[Zawgyi]

အေရွ႕ဘက္မ်က္ႏွာျပင္တစ္ခုတည္းမဟုတ္ဘဲ ေက်ာဘက္မွာလည္း မ်က္ႏွာျပင္ အပိုတစ္ခုပါတဲ့ စမတ္ဖုန္းဆိုရင္ Vivo NEX ကို အရင္ဦးဆုံး ၫႊန္ျပရမယ္ထင္ပါတယ္။ ေနာက္တစ္ခုက လာမယ့္လမွာ ကမာၻ႔ေဈးကြက္ကို ျဖန႔္မယ္ဆိုတဲ့ Nubia Z20 ကိုလည္း ၫႊန္ျပရဦးမွာပါ။

ကမာၻ႔စမတ္ဖုန္းထုတ္လုပ္မႈမွာ ဦးေဆာင္ျဖစ္ေနတဲ့ Samsung ကလည္း သူတို႔ရဲ႕ စမတ္ဖုန္းမွာ မ်က္ႏွာျပင္ႏွစ္ဖက္ ထည့္သြင္းေပးဖို႔ ႀကိဳးစားေနေၾကာင္း သတင္းထြက္လာပါတယ္။ အခုထြက္လာတဲ့ ပုံရိပ္ေတြက Concept renders ေတြပဲဆိုေပမယ့္ တကယ္အေကာင္အထည္ေပၚမလာဘူးလို႔လည္း တပ္အပ္မေျပာႏိုင္ပါဘူး။

မ်က္ႏွာျပင္ႏွစ္ခု ထည့္သြင္းလိုက္တဲ့ အားသာခ်က္ကေတာ့ အေရွ႕ဘက္မွာ Selfie ကင္မရာ သပ္သပ္ထည့္သြင္းစရာ မလိုေတာ့ဘဲ မ်က္ႏွာျပင္အတြက္ ေနရာအျပည့္ရသြားပါတယ္။ ၿပီးေတာ့ Selfie ႐ိုက္တဲ့အခါမွာလည္း အပိုထည့္သြင္းေပးလိုက္တဲ့ ဒုတိယမ်က္ႏွာျပင္ကိုအသုံးခ်ၿပီး ရွိၿပီးသား ေက်ာဘက္ကင္မရာေတြနဲ႔ အရည္အေသြးေကာင္းတဲ့ ဓါတ္ပုံေတြ ႐ိုက္လို႔ရသြားပါလိမ့္မယ္။

Samsung ဟာ Selfie ကင္မရာ သပ္သပ္မထည့္ရတဲ့ နည္းလမ္းကို Galaxy A80 နဲ႔ စမ္းသပ္ၿပီးပါၿပီ။ ဒါေပမယ့္လည္း မ်က္ႏွာျပင္ႏွစ္ခုနဲ႔ ဒီဇိုင္းကို မူပိုင္ခြင့္ တင္ထားတာလည္း ရွိေနပါေသးတယ္။ မ်က္ႏွာျပင္ႏွစ္ဖက္ဟာ Galaxy S11 အတြက္ျဖစ္လာႏိုင္မလားလို႔ ေမးၾကေပမယ့္္ အစဥ္အလာရွိတဲ့ Flagship အတြက္ဆိုရင္ေတာ့ ဒီလိုပုံစံက နည္းနည္းခြတီးခြက်ႏိုင္တဲ့ အေတြးလို႔ ဆိုရမွာပါ။ ဒါေၾကာင့္ Galaxy A ေတြထဲမွာပဲ ေတြ႕ျမင္ရဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။

Ref: Phone Arena

[Unicode]

မျက်နှာပြင်နှစ်ခုနဲ့ စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ Samsung

အရှေ့ဘက်မျက်နှာပြင်တစ်ခုတည်းမဟုတ်ဘဲ ကျောဘက်မှာလည်း မျက်နှာပြင် အပိုတစ်ခုပါတဲ့ စမတ်ဖုန်းဆိုရင် Vivo NEX ကို အရင်ဦးဆုံး ညွှန်ပြရမယ်ထင်ပါတယ်။ နောက်တစ်ခုက လာမယ့်လမှာ ကမ္ဘာ့ဈေးကွက်ကို ဖြန့်မယ်ဆိုတဲ့ Nubia Z20 ကိုလည်း ညွှန်ပြရဦးမှာပါ။

ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုမှာ ဦးဆောင်ဖြစ်နေတဲ့ Samsung ကလည်း သူတို့ရဲ့ စမတ်ဖုန်းမှာ မျက်နှာပြင်နှစ်ဖက် ထည့်သွင်းပေးဖို့ ကြိုးစားနေကြောင်း သတင်းထွက်လာပါတယ်။ အခုထွက်လာတဲ့ ပုံရိပ်တွေက Concept renders တွေပဲဆိုပေမယ့် တကယ်အကောင်အထည်ပေါ်မလာဘူးလို့လည်း တပ်အပ်မပြောနိုင်ပါဘူး။

မျက်နှာပြင်နှစ်ခု ထည့်သွင်းလိုက်တဲ့ အားသာချက်ကတော့ အရှေ့ဘက်မှာ Selfie ကင်မရာ သပ်သပ်ထည့်သွင်းစရာ မလိုတော့ဘဲ မျက်နှာပြင်အတွက် နေရာအပြည့်ရသွားပါတယ်။ ပြီးတော့ Selfie ရိုက်တဲ့အခါမှာလည်း အပိုထည့်သွင်းပေးလိုက်တဲ့ ဒုတိယမျက်နှာပြင်ကိုအသုံးချပြီး ရှိပြီးသား ကျောဘက်ကင်မရာတွေနဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်လို့ရသွားပါလိမ့်မယ်။

Samsung ဟာ Selfie ကင်မရာ သပ်သပ်မထည့်ရတဲ့ နည်းလမ်းကို Galaxy A80 နဲ့ စမ်းသပ်ပြီးပါပြီ။ ဒါပေမယ့်လည်း မျက်နှာပြင်နှစ်ခုနဲ့ ဒီဇိုင်းကို မူပိုင်ခွင့် တင်ထားတာလည်း ရှိနေပါသေးတယ်။ မျက်နှာပြင်နှစ်ဖက်ဟာ Galaxy S11 အတွက်ဖြစ်လာနိုင်မလားလို့ မေးကြပေမယ့်် အစဉ်အလာရှိတဲ့ Flagship အတွက်ဆိုရင်တော့ ဒီလိုပုံစံက နည်းနည်းခွတီးခွကျနိုင်တဲ့ အတွေးလို့ ဆိုရမှာပါ။ ဒါကြောင့် Galaxy A တွေထဲမှာပဲ တွေ့မြင်ရဖွယ်ရှိတယ်လို့ ဆိုရမှာပါ။

Ref: Phone Arena