယ္လို႔ သတင္းထြက္ေနပါတယ္။

LetsGo Digital က Samsung ဟာ WIPO (World Intellectual Property Office) မွာ ေဒါင္လိုက္ေခါက္ခ်ိဳး ဖုန္း ဒီဇိုင္းကို မွတ္ပံုတင္ထားတယ္လို႔ ေျပာပါတယ္။ ပံုၾကမ္းေတြမွာ  ေခါက္ခ်ိဳး ဒီဇိုင္းကို  ေလ့လာႏုိင္ၿပီး ဖုန္းဟာ ေဒါင္လိုက္ အျပင္ဘက္ကို ေခါက္ခ်ိဳးတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ အရင္သတင္းေတြအရ အဲဒီဖုန္းရဲ႕ ေခါက္ခ်ိဳး မ်က္ႏွာျပင္ကို ႏို၀င္ဘာလမွာ အမ်ားအျပား စတင္ ထုတ္လုပ္မွာ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။

ေခါက္ခ်ိဳးဖုန္း အျပင္ဘက္မွာ အခ်ိန္၊ ရက္စြဲနဲ႔ Notifications Icons ေတြကို ျပသေပးတဲ့ အရြယ္ေသး ၁ လက္မ မ်က္ႏွာျပင္ ၁ ခုလည္း ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အဲဒီဖုန္းဟာ လက္ရွိ ေခါက္ခ်ိဳးဖုန္းေတြထက္ ဒီဇိုင္း ေကာင္းၿပီး ထုတ္လုပ္မႈ ကုန္က်စားရိတ္ သက္သာမွာ ျဖစ္ပါတယ္။ Samsung က မ်က္ႏွာျပင္ ဧရိယာ ႀကီးတာထက္ ကိုင္ရတာ သက္ေတာင့္သက္သာ ျဖစ္ေအာင္ ျပဳလုပ္မယ္လို႔ သတင္းထြက္ေနပါတယ္။

လက္ရွိ Galaxy Fold ကို လာမယ့္လမွာ ေရာင္းမယ္လို႔ သတင္းထြက္ေနၿပီး ျဖန္႔ထားရင္ တက္ဘလက္ ၁ လံုးလို အသံုးျပဳႏုိင္ပါတယ္။ Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ကေတာ့ က်စ္လစ္ၿပီး အိတ္ကပ္ထဲေတာင္ ထည့္သြားႏုိင္ပါတယ္။ ျဖန္႔လိုက္ရင္ အရြယ္ႀကီး ၆.၇ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္ပါတယ္။

Ref : phonearena, gsmarena

[Unicode]

ဒေါင်လိုက် ခေါက်ချိုး ဖုန်း ဖန်တီးနေတဲ့ Samsung

Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ စာအုပ်လို ခေါက်ချိုး သုံးနိုင်တဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်။ တခြား ခေါက်ချိုး ဖုန်း ဒီဇိုင်း ၁ ခုကိုလည်း ကုမ္ပဏီတွေက ဖန်တီးနေကြပါတယ်။ Sharp က ဟိုးအရင်က ခေါက်ချိုး ဖုန်းတွေလို ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ၆.၂ လက်မ ဖုန်းကို ဖန်တီးနေပြီး အလားတူ ဒီဇိုင်းပါတဲ့ Motorola Razr ရဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ကိုရီးယား မီဒီယာတွေက Samsung ဟာ Galaxy Fold ရဲ့ မျိုးဆက်သစ် ဖုန်းကို ဖန်တီးနေပြီး ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းဖြစ်တယ်လို့ မကြာခဏ ရေးသားနေကြပါတယ်။ အဲဒီဖုန်းမှာ ၆.၇ လက်မ မျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။

LetsGo Digital က Samsung ဟာ WIPO (World Intellectual Property Office) မှာ ဒေါင်လိုက်ခေါက်ချိုး ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်ထားတယ်လို့ ပြောပါတယ်။ ပုံကြမ်းတွေမှာ ခေါက်ချိုး ဒီဇိုင်းကို လေ့လာနိုင်ပြီး ဖုန်းဟာ ဒေါင်လိုက် အပြင်ဘက်ကို ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရင်သတင်းတွေအရ အဲဒီဖုန်းရဲ့ ခေါက်ချိုး မျက်နှာပြင်ကို နိုဝင်ဘာလမှာ အများအပြား စတင် ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။

ခေါက်ချိုးဖုန်း အပြင်ဘက်မှာ အချိန်၊ ရက်စွဲနဲ့ Notifications Icons တွေကို ပြသပေးတဲ့ အရွယ်သေး ၁ လက်မ မျက်နှာပြင် ၁ ခုလည်း ပါမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းဟာ လက်ရှိ ခေါက်ချိုးဖုန်းတွေထက် ဒီဇိုင်း ကောင်းပြီး ထုတ်လုပ်မှု ကုန်ကျစားရိတ် သက်သာမှာ ဖြစ်ပါတယ်။ Samsung က မျက်နှာပြင် ဧရိယာ ကြီးတာထက် ကိုင်ရတာ သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်မယ်လို့ သတင်းထွက်နေပါတယ်။

လက်ရှိ Galaxy Fold ကို လာမယ့်လမှာ ရောင်းမယ်လို့ သတင်းထွက်နေပြီး ဖြန့်ထားရင် တက်ဘလက် ၁ လုံးလို အသုံးပြုနိုင်ပါတယ်။ Galaxy Fold ရဲ့ မျိုးဆက်သစ်ကတော့ ကျစ်လစ်ပြီး အိတ်ကပ်ထဲတောင် ထည့်သွားနိုင်ပါတယ်။ ဖြန့်လိုက်ရင် အရွယ်ကြီး ၆.၇ လက်မ မျက်နှာပြင်ကို သုံးနိုင်ပါတယ်။

Ref : phonearena, gsmarena