[Zawgyi]

စမတ္ဖုန္းေတြမွာ Notch ေတြထားေတာ့ ခ်ိဳ (ဂ်ိဳ) နဲ႔မို႔ၾကည့္မေကာင္းဘူး၊ မ်က္ႏွာျပင္အျပည့္မျဖစ္ဘူးဆိုၿပီး Notch ေပ်ာက္ေအာင္ ႀကိဳးစားၾကျပန္ပါတယ္။ Notch ေပ်ာက္ျပန္ေတာ့လည္း ေဈးကႀကီးျပန္ေတာ့ ေဈးသက္သာၿပီး Notch မပါတဲ့ မ်က္ႏွာျပင္အျပည့္ကိုရဖို႔ နည္းလမ္းရွာၾကရျပန္ပါတယ္။ Samsung ကလည္း ကပ္သီးကပ္သပ္ နည္းလမ္းေတြ ရွာခဲ့ဖူးပါတယ္။

Samsung က ဒီဇိုင္းမူပိုင္ခြင္တင္ထားတဲ့ပုံကို LestGoDigital က ေဖာ္ျပလိုက္ေတာ့ ဟာခနဲ ျဖစ္သြားရပါတယ္။ Notch နဲ႔ စမတ္ဖုန္းေတြကိုၾကည့္ရတာ ခ်ိဳၾကည့္ၾကည့္ေနသလိုခံစားရတယ္ဆိုရင္ Samsung ရဲ႕ ေျပာင္းျပန္ Notch ဒီဇိုင္းက ဘုၾကည့္ၾကည့္တယ္လို႔ ခံစားရပါလိမ့္မယ္။ Notch ကို မ်က္ႏွာျပင္အတြင္းမွာ မထားဘဲ အျပင္ဘက္ကို ထုတ္လိုက္ေတာ့ စမတ္ဖုန္းရဲ႕ အေပၚဘက္မွာ ေနရာသပ္သပ္ထြက္သြားၿပီး ေခါင္းမွာ ဘုထြက္ေနသလိုပဲ ခံစားလိုက္ရပါတယ္။

အခုျမင္ေတြ႕ရတဲ့ ဒီဇိုင္းမူပိုင္ခြင့္ပုံက KIPO (ကိုရီးယား ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး) ကို လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္တုန္းက ေလွ်ာက္ထားခဲ့တာပါ။ အခုထိေတာ့ Notch ေျပာင္းျပန္နဲ႔ Samsung စမတ္ဖုန္းဆိုၿပီး ဘာသံမွ မၾကားရေသးပါဘူး။ ဒါေၾကာင့္ ကိုရီးယားနည္းပညာကုမၸဏီႀကီးက ဒီလိုမ်ိဳး Notch ေျပာင္းျပန္ဒီဇိုင္းကို ဆက္ၿပီးအေကာင္အထည္မေဖာ္ခဲ့ဘူးလို႔ပဲ မွတ္ယူရပါတယ္။

မ်က္ႏွာျပင္ျပည့္ျဖစ္ခ်င္လို႔ Notch ကိုေျပာင္းျပန္ထားတဲ့ဒီဇိုင္းဟာ Samsung ကပဲ ႀကံစည္ဖူးတာ မဟုတ္ပါဘူး။ Xiaomi ကလည္း ဒီလိုမ်ိဳး Notch ေျပာင္းျပန္နဲ႔ဒီဇိုင္းကို ႀကံစည္ခဲ့ဖူးပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ waterdrop notch ေတြ၊ Punch-hole ေတြဟာ မ်က္ႏွာျပင္မွာ ေနရာသိပ္မယူဘဲ ဒီဇိုင္းအားျဖင့္လည္း လွတယ္လို႔ ဆိုရမွာပါ။ ဒီလိုေျပာေပမယ့္လည္း Notch ေျပာင္းျပန္ဒီဇိုင္းနဲ႔ စမတ္ဖုန္းေတြ တကယ္ထြက္မလာဘူးလို႔လည္း တရားေသမွတ္ယူထားလို႔မရပါဘူး။

Ref: GSM Arena

[Unicode]

Notch ပြောင်းပြန်ဒီဇိုင်းကို မူပိုင်ခွင့်တင်ခဲ့ဖူးတဲ့ Samsung

စမတ်ဖုန်းတွေမှာ Notch တွေထားတော့ ချို (ဂျို) နဲ့မို့ကြည့်မကောင်းဘူး၊ မျက်နှာပြင်အပြည့်မဖြစ်ဘူးဆိုပြီး Notch ပျောက်အောင် ကြိုးစားကြပြန်ပါတယ်။ Notch ပျောက်ပြန်တော့လည်း ဈေးကကြီးပြန်တော့ ဈေးသက်သာပြီး Notch မပါတဲ့ မျက်နှာပြင်အပြည့်ကိုရဖို့ နည်းလမ်းရှာကြရပြန်ပါတယ်။ Samsung ကလည်း ကပ်သီးကပ်သပ် နည်းလမ်းတွေ ရှာခဲ့ဖူးပါတယ်။

Samsung က ဒီဇိုင်းမူပိုင်ခွင်တင်ထားတဲ့ပုံကို LestGoDigital က ဖော်ပြလိုက်တော့ ဟာခနဲ ဖြစ်သွားရပါတယ်။ Notch နဲ့ စမတ်ဖုန်းတွေကိုကြည့်ရတာ ချိုကြည့်ကြည့်နေသလိုခံစားရတယ်ဆိုရင် Samsung ရဲ့ ပြောင်းပြန် Notch ဒီဇိုင်းက ဘုကြည့်ကြည့်တယ်လို့ ခံစားရပါလိမ့်မယ်။ Notch ကို မျက်နှာပြင်အတွင်းမှာ မထားဘဲ အပြင်ဘက်ကို ထုတ်လိုက်တော့ စမတ်ဖုန်းရဲ့ အပေါ်ဘက်မှာ နေရာသပ်သပ်ထွက်သွားပြီး ခေါင်းမှာ ဘုထွက်နေသလိုပဲ ခံစားလိုက်ရပါတယ်။

အခုမြင်တွေ့ရတဲ့ ဒီဇိုင်းမူပိုင်ခွင့်ပုံက KIPO (ကိုရီးယား ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး) ကို လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက လျှောက်ထားခဲ့တာပါ။ အခုထိတော့ Notch ပြောင်းပြန်နဲ့ Samsung စမတ်ဖုန်းဆိုပြီး ဘာသံမှ မကြားရသေးပါဘူး။ ဒါကြောင့် ကိုရီးယားနည်းပညာကုမ္ပဏီကြီးက ဒီလိုမျိုး Notch ပြောင်းပြန်ဒီဇိုင်းကို ဆက်ပြီးအကောင်အထည်မဖော်ခဲ့ဘူးလို့ပဲ မှတ်ယူရပါတယ်။

မျက်နှာပြင်ပြည့်ဖြစ်ချင်လို့ Notch ကိုပြောင်းပြန်ထားတဲ့ဒီဇိုင်းဟာ Samsung ကပဲ ကြံစည်ဖူးတာ မဟုတ်ပါဘူး။ Xiaomi ကလည်း ဒီလိုမျိုး Notch ပြောင်းပြန်နဲ့ဒီဇိုင်းကို ကြံစည်ခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် waterdrop notch တွေ၊ Punch-hole တွေဟာ မျက်နှာပြင်မှာ နေရာသိပ်မယူဘဲ ဒီဇိုင်းအားဖြင့်လည်း လှတယ်လို့ ဆိုရမှာပါ။ ဒီလိုပြောပေမယ့်လည်း Notch ပြောင်းပြန်ဒီဇိုင်းနဲ့ စမတ်ဖုန်းတွေ တကယ်ထွက်မလာဘူးလို့လည်း တရားသေမှတ်ယူထားလို့မရပါဘူး။

Ref: GSM Arena